Head of Department

Dr Than Htaik

Contact Phone

+95 424534945

Contact Mail

phmyanmar@patheinuniversity.edu.mm

———————————————————————————————————

 

———————————————————————————————————

Faculty Members

  • Professors (2)
  • Associate Professors (4)
  • Lecturers (33)
  • Assistant Lecturers (6)
  • Tutors (3)

List of Conferred Degrees of the Teachers

  • List of PhD (8)
  • List of M.Res (29)
  • List of M.A (11)

Degrees Available (Day Students)

  • BA (Myanmar)
  • BA (Honours Myanmar)
  • MA (Myanmar)

Degrees Available (Distance Education Students)

BA (Myanmar)

——————————————————————————————————— 

Sr. Title Researcher 1 Researcher 2 Researcher 3 Specialization Field of Research
Name Name Name
1 “ဆင်” စကားလုံးဖြင့် ပြောဆိုနေသော မြန်မာဝေါဟာရများ လေ့လာချက် Myint Myint San Literature Literature
2 ဆန့်ကျင်ဖက်တွဲလုံးဖြင့် ပြောဆိုနေသော စကားအလှများ လေ့လာချက် Kyu Kyu Literature Literature
3 ဂီတနက်သန် ကိုစောညိန်း၏ သီချင်းများမှ စကားလုံးဖွဲ့စပ်ပုံ လေ့လာချက် San San Wai Literature Literature
4 မြန်မာ့လူမှုနယ်ပယ်တွင် အသုံးနည်းစပြုလာသော အသုံးအနှုန်းအချို့ လေ့လာချက် Tin Tun Naing Language Language

——————————————————————————————————— 

Curriculum for History Specialization

1 First Year (BA)
2 Second Year (BA)
3 Third Year (BA)
4 Fourth Year (BA)
5 First Year (Honours)
6 Second Year (Honours)
7 Third Year (Honours)
8 MA Qualification
9 First Year (MA) (Lang)
10 First Year (MA) (Lict)
1 First Year (BA)

ပထမနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

မ၁၀၀၁

မြန်မာစာ

3

2

2

Eng 1001

English

3

2

2

မ၁၁၀၁

စာပေယဉ်ကျေးမှုဆောင်းပါးများ၊မေတ္တာစာ

4

3

2

မ၁၁၀၂

အချင်းကဗျာများ

4

3

2

OS 1001

Fundamentals of the Pali Language

3

2

2

AM 1001

မြန်မာ့ရေးရာ (Aspects of Myanmar)

3

2

2

 

Total

20

14

12

Total credit – 20 pts

Total hrs - 26

 

Foundation Courses

မ ၁၀၀၁ (၃) မြန်မာစာ

Eng 1001 (3) English

Core Courses

မ၁၁၀၁ (၄) စာပေယဉ်ကျေးမှုဆောင်းပါးများ၊မေတ္တာစာ

မ၁၁၀၂ (၄) အချင်းကဗျာများ

(မှတ်ချက် - Core Courses တွင် Local needs အရတက္ကသိုလ်အလိုက်သင်ရိုးများထည့်သွင်းသင်ကြားရန်)

Elective Courses for Other Specializations

မ၁၀၀၃ (၃) မြန်မာ့ဇာတိမာန်စာပေ (၁)

မ၁၀၀၄ (၃) မြန်မာစကားပုံနှင့်ဆိုရိုးစကားများ (၁)

မ၁၀၀၅ (၃) မြန်မာ့ရိုးရာပုံပြင် (၁)

Elective Courses for Myanmar Specialization

AM – 1001 – (3) မြန်မာ့ရေးရာ(Aspects of Myanmar)

(အောက်ပါတို့မှနှစ်သက်ရာသင်ရိုးတစ်ခုယူရန်)

OS      1001 (3) Fundamentals of the Pali Language

OS      1002 (3) Fundamentals of the Sanskrit Language

Phil    1001 (3) Logic in Practice 1

Hist    1001 (3) Introduction to Myanmar Civilization 1

Anth   1001 (3) Introduction to General Anthropology (1)

Anth   1002 (3) Introduction to Cultural Anthropology (1)

Psy     1002 (3) Child Psychology

Geog  1003 (3) Geography of South East Asian Countries

LI       1001 (3) Information Sources of Library (Part 1)

LI       1002 (3) Data Finding Methods (Part 1)

 

မြန်မာစာ

Module No. မ၁၀၀၁

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် ပထမနှစ် ဝိဇ္ဇာ သိပ္ပံအထူးပြုဘာသာရပ်အားလုံးအတွက် မသင်မနေရ ပြဋ္ဌာန်းထားသော မြန်မာစာသင်ရိုးဖြစ်သည်။ ဤသင်ရိုးတွင် စကားပြေ၊ ကဗျာနှင့် ဘာသာစကားဟူသည့် ကဏ္ဍသုံးရပ်ကို လေ့လာရမည်။ စကားပြေကဏ္ဍတွင် သုတ၊ ရသ စကားပြေကောင်းတို့၏ အကြောင်းအရာနှင့် ရေးသားပုံတို့ကို အလေးပေး လေ့လာရမည်။ ကဗျာကဏ္ဍတွင် စာပေသမိုင်းခေတ်အလိုက် ရွေးချယ်ကောက်နုတ်ထားသော ကဗျာများ၏ အကြောင်းအရာနှင့် အရေးအဖွဲ့ကို ဆန်းစစ်လေ့လာရမည်။ ကဗျာကောင်းတို့၏ဂုဏ်ကို ဖော်ထုတ်တတ်စေရန် ဦးတည် လေ့လာရမည်။ ဘာသာစကားကဏ္ဍတွင် မြန်မာစာ စာလုံးပေါင်းသတ်ပုံဆိုင်ရာ၊ မြန်မာစာ မြန်မာစကားဆိုင်ရာ သိမှတ်ဖွယ်ရာများကို လေ့လာသင်ယူရမည်ဖြစ်ပြီး အခြေခံစာပေအရေးအသားအချို့ကို လက်တွေ့လေ့ကျင့် သင်ယူလေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • စကားပြေနှင့် ကဗျာဟူသည့် စာပေ၏ အခြေခံပုံစံနှစ်မျိုးကို လေ့လာအကဲဖြတ် တတ်လာမည်။
  • စကားပြေကောင်းနှင့် ကဗျာကောင်းတို့၏သဘောကို သိမြင်လာမည်။
  • မြန်မာဘာသာစကားဆိုင်ရာ သိမှတ်လိုက်နာဖွယ်များကို သိရှိနိုင်မည်။

 

စာပေယဉ်ကျေးမှုဆောင်းပါးများ၊မေတ္တာစာ

Module No. မ၁၁၀၁

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် စာပေယဉ်ကျေးမှုဆောင်းပါးများနှင့် မေတ္တာစာများဟူ၍ အပိုင်းနှစ်ပိုင်း လေ့လာရမည်။ စာပေယဉ်ကျေးမှု ဆောင်းပါးများတွင် ဇေယျဆောင်းပါးများနှင့် သိပ္ပံမောင်ဝ၏ ဆောင်းပါးများ(ခေတ်စမ်းစာပေအထွေထွေ)မှ ရွေးချယ်ကောက်နုတ်ထားသော ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများနှင့် စာပေဆိုင်ရာဆောင်းပါးများ၏ အကြောင်းအရာနှင့် အရေးအသားတို့ကို ဆန်းစစ်လေ့လာရမည်။ ထို့ပြင် ဆောင်းပါးစကားပြေ၏ သဘောသဘာဝ၊ လက္ခဏာရပ်များကို လေ့လာဖော်ထုတ်လျက် ဝေဖန်သုံးသပ်တတ်စေရန် ဦးတည်လေ့လာရမည်။ ရှေးစာပေအဖွဲ့အနွဲ့တစ်ရပ်ဖြစ်သည့် မေတ္တာစာများကို လေ့လာရာတွင် မေတ္တာစာ၏ သဘောသဘာဝနှင့် ရေးသားပုံတို့ကို ဆန်းစစ် လေ့လာကြရမည်။ စာပေတန်ဖိုးကို ဖော်ထုတ်အကဲဖြတ် တတ်စေရန် ဦးတည်လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • မြန်မာစာပေပညာရှင်များ၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ အတွေးအမြင်များကို လေ့လာသိရှိနိုင်မည်။
  • ဆောင်းပါး၏ သဘောသဘာဝကို သိမြင်လာမည်။
  • ရှေးစာပေအဖွဲ့အနွဲ့တစ်ခုဖြစ်သည့် မေတ္တာစာ၏ အကြောင်းအရာသဘော၊ ရေးဖွဲ့ပုံသဘောတို့ကို လေ့လာသိမြင်နိုင်မည်။

 

အချင်းကဗျာများ

Module No. မ၁၁၀၂

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် အချင်းကဗျာနှင့် ဗဟုသုတဖတ်စာဟူသည့် ကဏ္ဍနှစ်ရပ်ကို လေ့လာရမည်ဖြစ်သည်။ အချင်းကဗျာကဏ္ဍတွင် ကာချင်း၊ တျာချင်း၊ အိုင်ချင်း၊ အဲချင်း၊ ဒုံးချင်း၊ ညည်းချင်း၊ လွမ်းချင်း၊ ဟန်ချင်းဟူသော အချင်းကဗျာရှစ်မျိုးတို့၏ အကြောင်းအရာနှင့် ရေးသားဖွဲ့ဆိုပုံတို့ကို လေ့လာကြရမည်။ ဗဟုသုတဖတ်စာကဏ္ဍတွင် ဟံသာဝတီဆုံးမစာပေါင်းချုပ်မှ ဆုံးမစာများကို လေ့လာရပါမည်။ မြန်မာ့လူ့ဘောင်၏ မှတ်သား လိုက်နာဖွယ် အဆုံးအမများကို မှတ်သားလေ့လာကြရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • အချင်းကဗျာတို့၏ သဘောသဘာဝကို သိရှိပြီး ရှေးခေတ် မြန်မာတို့၏ စစ်ရေး၊ စီပွားရေး၊ အချစ်ရေး၊ လူမှုရေး၊ အထွေထွေကို ထင်ဟပ်မြင်တွေ့ရမည်။
  • အချင်းကဗျာရေးဖွဲ့ပုံနှင့် အရေးအဖွဲ့စွမ်းရည်ကို လေ့လာအကဲဖြတ် သုံးသပ်တတ်လာမည်။
  • လူငယ်လူရွယ်တို့အတွက် သတိပြုရှောင်ကြဉ်ဖွယ်၊ လိုက်နာဖွယ်အချက်များ၊ ဗဟုသုတများရရှိနိုင်ပါသည်။

-----------------------------------------------------------------------------

ဒုတိယနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

မ၁၀၀၂

မြန်မာစာ

3

2

2

Eng 1002

English

3

2

2

မ၁၁၀၃

ဘာသာဆောင်းပါးများ၊ဘာသာပြန်

4

3

2

မ၁၁၀၄

ကဗျာ (ပျို့)

4

3

2

OS 1007

Pali Literature

3

2

2

AM 1002

မြန်မာ့ရေးရာ (Aspects of Myanmar)

3

2

2

 

Total

20

14

12

Total credit – 20 pts

Total hrs - 26

 

Foundation Courses

မ၁၀၀၂ (၃) မြန်မာစာ

Eng 1002 (3) English

Core Courses

မ၁၁၀၃ (၄) ဘာသာဆောင်းပါးများ၊ဘာသာပြန်

မ၁၁၀၄ (၄) ကဗျာ (ပျို့)

(မှတ်ချက် - Core Courses တွင် Local needs အရတက္ကသိုလ်အလိုက်သင်ရိုးများထည့်သွင်းသင်ကြားရန်)

Elective Courses for Other Specializations

မ၁၀၀၆ (၃) မြန်မာ့ဇာတိမာန်စာပေ (၂)

မ၁၀၀၇ (၃) မြန်မာစကားပုံနှင့်ဆိုရိုးစကားများ (၂)

မ၁၀၀၈ (၃) မြန်မာ့ရိုးရာပုံပြင် (၂)

Elective Courses for Myanmar Specialization

AM – 1002 – (3) မြန်မာ့ရေးရာ(Aspects of Myanmar)

(အောက်ပါတို့မှနှစ်သက်ရာသင်ရိုးတစ်ခုယူရန်)

OS      1005 (3) Pali Language

OS      1006 (3) Sanskrit Language

OS      1007 (3) Pali Literature

Phil    1003 (3) Logic in Practice II

Hist    1004 (3) Introduction to Myanmar Civilization II

Anth   1003 (3) Introduction to General Anthropology (II)

Anth   1004 (3) Introduction to Cultural Anthropology (II)

Psy     1005 (3) Understanding Human Interaction

Geog  1004 (3) Geography of Myanmar

LI       1003 (3) Information Sources of Library (Part II)

LI       1004 (3) Data Finding Methods (Part II)

 

မြန်မာစာ

Module No. မ၁၀၀၂

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် ပထမနှစ် ဝိဇ္ဇာ သိပ္ပံအထူးပြုဘာသာရပ်အားလုံးအတွက် မသင်မနေရ ပြဋ္ဌာန်းထားသော မြန်မာစာသင်ရိုးဖြစ်သည်။ ဤသင်ရိုးတွင် စကားပြေ၊ ကဗျာနှင့် ဘာသာစကားဟူသည့် ကဏ္ဍသုံးရပ်ကို လေ့လာရမည်။ စကားပြေကဏ္ဍတွင် သုတ၊ ရသ စကားပြေကောင်းတို့၏ အကြောင်းအရာနှင့် ရေးသားပုံတို့ကို အလေးပေး လေ့လာရမည်။ ကဗျာကဏ္ဍတွင် စာပေသမိုင်းခေတ်အလိုက် ရွေးချယ်ကောက်နုတ်ထားသော ကဗျာများ၏ အကြောင်းအရာနှင့် အရေးအဖွဲ့ကို ဆန်းစစ်လေ့လာရမည်။ ကဗျာကောင်းတို့၏ဂုဏ်ကို ဖော်ထုတ်တတ်စေရန် ဦးတည်လေ့လာရမည်။ ဘာသာစကားကဏ္ဍတွင် မြန်မာဘာသာစကားဆိုင်ရာ သိမှတ်ဖွယ်ရာများကို လေ့လာသင်ယူရမည်ဖြစ်ပြီး ဘာသာပြန်လက်တွေ့နှင့် လုပ်ငန်းသုံးစာရေးသားပုံတို့ကို လေ့ကျင့် သင်ယူလေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • စကားပြေနှင့် ကဗျာဟူသည့် စာပေ၏ အခြေခံပုံစံနှစ်မျိုးကို လေ့လာအကဲဖြတ် တတ်လာမည်။
  • စကားပြေကောင်းနှင့် ကဗျာကောင်းတို့၏သဘောကို သိမြင်လာမည်။
  • မြန်မာဘာသာစကားဆိုင်ရာ သိမှတ်လိုက်နာဖွယ်များကို သိရှိနိုင်မည်။

 

ဘာသာဆောင်းပါးများ၊ ဘာသာပြန်

Module No. မ၁၁၀၃

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာဆောင်းပါးများနှင့် ဘာသာပြန်ဟု အပိုင်းနှစ်ပိုင်း လေ့လာသင်ယူရမည်။ ဘာသာဆောင်းပါးများအပိုင်းတွင် မြန်မာဘာသာစကားဆိုင်ရာ သိမှတ်ဖွယ်ရာဆောင်းပါးများကို လေ့လာရမည်။ ဆောင်းပါးစာပေ၏ အကြောင်းအရာအနှစ်သာရကို ဆည်းပူးနိုင်သကဲ့သို့ အရေးအသားကိုလည်း လေ့လာရမည်။ ဘာသာပြန်အပိုင်းတွင် ဘာသာပြန်လုပ်ငန်းဆိုင်ရာ သိမှတ်ဖွယ်ဟောပြောချက် များ သဘောတရားများကို လေ့လာရမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ လက်တွေ့ပြန်ဆိုခြင်းကို လေ့လာသင်ယူရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • မြန်မာဘာသာစကားဆိုင်ရာ သိမှတ်ဖွယ် ဗဟုသုတများကို ရရှိစေမည်။
  • ဆောင်းပါးစကားပြေ အရေးအသားနည်းနာများကို လေ့လာသိရှိ တတ်ကျွမ်းလာမည်။
  • ဘာသာပြန်လုပ်ငန်းဆိုင်ရာ ဗဟုသုတနှင့် လက်တွေ့ဘာသာပြန်ဆိုမှုအတွေ့အကြုံကို စနစ်တကျ ရရှိစေမည်။

 

ကဗျာ(ပျို့)

Module No. မ၁၁၀၄

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် သံဝရပျို့နှင့် ဗဟုသုတဖတ်စာဟူ၍ ကဏ္ဍနှစ်ရပ်ကို လေ့လာရမည်။ သံဝရပျို့နှင့်ပတ်သက်၍ ပျို့စာပိုဒ်များကို အခန်းများခွဲ၍ လေ့လာရမည်။ လောက၊ ဓမ္မ၊ ရာဇရေးဆိုင်ရာ အဆုံးအမများ၊ သံဝရမင်းသားနှင့် ဆရာအမတ်ကြီးတို့၏ စိတ်နေသဘောထားများ၊ မင်းမှုထမ်းတို့၏ဘဝ၊ နန်းတက်ပုံအစီအရင် အခမ်းအနားများ၊ အရေးအဖွဲ့ပိုင်းဆိုင်ရာ အချက်အလက်များတို့ကို လေ့လာရမည်။ ဗဟုသုတ ဖတ်စာကဏ္ဍတွင် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ရေးသားသော ဆောင်းပါးများကို စုစည်းဖော်ပြထားသည့် စာပေလောကစာအုပ်ကို လေ့လာရမည်။ လေးစားအပ်သော စာဆိုကြီးများ၏ စကားပြေ၊ ကဗျာ၊ ဝတ္ထု၊ အဘိဓာန်ကျမ်းများကို စာဖတ်သူတို့ သုတ ရသမြောက်အောင် မိတ်ဆက်ပေးထားသော ဆောင်းပါးကောင်းများကို လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • ကျောင်းသားလူငယ်တို့အတွက် ကျင့်ဆောင်ရန် နည်းနာများ၊ ရှောင်ကြဉ်ရန် အချက်များကို ဗဟုသုတ ရစေမည်။
  • အင်းဝခေတ် ထီးနန်းရေးရာနှင့် ပျို့စာပေ အရေးအဖွဲ့များ၏ သဘောသဘာဝစသည့် အချက်များကို လေ့လာသုံးသပ် သိမြင်ရမည်။
  • စာပေဆိုင်ရာ အကြောင်းအရာ၊ ဗဟုသုတ၊ ရသများကို စိတ်ဝင်စားဖွယ် လေ့လာသိရှိမှတ်သားနိုင်မည်။

 

မြန်မာ့ရေးရာ

Module No. AM 1002

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် စာပေ၊ ဘာသာစကား၊ မြန်မာ့အထင်ကရဒေသများ၊ မြန်မာ့ရိုးရာဓလေ့၊ မြန်မာ့ပညာရေးဟူသည့် ကဏ္ဍငါးရပ်ခွဲကာ လေ့လာရမည်။ စာပေကဏ္ဍတွင် စာပေယဉ်ကျေးမှု၊ မြန်မာ့ရသစာပေတို့၏ သမိုင်းကို လေ့လာရမည်။ ဘာသာစကားကဏ္ဍတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအစုအဖွဲ့အလိုက် ဘာသာစကားအမျိုးမျိုးကွဲပြားစွာ ရှိကြပုံ၊ မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများ၊ ဒေသိယစကားများ ကွဲပြားပုံတို့ကို လေ့လာရမည်။ မြန်မာနိုင်ငံ၏ အထင်ကရဒေသများကဏ္ဍတွင် မြန်မာ့သမိုင်းဝင် ရှေးဟောင်းမြို့များ၊ မြို့တော်များ၊ ထင်ရှားသော ဒေသများအကြောင်းကို လေ့လာရမည်။ ရိုးရာဓလေ့ကဏ္ဍတွင် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု၊ ရိုးရာပွဲတော်များ၊ ဓလေ့ထုံးစံ၊ အစားအစာများ၊ ရိုးရာကစားနည်းများ၊ ရိုးရာစကားထာများကို လေ့လာရမည်။ မြန်မာ့ပညာရေးကဏ္ဍတွင် ရှေးခေတ်မြန်မာ့ပညာရေး၊ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းပညာရေး၊ မျက်မှောက်ခေတ်ပညာရေးတို့ကို လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • တိုင်းရင်းသားမျိုးနွယ်စု အသီးသီးတွင် ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ တိုးတက်ပြောင်းလဲနေမှုကို သိမြင်နိုင်မည်။
  • ဒေသအလိုက် ကွဲပြားခြားနားသော ဘာသာစကားများ အကြောင်းကို ဗဟုသုတရစေပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးချစ်ကြည် ရင်းနှီးမှု ရစေမည်။
  • မြန်မာ့ပတ်ဝန်းကျင်၊ ဘာသာတရား၊ ယဉ်ကျေးမှုအဆင့်အတန်းကို လေးစားမြတ်နိုး တန်ဖိုးထားလိုစိတ်များ ဖြစ်ပေါ်စေမည်။

ခေတ်အဆက်ဆက် မြန်မာ့ပညာရေး၏ အခန်းကဏ္ဍကို လေ့လာသိမြင်နိုင်မည်။

2 Second Year (BA)

ပထမနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

Eng 2001

English

3

2

2

မ ၂၁၀၁

စကားပြေ

4

3

2

မ ၂၁၀၂

ပျို့

4

3

2

မ ၂၁၀၃

ဘာသာဆောင်းပါး၊စကားပြေအရေးအသား

4

3

2

OS 2005

PaliPhilology

3

2

2

Phil 2003

Aesthetics 1

3

2

2

 

Total

21

15

12

Total credit – 21pts

Total hrs - 27

 

Foundation Courses

Eng  2001 (3) English

မ ၂၀၀၁ (၃) မြန်မာစာ (အင်္ဂလိပ်စာအထူးပြုအတွက်)

Core Courses

မ ၂၁၀၁ (၄) စကားပြေ

မ ၂၁၀၂ (၄) ပျို့

မ ၂၁၀၃ (၄) ဘာသာဆောင်းပါး၊စကားပြေအရေးအသား

(မှတ်ချက် - Core Courses တွင် Local needs အရတက္ကသိုလ်အလိုက်သင်ရိုးများထည့်သွင်းသင်ကြားရန်)

Elective Courses for Other Specializations

မ ၂၀၀၃ (၃) မြန်မာ့ကျေးလက်တေးကဗျာများ (၁)

မ ၂၀၀၄ (၃) မြန်မာအမျိုးသမီးစာဆိုများနှင့်၎င်းတို့၏စာများ (၁)

မ ၂၀၀၅ (၃) မြန်မာကလေးစာပေ(၁)

မ ၂၀၀၆ (၃) မြန်မာစကားပြေအရေးအသားပုံစံများ (၁)

Elective Courses for Myanmar Specialization

(အောက်ပါတို့မှနှစ်သက်ရာသင်ရိုးနှစ်ခုယူရန်)

OS      2001 (3) Pali Language

OS      2003 (3) Pali Literature (Prose)

OS      2005 (3) PaliPhilology

Phil    2003 (3) Aesthetics 1

Psy     2001 (3) Language and Thought

Hist    2001 (3) History of Science and Technology 1

Hist    2002 (3) World History 1900 to Present 1

Anth   2001 (3) Physical Anthropology (1)

Anth   2002 (3) Socio-cultural Anthropology (1)

Anth   2003 (3) Myanmar Culture (1)

Anth   2004 (3) Ethnography of Myanmar (1)

Geog  2002 (3) Political Geography

Eng    2003 (3) Developing Communicative Skill

LI       2001 (3) Effective Use of Information Centre

LI       2002 (3) Libraries in Myanmar Society

 

စကားပြေ

Module No. မ၂၁၀၁

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် မြန်မာဝတ္ထုခေတ်ဦး ကာလပေါ်ဝတ္ထုဖြစ်သော ရွှေပြည်စိုးဝတ္ထုနှင့် စကားပြေရွေးချယ်ချက်များကို လေ့လာ သင်ယူရမည် ဖြစ်သည်။ စာပေဘာသာရပ်၏ ကဏ္ဍခွဲများဖြစ်သော ဝတ္ထုစကားပြေနှင့် သုတရသစကားပြေတို့ကို လေ့လာသုံးသပ် အကဲဖြတ် တတ်စေရန် ရည်ရွယ်သည်။ ဝတ္ထုစကားပြေကဏ္ဍတွင် မြန်မာဝတ္ထုခေတ်ဦး ကာလပေါ်ဝတ္ထုတို့၏ သဘော၊ ဝတ္ထုအင်္ဂါရပ်များ၊ ဝတ္ထုဖန်တီးမှု အတတ်ပညာများကို လေ့လာသင်ယူကြရမည်။ သုတ ရသ စကားပြေကဏ္ဍတွင် တောင်ငူခေတ်မှ မျက်မှောက်ခေတ်အထိ ကာလအတွင်း စကားပြေများမှ ရွေးချယ်ကောက်နုတ်ထားသော စကားပြေများ၏ အကြောင်းအရာ၊ အရေးအသားပြောင်းလဲလာပုံ၊ စကားပြေကောင်းတို့၏ လက္ခဏာရပ်များနှင့် စကားပြေအတတ်ပညာကိုလေ့လာဖော်ထုတ်တတ်လာစေရန် ဆည်းပူးလေ့လာ သင်ယူရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • ဝတ္ထုလေ့လာမှုကို အခြေခံကျကျ သိရှိနိုင်ပြီး မြန်မာဝတ္ထုခေတ်ဦး ကာလပေါ်ဝတ္ထုတို့၏ ဝတ္ထုဖန်တီးမှု အတတ်ပညာကို သိရှိနိုင်မည်။
  • စကားပြေလေ့လာမှုအပိုင်းတွင် ရှေးစကားပြေနှင့် ခေတ်စကားပြေတို့၏ အကြောင်းအရာ၊ အရေးအသားတို့ကို နှိုင်းယှဉ် လေ့လာသိရှိနိုင်မည်။
  • ဝတ္ထုစကားပြေနှင့် သုတ ရသစကားပြေ လေ့လာမှု အခြေခံကို ရရှိနိုင်မည်။

 

ပျို့

Module No. မ၂၁၀၂

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဥမ္မာဒန္တီပျို့ကဗျာ၏ ဇာတ်နိပါတ်နောက်ခံကျောရိုးတွင် လောကရေး၊ ရာဇရေး၊ ဓမ္မရေးရာ သိမှတ်ဖွယ်ရာ အဖြာဖြာဖြင့် တန်ဆာဆင်ထားသော အကြောင်းအရာဖွဲ့စည်းပုံကို လေ့လာရမည်။ အရေးအဖွဲ့ပိုင်းတွင် သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရတို့ဖြင့် တန်ဆာ ဆင်ပုံများ၊ ကဗျာကောင်းတို့၏ သဘောလက္ခဏာများ၊ ရှေးကဗျာတို့၏ သဘောသဘာဝများကို ဖော်ထုတ်လေ့လာ သင်ယူရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • မြန်မာ့ဂန္ထဝင် ကဗျာအဖွဲ့တစ်ခုဖြစ်သည့် ပျို့ကဗျာ၏ ဖန်တီးဖွဲ့ဆိုပုံကို လေ့လာသိရှိနိုင်မည်။
  • ကဗျာအကြောင်းအရာ၏ အနှစ်သာရ သုတအဖြာဖြာကို သိမြင်ရရှိစေမည်။
  • ကဗျာကောင်းတို့၏ ဂုဏ်ရည်များကို ဆန်းစစ်လေ့လာ ဖော်ထုတ်တတ်လာမည်။

 

ဘာသာဆောင်းပါး၊စကားပြေအရေးအသား

Module No. မ၂၁၀၃

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာဆောင်းပါးများနှင့် စကားပြေအရေးအသားများဟု ကဏ္ဍနှစ်ရပ်ကို လေ့လာသင်ယူရမည်။ ဘာသာဆောင်းပါး များကဏ္ဍတွင် မြန်မာဘာသာစကား၏ သဘောသဘာဝဆိုင်ရာဆောင်းပါးများ၊ မြန်မာဘာသာစကားနှင့် ဆက်စပ်နေသည့် အခြားဘာသာ စကားများနှင့်ဆိုင်သောဆောင်းပါးများ၊ မြန်မာဝေါဟာရဆိုင်ရာ သိမှတ်ဖွယ်ရာဆောင်းပါးများတို့ကို လေ့လာသင်ယူ ဆည်းပူးရမည်။ စကားပြေ အရေးအသားများကိုလည်း သင်ယူရမည်ဖြစ်ပြီး စာပေဗဟုသုတအဖြစ် မြန်မာစာပေသမိုင်းကြောင်းနှင့် မြန်မာစာပေခေတ်ဦး အင်းဝခေတ် ကဗျာများအကြောင်းကို ဆည်းပူးလေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • မြန်မာဘာသာစကားဆိုင်ရာ သိမှတ်ဖွယ် ဗဟုသုတများကို ရရှိမည်။
  • မြန်မာစာပေဆိုင်ရာ သိမှတ်ဖွယ် ဗဟုသုတများကိုလည်း ရရှိမည်။

-----------------------------------------------------------------------------

ဒုတိယနှစ်ဝက်ပညာသင်ကာလ

 

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

Eng 2002

English

3

2

2

မ ၂၁၀၄

ပြဇာတ်

4

3

2

မ ၂၁၀၅

မော်ကွန်း

4

3

2

မ ၂၁၀၆

ဘာသာစကား၊ဘာသာပြန်

4

3

2

OS 2008

PaliLiterature (Poetry)

3

2

2

Phil 2008

Aesthetics II

3

2

2

 

Total

21

15

12

Total credit – 21pts

Total hrs - 27

 

Foundation Courses

Eng 2002 (3) English

မ ၂၀၀၂ (၃) မြန်မာစာ (အင်္ဂလိပ်စာအထူးပြုအတွက်)

Core Courses

မ ၂၁၀၄ (၄) ပြဇာတ်

မ ၂၁၀၅ (၄) မော်ကွန်း

မ ၂၁၀၆ (၄) ဘာသာစကား၊ဘာသာပြန်

(မှတ်ချက် - Core Courses တွင် Local needs အရတက္ကသိုလ်အလိုက်သင်ရိုးများထည့်သွင်းသင်ကြားရန်)

Elective Courses for Other Specializations

မ ၂၀၀၇ (၃) မြန်မာ့ကျေးလက်တေးကဗျာများ (၂)

မ ၂၀၀၈ (၃) မြန်မာအမျိုးသမီးစာဆိုများနှင့်၎င်းတို့၏စာများ (၂)

မ ၂၀၀၉ (၃) မြန်မာကလေးစာပေ(၂)

မ ၂၀၁၀ (၃) မြန်မာစကားပြေအရေးအသားပုံစံများ (၂)

Elective Courses for Myanmar Specialization

 (အောက်ပါတို့မှနှစ်သက်ရာသင်ရိုးနှစ်ခုယူရန်)

OS      2006 (3) Pali Language

OS      2007 (3) Niti Literature

OS      2008 (3) PaliLiterature (Poetry)

Phil    2008 (3) Aesthetics II

Psy     2004 (3) Stress and Stress Management

Psy     2005 (3) Individual Social and Cultural Diversity in Pro and Anti-Social Behavior

Hist    2004 (3) History of Science and Technology II

Hist    2005 (3) World History 1900 to Present II

Anth   2005 (3) Physical Anthropology (II)

Anth   2006 (3) Socio-cultural Anthropology (II)

Anth   2007 (3) Myanmar Culture (II)

Anth   2008 (3) Ethnography of Myanmar (II)

Geog  2004 (3) Political Geography

Eng    2004 (3) Developing Communicative Skill

LI       2003 (3) Effective Use of Information Centre

LI       2004 (3) Libraries in Myanmar Society

 

ပြဇာတ်

Module No. မ၂၁၀၄

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် စာပေအနုပညာကဏ္ဍတစ်ရပ်ဖြစ်သော ပြဇာတ်စာပေကို လေ့လာရမည်။ ဤသင်ရိုးကို ရှေးပြဇာတ်နှင့် ခေတ်သစ်ပြဇာတ် ဟူ၍ နှစ်ပိုင်းလေ့လာရမည်။ ရှေးပြဇာတ်တွင် ကုန်းဘောင်ခေတ် မဟော်ပြဇာတ်နှင့် ခေတ်သစ်ပြဇာတ်တွင် မျက်မှောက်ခေတ်ပြဇာတ် ငါးပုဒ်ကို လေ့လာရမည်။ မြန်မာပြဇာတ်များ၏ ရည်ရွယ်ချက်၊ ပြဇာတ်ဖန်တီးမှုအတတ်ပညာနှင့် ပြဇာတ်ကောင်း တို့၏ လက္ခဏာများကို လေ့လာသင်ယူ ဆည်းပူးရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • ပြဇာတ်များ၏ အကျိုးပြုရည်ရွယ်ချက်
  • ရှေးပြဇာတ်များ၏ ယေဘုယျလက္ခဏာ
  • ရှေးပြဇာတ်များ၏ ကာရန်ချိတ်စကားပြေအရေးအသား
  • ခေတ်သစ်ပြဇာတ်များ၏ ရည်ရွယ်ချက်နှင့် ဖန်တီးပုံတို့ကို သိရှိနားလည်ပြီး ပြဇာတ်စာပေလေ့လာမှု၊ ဝေဖန်သုံးသပ် အကဲဖြတ်မှုကို နားလည်တတ်ကျွမ်းလာမည်။

 

မော်ကွန်း

Module No. မ၂၁၀၅

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် ရှေးဟောင်းမြန်မာကဗျာတစ်မျိုးဖြစ်သော မှတ်တမ်းကဗျာဟု သတ်မှတ်နိုင်သည့် မော်ကွန်းကဗျာအမျိုးအစားကို လေ့လာသိရှိစေရန် ရည်ရွယ်သည်။ အာသံနိုင်မော်ကွန်းကို သင်ယူရမည်ဖြစ်ပြီး သမိုင်းတန်ဖိုး၊ စာပေတန်ဖိုးများကို ဖော်ထုတ်တတ်စေရန် ရည်ရွယ်သည်။ ဤသင်ရိုးတွင် ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားနှင့် ဘကြီးတော်ဘုရားလက်ထက် အာသံမြန်မာဆက်ဆံရေးကို မည်သို့ မှတ်တမ်းတင်ထားကြောင်း လေ့လာရမည်။ ဤသင်ရိုးတွင် စာပေဗဟုသုတအဖြစ် လေ့လာမှတ်သားရန် မြန်မာစာပေသမိုင်းစာအုပ်ကိုလည်း တွဲဖက်လေ့လာ သင်ယူရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • ကုန်းဘောင်ခေတ် ဤမော်ကွန်းကို လေ့လာလျက် မော်ကွန်းကဗျာ၏ သမိုင်းတန်ဖိုးကို သိရှိလာမည်။
  • မှတ်တမ်းကဗျာရေးဖွဲ့ပုံကို လေ့လာသိရှိနိုင်မည်။
  • မြန်မာ့ဇာတိမာန်စိတ်ဓာတ်ကို ထက်သန်ဖွံ့ဖြိုးစေမည်။
  • ရှေးဟောင်း မြန်မာကဗျာတို့၏ တန်ဖိုးကို နားလည်သဘောပေါက်လာစေမည်။

 

ဘာသာစကား၊ဘာသာပြန်

Module No. မ၂၁၀၆

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

          ဤသင်ရိုးသည် မြန်မာဘာသာစကားဆိုင်ရာ ဗဟုသုတ ရရှိစေရန်နှင့် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည့် ဘာသာပြန်ကဏ္ဍအတွက် ဘာသာပြန်ဆိုမှုသဘောတရား၊ နည်းနာများကို နားလည်တတ်ကျွမ်းလာစေရန် ရည်ရွယ် သည်။ မြန်မာဘာသာစကားဆိုင်ရာ ဝေါဟာရဗဟုသုတ တိုးပွားစေရန်နှင့် အဘိဓာန်ပညာနားလည်တတ်ကျွမ်းစေရန် ကုန်းဘောင်ခေတ် အဘိဓာန်ကျမ်းကြီးတစ်စောင်ကို လေ့လာသင်ယူရမည်။ ဘာသာပြန်လုပ်ငန်းဆိုင်ရာ သဘောတရားနှင့် နည်းနာများကို နားလည်သိရှိစေရန် ဘာသာပြန်လုပ်ငန်းဆိုင်ရာ ဆောင်းပါးများကို လေ့လာသင်ယူရမည်။ ထို့ပြင် မြန်မာစာပေဗဟုသုတတိုးပွားစေရန် မြန်မာစာမိတ်ဖွဲ့စာအုပ် ကိုလည်း လေ့လာဆည်းပူးရပါမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • မြန်မာဘာသာစကားဆိုင်ရာ ဗဟုသုတအဖြစ် မြန်မာဝေါဟာရတို့၏ အနက်အဓိပ္ပာယ်ကို ခြေခြေမြစ်မြစ် သိရှိနိုင်မည်။
  • အဘိဓာန်အတတ်ပညာကို နားလည်တတ်ကျွမ်းလာမည်။
  • ဘာသာပြန်လုပ်ငန်းဆိုင်ရာ သဘောတရားများ၊ နည်းနာများကို နားလည်သိရှိနိုင်မည်။
  • မြန်မာစာပေအကြောင်း ဆောင်းပါများကို လေ့လာခြင်းဖြင့် စာပေဗဟုသုတ တိုးပွားစေမည်။

 

မြန်မာစာ

ဒုတိယနှစ်(အင်္ဂလိပ်စာအထူးပြု)(ပထမနှစ်ဝက်ပညာသင်ကာလ)

ဒုတိယနှစ် အင်္ဂလိပ်စာအထူးပြုများအတွက် Foundation Course

Module No.  မ ၂၀၀၁

Course Description

ဤသင်ရိုးသည် ဒုတိယနှစ် အင်္ဂလိပ်စာအထူးပြုများအတွက် Foundation Course ဖြစ်သော မြန်မာစာသင်ရိုးဖြစ်သည်။ ဤသင်ရိုးတွင် စကားပြေ၊ ကဗျာနှင့် မြန်မာတိုင်းရင်းသားစကားပုံများဟူသည့် ကဏ္ဍသုံးရပ်ကို လေ့လာရမည်။ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိမာန်ထက်သန် စေမည့် စကားပြေနှင့် ကဗျာများ၊ မြန်မာယဉ်ကျေးမှုနှင့် ဆက်နွယ်နေသော စကားပြေ၊ ကဗျာများကို လေ့လာသင်ယူရမည်။ စကားပြေနှင့် ကဗျာတို့ကို လေ့လာသုံးသပ် ဝေဖန်တတ်ရန် ဦးတည်လေ့လာရမည်ဖြစ်သည်။ တိုင်းရင်းသားစကားပုံများကို လေ့လာလျက် တိုင်းရင်းသား များ၏ အတွေးအခေါ်၊ ယုံကြည်မှု၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုတို့ကို ထုတ်ဖော် လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို လေးစားမြတ်နိုး တန်ဖိုးထားတတ်လာမည်။
  • မြန်မာစာပေ၊ မြန်မာဘာသာစကား၏ သဘောသဘာဝများကို သိရှိနားလည်လာမည်။
  • စာပေနှင့် ဘာသာစကား လေ့လာမှု နည်းနာများကို သိရှိတတ်ကျွမ်းလာမည်။

 

မြန်မာစာ

ဒုတိယနှစ်(အင်္ဂလိပ်စာအထူးပြု)(ဒုတိယနှစ်ဝက်ပညာသင်ကာလ)

ဒုတိယနှစ် အင်္ဂလိပ်စာအထူးပြုများအတွက် Foundation Course

Module No.  မ ၂၀၀၂

Course Description

          ဤသင်ရိုးသည် ဒုတိယနှစ် အင်္ဂလိပ်စာအထူးပြုများအတွက် Foundation Course ဖြစ်သော မြန်မာစာသင်ရိုးဖြစ်သည်။ ဤသင်ရိုးတွင် ဝတ္ထုတို၊ ပြဇာတ်၊ ကဗျာနှင့် ဘာသာဆောင်းပါးဟု အပိုင်းလေးပိုင်းလေ့လာသင်ယူရမည်။ ဝတ္ထုတို၊ ပြဇာတ်၊ ကဗျာအပိုင်းတို့တွင် မြန်မာ့စာပေ အနုပညာလက်ရာများ၏ အတတ်ပညာနှင့် အရည်အသွေးတို့ကို ဖော်ထုတ်လေ့လာသင်ယူရမည်။ မြန်မာဘာသာစကားဆိုင်ရာ ဆောင်းပါးများ အပိုင်းတွင် မြန်မာဘာသာစကား၏ သဘောသဘာဝများကို လေ့လာမှတ်သားရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • မြန်မာ့စာပေအနုပညာ၏ အနှစ်သာရနှင့် တန်ဖိုးတို့ကို သိမြင်လာမည်။
  • စာပေလေ့လာမှု သဘောတရားနည်းနာများကို တတ်ကျွမ်းလာမည်။
  • မြန်မာဘာသာစကားဆိုင်ရာ ဗဟုသုတများနှင့် ပြည့်စုံလာမည်။

 

မြန်မာ့ကျေးလက်တေးကဗျာများ(၁)

ဒုတိယနှစ်(အရှေ့တိုင်းပညာအထူးပြု)(ပထမနှစ်ဝက်ပညာသင်ကာလ)

ဒုတိယနှစ် အရှေ့တိုင်းပညာအထူးပြုများအတွက် Elective Course

Module No.  မ ၂၀၀၃

Course Description

ဤသင်ရိုးသည် ဒုတိယနှစ် အရှေ့တိုင်းပညာအထူးပြုများအတွက် Elective Course ဖြစ်သော မြန်မာ့ကျေးလက်တေးကဗျာများ သင်ရိုးဖြစ်သည်။ဤသင်ရိုးတွင် လေးချိုး၊ ဟန်ချင်း၊ လွမ်းချင်း၊ အင်းလေးတိုက်တေးများ၊  ဗုံရှည်သံစသည့် ကျေးလက်တေးကဗျာများကို သင်ကြားလေ့လာရမည်။ ကျေးလက်နေ တောသူတောင်သားတို့ ၏ ဘဝနှင့် ခံစားချက်များကို တေးကဗျာများဖြင့် မည်သို့မည်ပုံ ဖွဲ့ဆို သီကျူးကြပုံများကို ဖော်ထုတ်လေ့လာရမည်ဖြစ်သည်။ ကျေးလက်ဘဝနှင့် ခံစားမှုအနုပညာအရည်အသွေးကို ဦးတည်လေ့လာကြရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • ကျေးလက်အလှ၊ ကျေးလက်ဘဝ၊ ကျေးလက်နေသူတို့၏ ဓလေ့စရိုက်များကို တွေ့မြင်သိရှိလာမည်။
  • ကျေးလက်တေးကဗျာများ၏ ဖန်တီးမှုအနုပညာကို လေ့လာဖော်ထုတ်တတ်လာမည်။
  • ကျေးလက်လူနေမှုဘဝများကို စာနာတန်ဖိုးထားတတ်လာမည်။

 

မြန်မာ့ကျေးလက်တေးကဗျာများ(၂)

ဒုတိယနှစ်(အရှေ့တိုင်းပညာအထူးပြု)(ဒုတိယနှစ်ဝက်ပညာသင်ကာလ)

ဒုတိယနှစ် အရှေ့တိုင်းပညာအထူးပြုများအတွက် Elective Course

Module No.  မ ၂၀၀၇

Course Description

ဤသင်ရိုးသည် ဒုတိယနှစ် အရှေ့တိုင်းပညာအထူးပြုများအတွက် Elective Course ဖြစ်သော မြန်မာ့ကျေးလက်တေးကဗျာများ သင်ရိုးဖြစ်သည်။ဤသင်ရိုးတွင် အဲချင်း၊ အိုင်ချင်း၊ လွမ်းချင်း၊ အင်းလေးတိုက်တေးများ၊ ထားဝယ်ဒိန်းသံ၊   ဗုံကြီးသံ၊ ရခိုင်ရိုးရာ ကျေးလက် တေးကဗျာများကို သင်ကြားလေ့လာရမည်။ ကျေးလက်နေသူတို့ ၏ ဘဝနှင့် ခံစားချက်များကို တေးကဗျာများဖြင့် မည်သို့မည်ပုံ ဖွဲ့ဆို သီကျူးကြပုံများကို ဖော်ထုတ်လေ့လာရမည်ဖြစ်သည်။ ကျေးလက်ဘဝနှင့် ခံစားမှုအနုပညာအရည်အသွေးကို ဦးတည်လေ့လာကြရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • ကျေးလက်အလှ၊ ကျေးလက်ဘဝ၊ ကျေးလက်နေသူတို့၏ ဓလေ့စရိုက်များကို တွေ့မြင်သိရှိလာမည်။
  • ကျေးလက်တေးကဗျာများ၏ ဖန်တီးမှုအနုပညာကို လေ့လာဖော်ထုတ်တတ်လာမည်။

ကျေးလက်လူနေမှုဘဝများကို စာနာတန်ဖိုးထားတတ်လာမည်။

3 Third Year (BA)

ပထမနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

Eng 3001

English

3

2

2

မ ၃၁၀၁

ဝတ္ထု (၁)

4

3

2

မ ၃၁၀၂

ကဗျာ (၁)

4

3

2

မ ၃၁၀၃

ဘာသာစကား (၁)

4

3

2

မ ၃၁၀၄

ဘာသာဗေဒ၊သဒ္ဒဗေဒ (၁)

4

3

2

မ ၃၁၀၅

စာပေသဘောတရား

4

3

2

 

Total

23

17

12

Total credit – 23pts

Total hrs - 29

 

Foundation Courses

Eng 3001 (3) English

မ ၃၀၀၁ (၃) မြန်မာစာ (အင်္ဂလိပ်စာအထူးပြုအတွက်)

Core Courses

မ ၃၁၀၁ (၄) ဝတ္ထု (၁)

မ ၃၁၀၂ (၄) ကဗျာ (၁)

မ ၃၁၀၃ (၄) ဘာသာစကား (၁)

မ ၃၁၀၄ (၄) ဘာသာဗေဒ၊ သဒ္ဒဗေဒ (၁)

မ ၃၁၀၅ (၄) စာပေသဘောတရား

မှတ်ချက်။      ။ မ ၃၁၀၃ တွင်ကျောက်စာကူးနည်းသင်ကြားရန်၊ ကျောက်စာလက်တွေ့ရေးကူးလေ့ကျင့်ရန်

 

ဝတ္ထု (၁)

Module No. မ ၃၁၀၁

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် စာပေအနုပညာအမျိုးအစားတစ်ရပ်ဖြစ်သော ဝတ္ထုဘာသာရပ်ဆိုင်ရာ သင်ရိုးဖြစ်သည်။ ဤသင်ရိုးတွင် အစဉ်အလာ မြန်မာ့ရှေးဝတ္ထုကြီးများဖြစ်သော ပါရာယနဝတ္ထုနှင့် ဝေဿန္တရာဇာတ်တော်ကြီးဝတ္ထုတို့ကို လေ့လာရမည်။ ပါရာယနဝတ္ထုတွင် အင်းဝခေတ် စာဆိုကြီး ရှင်မဟာသီလဝံသ ရေးဖွဲ့ပြထားသော အရိယာပုဂ္ဂိုလ် ရှစ်ဦးတို့၏ ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များနှင့် အင်းဝခေတ် စကားပြေ အရေးအသားတို့ကို လေ့လာရမည်။ ဝေဿန္တရာဇာတ်တော်ကြီးဝတ္ထုတွင် မင်းဘူးဆရာတော်ဦးဩဘာသ၏ ထူးခြားထင်ရှားသည့် ကုန်းဘောင်ခေတ် စကားပြေအရေးအသားကို လေ့လာသင်ယူကြရမည်။ အစဉ်အလာ မြန်မာဝတ္ထုများ၏ သဘောသဘာဝနှင့် အတတ်ပညာကို ဦးတည် လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • အစဉ်အလာ မြန်မာဝတ္ထုများ၏ အကြောင်းအရာသဘောနှင့် ရေးဖွဲ့ပုံအတတ်ပညာကို ဖော်ထုတ်လေ့လာ သိရှိနိုင်မည်။
  • လူငယ်လူရွယ်များအတွက် ကိုယ်ကျင့်တရားဆိုင်ရာ လိုက်နာကျင့်ကြံဖွယ်များကို သိရှိနိုင်မည်။
  • ရှေးမြန်မာဝတ္ထုအဖွဲ့၏ စကားပြေသဘောကို လေ့လာသိမြင်နိုင်မည်။

 

ကဗျာ (၁)

Module No. မ ၃၁၀၂

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် မြန်မာ့ရှေးကဗျာလေ့လာမှုဆိုင်ရာ သင်ရိုးဖြစ်သည်။ ဤသင်ရိုးတွင် ကိုးခန်ပျို့နှင့် ရတုရွေးချယ်ချက်တို့ကို သင်ယူရမည်။  မြန်မာစာပေတွင် စံထားရသော ကိုးခန်းပျို့၏ အကြောင်းအရာပိုင်းနှင့် အရေးအဖွဲ့စွမ်းရည်ကို ဖော်ထုတ် လေ့လာကြရမည်။ ကိုးခန်းပျို့ အကြောင်းအရာတွင် လောကရေး၊ ရာဇရေး၊ ဓမ္မရေးတို့နှင့် ပတ်သက်သည်များကို လေ့လာရမည်။ အရေးအဖွဲ့ပိုင်းတွင် စကားတန်ဆာ၊ အနက်တန်ဆာတို့ဖြင့် မွမ်းမံထားသော ရေးဖွဲ့ပုံကို လေ့လာရမည်။ ရတုရွေးချယ်ချက်တွင် အင်းဝခေတ်မှ ကုန်းဘောင်ခေတ်အတွင်း ပေါ်ထွန်းခဲ့ သော ရတုကဗျာများကို လေ့လာကြရမည်။ ဗဟုသုတဖတ်စာအဖြစ် စာဆိုတော်များအတ္ထုပ္ပတ္တိ ကိုလည်း လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • မြန်မာစာပေတွင် စံထားရသော ပျို့ကဗျာနှင့် ရတုကဗျာတို့၏ သဘောသဘာဝများကို သိရှိနိုင်မည်။
  • ကဗျာစာဆိုတို့၏ အရေးအဖွဲ့စွမ်းရည်ကို သိမြင်နိုင်မည်။
  • မြန်မာစာပေတို့၏ အဆင့်အတန်းကို ဝေဖန်သုံးသပ် အကဲဖြတ်တတ်လာမည်။

 

ဘာသာစကား (၁)

Module No. မ ၃၁၀၃

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် မြန်မာဘာသာစကားများနှင့် ဘာသာစကားဆိုင်ရာတတ်ကျွမ်းမှုကို သင်ယူဆည်းပူးရမည့် သင်ရိုးဖြစ်သည်။ ပုဂံခေတ် မြန်မာကျောက်စာနှင့် ရာဇကုမာရ်မွန်ကျောက်စာဟူသည့် ကဏ္ဍနှစ်ရပ်ကို လေ့လာရမည်ဖြစ်သည်။ ပုဂံခေတ် မြန်မာကျောက်စာများမှ ပုဂံခေတ် သာသနာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစသော မှတ်သားလေ့လာဖွယ်ရာများ၊ ဝေါဟာရအသုံးအနှုန်း၊ ဝါကျဖွဲ့ထုံးများကို လေ့လာကြရမည်။ ရာဇကုမာရ်မွန်ကျောက်စာတွင် ကျောက်စာ၏ အကြောင်းအရာပိုင်း၊ မွန်ဝေါဟာရများ၊ စာလုံးပေါင်းပြောင်းပုံ၊ ဝါကျဖွဲ့ပုံ၊ စကားလုံးတို့၏ ရင်းမြစ်နှင့် အနက်တို့ကို လေ့လာသင်ယူရမည်။ ကျောက်စာ လက်တွေ့ရေးကူးခြင်းကိုလည်း လေ့ကျင့်ရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • ပုဂံခေတ်မြန်မာကျောက်စာများနှင့် ရာဇကုမာရ်မွန်ကျောက်စာတို့ကို အခြေခံအားဖြင့် သိရှိကာ ပုဂံခေတ် မြန်မာစာပေ အဆင့်အတန်းကို ဝေဖန်သုံးသပ် အကဲဖြတ်နိုင်မည်။
  • ပုဂံခေတ်မြန်မာကျောက်စာများမှ အလှူမှတ်တမ်းတင်ပုံနှင့် မြန်မာစာခေတ်ဦးအရေးအသားကို လေ့လာသိမြင်နိုင်မည်။
  • မွန် မြန်မာ ဘာသာစကားနှစ်မျိုးကို ယှဉ်၍ ဝေါဟာရအသုံးအနှုန်း၊ ဝါကျဖွဲ့ထုံးများကို သိရှိနိုင်မည်။

 

ဘာသာဗေဒ၊သဒ္ဒဗေဒ (၁)

Module No. မ ၃၁၀၄

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် ဘာသာစကားကို သိပ္ပံနည်းကျ လေ့လာသည့်ပညာနှင့် ပညာရပ်အမြင်တို့ကို လေ့လာဆည်းပူးရမည့် သင်ရိုးဖြစ်သည်။ ဤသင်ရိုးတွင် ဘာသာဗေဒ၊ သဒ္ဒဗေဒနှင့် ဘာသာဗေဒအမြင်ဟူသည့် ကဏ္ဍသုံးရပ်ကို လေ့လာရမည်။ ဘာသာဗေဒကဏ္ဍတွင် ဘာသာစကား၏ ဝိသေသလက္ခဏာများ၊ ဘာသာစကားများကို အမျိုးအစားခွဲခြင်း၊ ဘာသာစကား၏ လုပ်ငန်းတာဝန်များ၊ ဘာသာစကားမျိုးရိုးများစသည်တို့ကို သင်ယူလေ့လာရမည်။ သဒ္ဒဗေဒကဏ္ဍတွင် စကားသံပြုအင်္ဂါများနှင့် စကားသံဖြစ်ပုံစနစ်၊ ဗျည်းနှင့် သရတို့ကို အမျိုးအစားခွဲခြင်း၊ လက်တွေ့ သဒ္ဒဗေဒတို့ကို လေ့လာသင်ယူရပါမည်။ ဘာသာဗေဒအမြင်ကဏ္ဍတွင် မြန်မာသဒ္ဒဗေဒဖတ်စာနှင့် မြန်မာစကား မြန်မာစာရုပ်ပုံလွှာ တို့ကို လေ့လာသင်ယူရပါမည်။ ဗဟုသုတအဖြစ် ဘာသာလောကကျမ်းစာအုပ်ကို လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • ဘာသာစကားကို သိပ္ပံနည်းကျ စနစ်တကျ သရုပ်ဖော်သည့် ဘာသာဗေဒ၊ သဒ္ဒဗေဒပညာရပ်ကို တတ်ကျွမ်းနားလည်နိုင်မည်။
  • ဘာသာစကား၏ ဖွဲ့စည်းတည်ဆောက်ပုံအဆင့်ဆင့်ကို ဘာသာဗေဒနည်းဖြင့် ခွဲခြမ်းစိတ်ဖြာ သရုပ်ဖော်တတ်လာမည်။
  • စကားသံထုတ်လုပ်ပုံစနစ်များကို သိပ္ပံနည်းကျ သိမြင်လာမည်။
  • စကားသံ၏ အခြေခံအစိတ်အပိုင်းနှစ်ခုဖြစ်သော ဗျည်းနှင့် သရတို့၏ သဘောသဘာဝများကို သိမြင်လာမည်။
  • မြန်မာဘာသာစကားကို သိပ္ပံနည်းကျ သိမြင်လာနိုင်ပါမည်။

 

စာပေသဘောတရား

Module No. မ ၃၁၀၅

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် စာပေအနုပညာဆိုင်ရာ အရှေ့တိုင်း အနောက်တိုင်း အတွေးအခေါ်အယူအဆများကို လေ့လာဆည်းပူးရမည့် သင်ရိုးဖြစ်သည်။ ဤသင်ရိုးတွင် ရသသဘောတရားနှင့် ကမ္ဘာ့စာပေသဘောတရားတို့ကို လေ့လာရမည်။ ရသသဘောတရားတွင် ရသနှင့်ဘာ၀ကိုးမျိုးတို့ အကြောင်း၊ ကဗျာ၏သရုပ်နှင့် ကဗျာကောင်းကဗျာညံ့တို့သဘော၊ ကဗျာ့ရည်ရွယ်ချက်၊ မြန်မာ့ရသပညာဆိုင်ရာ သိမှတ်ဖွယ်များကို လေ့လာရမည်။ ကမ္ဘာ့စာပေသဘောတရားတွင် စာပေအနုပညာဖန်တီးမှုဖြစ်စဉ်ကို စိတ်ပိုင်းဆိုင်ရာ ရှုထောင့်အမြင်များ အကြောင်းကို လေ့လာရမည်။ စာပေသဘောတရားအခြေခံ စာပေဝေဖန်ရေးများအကြောင်းကိုလည်း လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • စာပေအနုပညာနှင့်ဆိုင်သည့် အရှေ့တိုင်း၊ အနောက်တိုင်းအတွေးအခေါ်အယူအဆများကို လေ့လာသိမြင်နိုင်မည်။
  • စာပေသဘောတရားအခြေခံ ဝေဖန်ရေးအယူအဆအမျိုးမျိုးကိုလည်း လေ့လာမှတ်သားနိုင်မည်။

-----------------------------------------------------------------------------

ဒုတိယနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

Eng 3002

English

3

2

2

မ ၃၁၀၆

ဝတ္ထု (၂)

4

3

2

မ ၃၁၀၇

ကဗျာ (၂)

4

3

2

မ ၃၁၀၈

ဘာသာစကား (၂)

4

3

2

မ ၃၁၀၉

ဘာသာဗေဒ၊သဒ္ဒဗေဒ (၂)

4

3

2

မ ၃၁၁၀

ကမ္ဘာ့စာပေနိဒါန်း၊ဘာသာပြန်

4

3

2

 

Total

23

17

12

Total credit – 23pts

Total hrs - 29

 

Foundation Courses

Eng 3002 (3) English

မ ၃၀၀၂ (၃) မြန်မာစာ (အင်္ဂလိပ်စာအထူးပြုအတွက်)

Core Courses

မ ၃၁၀၆ (၄) ဝတ္ထု (၂)

မ ၃၁၀၇ (၄) ကဗျာ (၂)

မ ၃၁၀၈ (၄) ဘာသာစကား (၂)

မ ၃၁၀၉ (၄) ဘာသာဗေဒ၊သဒ္ဒဗေဒ (၂)

မ ၃၁၁၀ (၄) ကမ္ဘာ့စာပေနိဒါန်း၊ဘာသာပြန်

 

ဝတ္ထု (၂)

Module No. မ ၃၁၀၆

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် စာပေအနုပညာအမျိုးအစားတစ်ရပ်ဖြစ်သော ဝတ္ထုဘာသာရပ်ဆိုင်ရာ သင်ရိုးဖြစ်သည်။ ဤသင်ရိုးတွင် ခေတ်ပေါ် ဝတ္ထုများ ဖြစ်သော နေညိုညိုဝတ္ထုနှင့် ကြိုးကြာတောင်ပံခတ်သံဝတ္ထုတို့ကို အခြေပြု၍ မျက်မှောက်ခေတ် ဝတ္ထုရှည်သဘောတရား၊ ဝတ္ထုရှည် အတတ်ပညာကို ထုတ်ဖော်လေ့လာရမည်။ ဝတ္ထုအင်္ဂါရပ်များ၊ ဇာတ်လမ်းအစိတ်အပိုင်းများနှင့် ဇာတ်လမ်းသဘောတရား၊ ဇာတ်ဆောင်စရိုက် အမျိုးအစားနှင့် လူ့သဘာဝများ၊ ဝတ္ထုတွင် ကာလဒေသနောက်ခံ၏ အရေးပါမှု၊ ဝတ္ထုရည်ရွယ်ချက်နှင့် ဝတ္ထုအင်္ဂါရပ်များ အပြန်အလှန် ဆက်သွယ်ချက် စသည်တို့ကို လေ့လာဖော်ထုတ်ဝေဖန်တတ်စေရန် ဦးတည် သင်ယူလေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • ဝတ္ထုရည်ရွယ်ချက်နှင့် ဝတ္ထုအင်္ဂါရပ်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာတတ်လာမည်။
  • ဝတ္ထုဖန်တီးမှု အတတ်ပညာများဖြစ်သော ဇာတ်လမ်းဖန်တီးမှုအတတ်ပညာ၊ ဇာတ်ဆောင်ဖန်တီးမှုအတတ်ပညာ စသည် တို့ကို လေ့လာဆန်းစစ် ဝေဖန်တတ်လာမည်။
  • ဝတ္ထုကောင်းတို့၏သဘောကို လေ့လာဖော်ထုတ်တတ်လာမည်ဖြစ်သည်။

 

ကဗျာ (၂)

Module No. မ ၃၁၀၇

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် ကဗျာလေ့လာမှုဆိုင်ရာ သင်ရိုးဖြစ်သည်။ရှေးကဗျာတစ်မျိုးဖြစ်သည့် ရကန်ကဗျာနှင့် ခေတ်ပေါ် ခေတ်ကဗျာများကို လေ့လာရမည်။ ရာမရကန်ကို လေ့လာရာတွင် ရကန်ကဗျာ၏ သဘောသဘာဝ၊ ရာမယဏဇာတ်လမ်းကျောရိုးမှ ရကန်ကဗျာ ဇာတ်ကွက်ဇာတ်လမ်း ယူပုံ၊ စာဆို၏ ကဗျာဉာဏ်ရည်ကို အသားပေးသော အရေးအဖွဲ့၊ ကဗျာစာဆို၏ စိတ်ကူးစိတ်သန်း စသည်တို့ကို လေ့လာဖော်ထုတ်တတ်ရန် သင်ယူရမည်။ ခေတ်ကဗျာတွင် ကိုလိုနီခေတ်ဦးမှ လွတ်လပ်ရေးခေတ်အထိ ပေါ်ထွန်းခဲ့သောကဗျာများမှ ကောက်နုတ် လေ့လာရမည်။ ခေတ်ကဗျာတို့၏ သဘောသဘာဝနှင့် ကဗျာအရေးအဖွဲ့ကို ဖော်ထုတ်လေ့လာရမည်။ ဗဟုသုတအဖြစ် စာဆိုတော်များ အတ္ထုပ္ပတ္တိစာအုပ်ကို လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • ကဗျာကောင်းတို့၏ သဘောသဘာဝကို လေ့လာဖော်ထုတ်တတ်လာမည်။
  • ကဗျာစာဆို၏ ကဗျာဉာဏ်ရည်နှင့် အရေးအဖွဲ့စွမ်းရည်ကို ဝေဖန်သုံးသပ် အကဲဖြတ်တတ်လာစေမည်။

 

ဘာသာစကား (၂)

Module No. မ ၃၁၀၈

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် ရှေးခေတ်မြန်မာဘာသာစကားနှင့် စာပေကို အရေးမှတ်တမ်းများမှတစ်ဆင့် လေ့လာသင်ယူဆည်းပူးရမည့် သင်ရိုးဖြစ်သည်။ဤသင်ရိုးတွင် ပုဂံခေတ် မြန်မာကျောက်စာများနှင့် လောကထိပ်ပန်မင်စာကို သင်ယူလေ့လာရမည်။ ပုဂံခေတ် မြန်မာ ကျောက်စာများမှ ပုဂံခေတ် သာသနာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစသော မှတ်သားလေ့လာဖွယ်ရာများ၊ ဝေါဟာရအသုံးအနှုန်း၊ ဝါကျဖွဲ့ထုံးများကို လေ့လာကြရမည်။ လောကထိပ်ပန်မင်စာတွင် ဇာတ်ကွက်ဇာတ်လမ်းအတင်အပြ၊ အနှစ်ချုပ်စွမ်းရည်၊ စိတ်ဝင်စားဖွယ် အသုံးထူးနှင့် ဝေါဟာရများ၊ စကားလုံးတို့၏ ရင်းမြစ်၊ အနက်အဓိပ္ပာယ်စသည်တို့ကို ဖော်ထုတ် လေ့လာကြရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • ပုဂံခေတ်မြန်မာကျောက်စာများနှင့် မင်စာတို့ကို အခြေခံအားဖြင့် သိရှိကာ ပုဂံခေတ် မြန်မာစာပေအဆင့်အတန်းကို ဝေဖန်သုံးသပ် အကဲဖြတ်နိုင်မည်။
  • ပုဂံခေတ်မြန်မာကျောက်စာများမှ အလှူမှတ်တမ်းတင်ပုံနှင့် မင်စာအရေးအသား၊ မြန်မာစာခေတ်ဦးအရေးအသားတို့ကို လေ့လာသိမြင်နိုင်မည်။
  • ရှေးခေတ်မြန်မာဘာသာစကားနှင့် စာပေဆိုင်ရာ အရေးမှတ်တမ်းများကို ဖတ်ရှုလေ့လာတတ်စေမည်။

 

ဘာသာဗေဒ၊ သဒ္ဒဗေဒ (၂)

Module No. မ ၃၁၀၉

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် ဘာသာစကားကို သိပ္ပံနည်းကျ လေ့လာသည့်ပညာနှင့် ပညာရပ်အမြင်တို့ကို လေ့လာဆည်းပူးရမည့် သင်ရိုး ဖြစ်သည်။ဤသင်ရိုးတွင် ဘာသာဗေဒ၊ သဒ္ဒဗေဒနှင့် ဘာသာဗေဒအမြင်ဟူသည့် ကဏ္ဍသုံးရပ်ကို လေ့လာသင်ယူရမည်။ ဘာသာဗေဒတွင် ဘာသာဗေဒ၏ အခြေခံကဏ္ဍများ၊ ဘာသာဗေဒအဆင့်များအကြောင်း၊ သဒ္ဒါလေ့လာမှုဆိုင်ရာ စကားလုံးဖွဲ့ထုံး၊ ဝါကျဖွဲ့ထုံးတို့ကို လေ့လာသင်ယူရမည်။ သဒ္ဒဗေဒအပိုင်းတွင် ဗျည်းနှင့် သရ သတ်မှတ်ချက်များ၊ ဗျည်းနှင့်သရတို့ကို သရုပ်ဖော်ပုံ၊ စကားသံဖွဲ့မှုနှင့် စကားသံများကို လက်တွေ့အသံလှယ်ခြင်းတို့ကို လေ့လာသင်ယူရမည်။ ဘာသာဗေဒအမြင်ကဏ္ဍတွင် မြန်မာဘာသာစကားဆိုင်ရာ ဘာသာဗေဒအမြင်၊ သဒ္ဒဗေဒအမြင်တို့ကို လေ့လာမှတ်သားရမည်။ ဗဟုသုတအဖြစ် ဘာသာလောကကျမ်းကိုလည်း လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • ဘာသာစကားကို သိပ္ပံနည်းကျ စနစ်တကျ သရုပ်ဖော်သည့် ဘာသာဗေဒ၊ သဒ္ဒဗေဒပညာရပ်ကို တတ်ကျွမ်းနားလည်နိုင်မည်။
  • ဘာသာစကား၏ ဖွဲ့စည်းတည်ဆောက်ပုံအဆင့်ဆင့်ကို ဘာသာဗေဒနည်းဖြင့် ခွဲခြမ်းစိတ်ဖြာ သရုပ်ဖော်တတ်လာမည်။
  • စကားသံဖွဲ့ပုံစနစ်များကို သိပ္ပံနည်းကျ သိမြင်လာမည်။
  • စကားသံ၏ အခြေခံအစိတ်အပိုင်းနှစ်ခုဖြစ်သော ဗျည်းနှင့် သရတို့ကိုအမည်ပေး သရုပ်ဖော်တတ်လာမည်။
  • မြန်မာဘာသာစကားကို သိပ္ပံနည်းကျ သိမြင်လာနိုင်ပါမည်။

 

ကမ္ဘာ့စာပေနိဒါန်း၊ဘာသာပြန်

Module No. မ ၃၁၁၀

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးသည် ကမ္ဘာ့စာပေနိဒါန်းနှင့် ကမ္ဘာ့စာပေနှင့် ဆက်စပ်နေသည့် ဘာသာပြန်သဘောတရားအတတ်ပညာ တို့ကို လေ့လာရမည့် သင်ရိုးဖြစ်သည်။ ကမ္ဘာ့စာပေသမိုင်းတွင် အိန္ဒိယ၊ တရုတ်၊ ဂျပန်စသည့် အရှေ့တိုင်းနိုင်ငံများ၏ စာပေသမိုင်းနှင့် ဂရိ၊ ရောမ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား စသည့်အနောက်တိုင်းနိုင်ငံများ၏ စာပေသမိုင်းတို့ကို လေ့လာသင်ယူရမည်။ ဘာသာပြန်အတတ်ပညာနှင့် ပတ်သက်၍ ဘာသာပြန် သဘောတရားများနှင့် ဘာသာပြန်လုပ်ငန်းဆိုင်ရာ သိမှတ်ဖွယ်များကို လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • ကမ္ဘာ့နိုင်ငံအသီးသီး၏ စာပေသမိုင်းနှင့် ထင်ရှားသော စာဆိုများ၊ စာပေလက်ရာများအကြောင်းကို အခြေခံအားဖြင့် သိရှိလာမည်။
  • ဘာသာပြန်အတတ်ဆိုင်ရာ သဘောတရားနှင့် ဘာသာပြန်လုပ်ငန်းဆိုင်ရာ မှတ်သားဖွယ်ရာများကို သိရှိစေမည်။

 

မြန်မာစာ

တတိယနှစ်(အင်္ဂလိပ်စာအထူးပြု)(ပထမနှစ်ဝက်ပညာသင်ကာလ)

တတိယနှစ် အင်္ဂလိပ်စာအထူးပြုများအတွက် Foundation Course

Module No.  မ ၃၀၀၁

Course Description

ဤသင်ရိုးသည် တတိယနှစ် အင်္ဂလိပ်စာအထူးပြုများအတွက် Foundation Course ဖြစ်သော မြန်မာစာသင်ရိုးဖြစ်ပါသည်။ ဤသင်ရိုးတွင် စကားပြေ၊ ကဗျာနှင့် ဘာသာဗေဒ သဒ္ဒဗေဒဟူ၍ အပိုင်းသုံးပိုင်း လေ့လာသင်ယူရမည်။ စကားပြေအပိုင်းတွင် ရှေးမြန်မာ စကားပြေတစ်ခုဖြစ်သော ပါရာယနဝတ္ထုစကားပြေကို လေ့လာသင်ယူရမည်။ ကဗျာအပိုင်းတွင် ရှေးကဗျာတစ်မျိုးဖြစ်သော လောကသာရ ဆုံးမစာကဗျာကို လေ့လာကြရမည်။ ဘာသာဗေဒ သဒ္ဒဗေဒအပိုင်းတွင် ဘာသာစကားများကို ဖွဲ့စည်းပုံအရ အမျိုးအစားခွဲခြင်း၊ ဘာသာစကား၏ လုပ်ငန်းတာဝန်၊ စကားသံထုတ်လုပ်ပုံ၊ ဌာန်များနှင့် ဟန်များ၊ လက်တွေ့သဒ္ဒဗေဒတို့ကို လေ့လာသင်ယူရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့်

  • မြန်မာစာပေအမျိုးအစားများဖြစ်သော စကားပြေနှင့်ကဗျာတို့၏ သဘောသဘာဝ၊ စာပေအဆင့်အတန်းကို ဆန်းစစ်သုံးသပ် ဝေဖန်တတ်လာမည်။
  • မြန်မာဘာသာစကားနှင့်ယှဉ်၍ ဘာသာဗေဒ၊ သဒ္ဒဗေဒ ပညာရပ်သဘောများကို လေ့လာသိရှိနိုင်မည်။

 

မြန်မာစာ

တတိယနှစ်(အင်္ဂလိပ်စာအထူးပြု)(ဒုတိယနှစ်ဝက်ပညာသင်ကာလ)

တတိယနှစ် အင်္ဂလိပ်စာအထူးပြုများအတွက် Foundation Course

Module No.  မ ၃၀၀၂

Course Description

ဤသင်ရိုးသည် တတိယနှစ် အင်္ဂလိပ်စာအထူးပြုများအတွက် Foundation Course ဖြစ်သော မြန်မာစာသင်ရိုးဖြစ်ပါသည်။ ဤသင်ရိုးတွင် စကားပြေ၊ ကဗျာနှင့် ဘာသာစကားဟူ၍ အပိုင်းသုံးပိုင်း လေ့လာသင်ယူရမည်။စကားပြေအပိုင်းတွင် ခေတ်ပေါ်ဝတ္ထု တစ်ပုဒ်ဖြစ်သော ကြိုးကြာတောင်ပံခတ်သံ ဝတ္ထုကို လေ့လာရမည်။ ကဗျာအပိုင်းတွင် ခေတ်ကဗျာများကို လေ့လာရမည်။ စကားပြေအပိုင်းနှင့် ကဗျာအပိုင်းကို လေ့လာရာတွင် သဘောတရားနှင့် အတတ်ပညာကို ဦးတည်လေ့လာရမည်။ ဘာသာစကားအပိုင်းတွင် မြန်မာကျောက်စာ များနှင့် ဘာသာပြန်ဟူ၍ လေ့လာရမည်။ မြန်မာကျောက်စာတွင် ရှေးဟောင်းမြန်မာစာကို လေ့လာဆည်းပူးရမည်ဖြစ်ပြီး ဘာသာပြန်တွင် ဘာသာပြန်သဘောတရားနှင့် ဘာသာပြန်အတတ်ပညာဆိုင်ရာ သိမှတ်ဖွယ်များကို လေ့လာသင်ယူရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့်

  • ဝတ္ထုအင်္ဂါရပ်များ၊ ဝတ္ထုသဘောတရား အတတ်ပညာများကို နားလည်တတ်ကျွမ်းပြီး ဝေဖန်သုံးသပ် အကဲဖြတ်တတ်လာမည်။
  • ခေတ်ကဗျာသဘောနှင့် ကဗျာကောင်းတို့၏ လက္ခဏာများကို ဖော်ထုတ်တတ်လာမည်။
  • ရှေးမြန်မာစာပေအရေးအသားများကို လေ့လာတတ်လာမည်။
  • ဘာသာပြန်အတတ်ပညာသဘောကို နားလည်တတ်ကျွမ်းလာမည်။
4 Fourth Year (BA)

ပထမနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

Eng 4001

English

3

2

2

မ ၄၁၀၁

ဝတ္ထု

4

3

2

မ ၄၁၀၂

ပျို့

4

3

2

မ ၄၁၀၃

ဘာသာစကား (၁)

4

3

2

မ ၄၁၀၄

ဘာသာဗေဒ၊သဒ္ဒဗေဒ (၁)

4

3

2

မ ၄၁၀၅

သုတေသနနည်းပညာ၊ မြန်မာဒေသိယစကားများ(၁)

4

3

2

 

Total

23

17

12

Total credit – 23pts

Total hrs - 29

 

Foundation Courses

Eng 4001 (3) English

မ ၄၀၀၁ (၃) မြန်မာစာ (အင်္ဂလိပ်စာအထူးပြုအတွက်)

Core Courses

မ ၄၁၀၁ (၄) ဝတ္ထု

မ ၄၁၀၂ (၄) ပျို့

မ ၄၁၀၃ (၄) ဘာသာစကား (၁)

မ ၄၁၀၄ (၄) ဘာသာဗေဒ၊ သဒ္ဒဗေဒ (၁)

မ ၄၁၀၅ (၄) သုတေသနနည်းပညာ၊ မြန်မာဒေသိယစကားများ (၁)

 

ဝတ္ထု

Module No. မ ၄၁၀၁

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

မ ၄၁၀၁ သင်ရိုးတွင်  ညောင်ကန်ဆရာတော်၏ ငါးရာ့ငါးဆယ်ဝတ္ထုကောက်နုတ်ချက်နှင့် တက္ကသိုလ်ဘုန်းနိုင်၏ နှင်းငွေ တစ်ထောင့် မိုးတစ်မှောင့်ဝတ္ထု တို့ပါဝင်သည်။ ငါးရာ့ငါးဆယ်ဝတ္ထုကောက်နုတ်ချက်တွင် သိမှတ်ဖွယ်အကြောင်း အရာများနှင့် လူတို့၏ စိတ်နေစိတ်ထား အမျိုးမျိုး၊ ဓလေ့စရိုက်အဖုံဖုံတို့ကို လေ့လာနိုင်သည်။ ဇာတ်ဝတ္ထုများကို တရားသဘောဖြင့်လည်း ဖတ်ရှုလေ့လာနိုင်သည်။ ပုံဝတ္ထုများကဲ့သို့ လည်း ဖတ်ရှုလေ့လာနိုင်သည်။ ထို့ပြင် ညောင်ကန်ဆရာတော်၏ အရေးအဖွဲ့စွမ်းရည်တို့ကိုလည်း လေ့လာ နိုင်သည်။

နှင်းငွေတစ်ထောင့်မိုးတစ်မှောင့်ဝတ္ထုတွင် မြန်မာလူမျိုးမိဘများ အတွေးအခေါ် ခံယူချက်များမှန်ကန်၍ စံပြမိဘများ ဖြစ်လာ    စေရန်ဟူသော လမ်းညွှန်ချက်ကိုလည်း လေ့လာနိုင်သည်။ ထို့ပြင် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ စာပေအရေးအဖွဲ့စွမ်းရည်ကိုလည်း လေ့လာနိုင်သည်။

 

Learning Outcomes

မ ၄၁၀၁ သင်ရိုးကိုလေ့လာခြင်းဖြင့် ဝတ္ထု၏သဘောကို ဝေဖန်သုံးသပ် အကဲဖြတ်နိုင်ပါသည်။ ကုန်းဘောင်ခေတ် မြန်မာစာပေ    အရေးအသားနှင့် ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုများသည် လူငယ်များအတွက် စံထားအပ်သော လမ်းညွှန်ကျမ်းများဖြစ်ကြောင်း မှတ်သား သိရှိရသည်။ ခေတ်ပေါ်ဝတ္ထု စာပေရေးဖွဲ့မှုနည်းနာများနှင့် ဇာတ်လမ်းဖန်တီးမှုအတတ်ပညာများကိုလည်း လေ့လာနိုင်ပါသည်။

 

ပျို့

Module No. မ ၄၁၀၂

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် နေမိဘုံခန်းပျို့နှင့် ဘလ္လာတိယပျို့တို့ကို လေ့လာရမည်။ ပျို့ ဟူသောဝေါဟာရ၊ ပျို့စာပေ၏သဘောသဘာဝနှင့် ပျို့စာပေသမိုင်းအကျဉ်း(အင်းဝခေတ်-ကုန်းဘောင်ခေတ်)ကို လေ့လာရမည်။ ပျို့စာဆိုနှင့် ပျို့အကြောင်းများကို လေ့လာရမည်။ ပျို့၏ ဦးတည်ချက်၊ အကြောင်းအရာ၊ အရေးအသားများအရ လေ့လာရမည်ဖြစ်သည်။ အထူးသဖြင့် ပျို့များသည် ဇာတ်လမ်းပါသော ပျို့များဖြစ်၍ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ ကာလဒေသနောက်ခံအဖွဲ့တို့ကို လေ့လာရမည်ဖြစ်သည်။ မူလဇာတ်ဝတ္ထု(၅၅၀ဇာတ်ဝတ္ထု)၏ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ ကာလဒေသနောက်ခံအဖွဲ့တို့ကို ပိုမိုသက်ဝင်လာအောင် ပျို့စာဆို၏ စိတ်ကူးဉာဏ်၊ အပြောက်အမွမ်း အဆင်တန်ဆာများဖြင့် ရသ မြောက်အောင် သုတပွားအောင် ရေးဖွဲ့ထားပုံကို လေ့လာရမည်ဖြစ်သည်။

 

Learning Outcomes

ပျို့စာပေ၏သဘောသဘာဝ၊ ပျို့စာဆို၏အတွေးအမြင် စိတ်ကူးဉာဏ်နှင့် ရသမြောက်အောင် သုတပွားအောင် ရေးဖွဲ့မှုကို သိရှိ စေရန်ဖြစ်သည်။ ပျို့စာဆို၏ အနုပညာအရည်အသွေးများကို ဝေဖန်သုံးသပ် အကဲဖြတ်တတ်စေရန်ဖြစ်သည်။ လူ့လောကတွင် ချစ်ခြင်း မေတ္တာတရားကို အလေးအနက် တန်ဖိုးထားတတ်စေရန်နှင့် အမျက်ဒေါသကို ထိန်းချုပ်တတ်စေရန် ဖြစ်သည်။

 

ဘာသာစကား (၁)

Module No. မ ၄၁၀၃

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရှေးခေတ်မြန်မာစာပေနှင့် ဘာသာစကားကို လေ့လာနိုင်မည့် ခိုင်မာသောအထောက်အထားများအဖြစ် ကျောက်ထက်အက္ခရာတင်ထားသော မြန်မာကျောက်စာနှင့် ရှေးမွန်ကျောက်စာတို့ကို လေ့လာသင်ယူရမည်။ မြန်မာကျောက်စာအပိုင်း တွင် ပင်းယခေတ်နှင့် အင်းဝခေတ် ကျောက်စာအချို့ကို လေ့လာရမည်ဖြစ်ပြီး ထိုခေတ်မြန်မာဘာသာစကား၏ ဖွံ့ဖြိုးတိုးတက်မှု အခြေ  အနေနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ဦးတည်လေ့လာသွားရန်ဖြစ်သည်။

ရှေးမွန်ကျောက်စာအပိုင်းတွင် ရွှေစည်းခုံမွန်ကျောက်စာ (က)မျက်နှာနှင့် (ခ)မျက်နှာ တို့ကိုလေ့လာရမည်ဖြစ်ပါသည်။ လေ့လာရာ တွင် ကျောက်စာ၏အကြောင်းအရာပိုင်းနှင့် အရေးအသားကို လေ့လာရမည်ဖြစ်ပါသည်။ အကြောင်းအရာပိုင်းလေ့လာရာတွင် ဤကျောက်စာသည် ရွှေစည်းခုံမွန်ကျောက်စာ ဟုဆိုသော်လည်း ရွှေစည်းခုံဘုရားနှင့် ပတ်သက်သည့်အကြောင်းအရာမဟုတ်ဘဲ ကျန်စစ်သားမင်းကြီး၏ အတ္ထုပ္ပတ္တိဘဝဖြစ်စဉ်နှင့် ဂုဏ်ကျေးဇူးများကို မှတ်တမ်းတင်ထားသော ဘ၀မှတ်တမ်းကျောက်စာတစ်ချပ် ဖြစ်ကြောင်းပေါ်လွင်အောင် သုံးသပ် လေ့လာရမည်။ သုတ၊ ရသမြောက်အောင် ရေးဖွဲ့ထားခြင်းဖြစ်သည့်အတွက် နှစ်မျိုးလုံး ပေါ်လွင် အောင် လေ့လာရမည်။ အရေးအသားပိုင်းတွင် မွန်ကျောက်စာဖြစ်သည့်အတွက် မွန်ဝေါဟာရများ၏ အနက်အဓိပ္ပာယ်၊ အရင်းအမြစ်၊ ပြောင်းထုံးတို့ကို လေ့လာရမည်။ ထို့ပြင် ပုဒ်ဖွဲ့စည်းပုံ၊ ဝါကျတည်ဆောက်ပုံ၊ သဒ္ဒါအသုံးအနှုန်းတို့ကိုလည်း လေ့လာရမည်။ ရွှေစည်းခုံမွန်ကျောက်စာ(က)တွင် ပါဠိမှမွန်သို့ ဘာသာပြန်ချက်များ ပါရှိသောကြောင့် ဘာသာပြန်နည်းနာများကိုလည်း လေ့လာရမည် ဖြစ်သည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာသင်ယူခြင်းဖြင့် မြန်မာဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းနှင့် အတိတ်ခေတ်မြန်မာလူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေအရပ်ရပ်နှင့် စာပေအဆင့်အတန်းကို သိရှိနားလည်နိုင်မည်ဖြစ်သည်။

ရှေးမွန်အရေးအသားများ၊ အသုံးအနှုန်းများ၊ သဒ္ဒါပိုင်းဆိုင်ရာများကို လေ့လာသိရှိနိုင်သည်။ လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသော ကျန်စစ်သားမင်းကြီး၏ နိုင်ငံတော်စည်းရုံးရေးနှင့် တိုင်းသူပြည်သားများအပေါ်ထားသည့် ကရုဏာ၊ မေတ္တာကို လေးစားဖွယ်  သိရှိနိုင်သည်။ ရှေးခေတ်စာပေလေ့လာမှု သုတေသနအခြေခံကောင်းများ ရရှိနိုင်သည်။

 

 

ဘာသာဗေဒ၊ သဒ္ဒဗေဒ (၁)

Module No. မ ၄၁၀၄

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာဗေဒနှင့် သဒ္ဒဗေဒတို့ ပါဝင်ပါသည်။ ဘာသာဗေဒကိုသင်ကြားရာ၌ အစဉ်အလာသဒ္ဒါ၊ အစဉ်အလာ သဒ္ဒါနှင့် ဘာသာဗေဒအမြင်၊ ခေတ်သစ်သဒ္ဒါတို့ ပါဝင်သည်။ လေ့လာရာတွင် အစဉ်အလာသဒ္ဒါအကြောင်း၊ ထိုအစဉ်အလာသဒ္ဒါ၏ သဘောထားအပေါ် ဘာသာဗေဒ၏အမြင်၊ ခေတ်သစ်သဒ္ဒါ (သို့) သရုပ်ဖော်သဒ္ဒါသည် အစမ်းသပ်ခံနိုင်သည့် သိပ္ပံနည်းကျပညာအမျိုး အစားဖြစ်ကြောင်း တွေ့နိုင်သည်။

သဒ္ဒဗေဒတွင် အခြေခံသရစနစ်၊ သံရင်းအမျိုးအစား၊ လက်တွေ့သဒ္ဒဗေဒတို့ ပါဝင်သည်။ အခြေခံသရစနစ်၏အကြောင်း၊ သံရင်း၏သဘောသဘာဝအကြောင်း၊ လက်တွေ့သဒ္ဒဗေဒတွင် စာပိုဒ်၊ ကဗျာလင်္ကာများကို သံရင်းအသံလှယ်ခြင်း၊ အသံလှယ်ချက်ကို သတ်ညွှန်းအတိုင်း ပြန်ရေးသည့်အကြောင်းတို့ကို လေ့လာနိုင်သည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာဗေဒတွင်ရှိသော ဘာသာစကားနှင့် သဒ္ဒါ၏ဆက်သွယ်မှုကို သိရှိလာခြင်း၊ အစဉ်အလာသဒ္ဒါ နှင့် ခေတ်သစ်သဒ္ဒါတို့၏ အားနည်းချက်၊ အားသာချက်ကို သိရှိလာနိုင်သည်။ သဒ္ဒဗေဒတွင် အသံ၏သဘောကို သိရှိပြီး ဘာသာစကား များကိုလေ့လာရာတွင် အထောက်အကူ ရရှိနိုင်မည်ဖြစ်သည်။

 

သုတေသနနည်းပညာ၊ မြန်မာဒေသိယစကားများ (၁)

Module No. မ ၄၁၀၅

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် သုတေသနနည်းပညာ၊ မြန်မာဒေသိယစကားများ(၁)တို့ ပါဝင်ပါသည်။ သုတေသနနည်းပညာတွင် သုတေသန သဘော၊ သုတေသနပြုရန် အကြောင်းအရာရွေးချယ်ပုံ၊ သုတေသနပြုရန် အထောက်အထား ရှာဖွေစုဆောင်းပုံ၊ မှတ်စုထုတ်ပုံနှင့် သုတေသန စာတမ်းအင်္ဂါရပ်များကို လေ့လာရပါမည်။

ထို့ပြင် မြန်မာဒေသိယစကား(၁)တွင် နေရာ‌ဒေသအလျောက် ဝေါဟာရကွဲပြားသော ဒေသိယစကားများအကြောင်းကို လေ့လာရ ပါမည်။ ဗဟုသုတဖတ်စာအဖြစ် စာဆိုတော်များအတ္ထုပ္ပတ္တိစာအုပ်ကိုလည်း လေ့လာရမည်။

 

Learning Outcomes

သုတေသနနည်းပညာကို လေ့လာခြင်းဖြင့် ကျောင်းသူ၊ ကျောင်းသားများ သုတေသနစာတမ်းပြုစုပုံကို သိရှိနားလည်နိုင်ပါသည်။ မြန်မာဒေသိယစကားများကို လေ့လာခြင်းဖြင့် ဒေသိယစကားတို့၏သဘောသဘာဝနှင့် မြန်မာဒေသိယစကားတွင် တွေ့နိုင်သည့် အခြေခံအချက်များကို သိရှိနိုင်ပါသည်။

-----------------------------------------------------------------------------

ဒုတိယနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

Eng 4002

English

3

2

2

မ ၄၁၀၆

ပြဇာတ်

4

3

2

မ ၄၁၀၇

ဇာတိမာန်စာပေ

4

3

2

မ ၄၁၀၈

ဘာသာစကား (၂)

4

3

2

မ ၄၁၀၉

ဘာသာဗေဒ၊ သဒ္ဒဗေဒ (၂)

4

3

2

မ၄၁၁၀

သုတေသနလက်တွေ့၊ မြန်မာဒေသိယစကားများ(၂)

4

3

2

 

Total

23

17

12

Total credit – 23pts

Total hrs - 29

 

Foundation Courses

Eng 4002 (3) English

မ ၄၀၀၂ (၃) မြန်မာစာ (အင်္ဂလိပ်စာအထူးပြုအတွက်)

Core Courses

မ ၄၁၀၆ (၄) ပြဇာတ်

မ ၄၁၀၇ (၄) ဇာတိမာန်စာပေ

မ ၄၁၀၈ (၄) ဘာသာစကား (၂)

မ ၄၁၀၉ (၄) ဘာသာဗေဒ၊ သဒ္ဒဗေဒ (၂)

မ ၄၁၁၀ (၄) သုတေသနလက်တွေ့၊ မြန်မာဒေသိယစကားများ (၂)

          *ကျောင်းသား၊ ကျောင်းသူများသည် Term Paper များကို မဖြစ်မနေတင်သွင်းရပါမည်။

 

ပြဇာတ်

Module No. မ ၄၁၀၆

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရသစာပေတွင်ပါဝင်သော ပြဇာတ်စာပေကို လေ့လာရပါမည်။ ရှေးပြဇာတ်အဖြစ် ဝိဇယပြဇာတ်နှင့် ခေတ်သစ် ပြဇာတ်များရွေးချယ်ချက်ဟူ၍ နှစ်ပိုင်းလေ့လာရပါမည်။ ရှေးပြဇာတ်တွင် ရှေးပြဇာတ်တို့၏ ယေဘုယျလက္ခဏာ၊ ရှေးပြဇာတ် လမ်းကြောင်း၊ ပြဇာတ်ဖန်တီးမှု၊ လူ့သဘာဝအဖွဲ့များကို လေ့လာရပါမည်။ ခေတ်သစ်ပြဇာတ်တွင် ပြဇာတ်ဖန်တီးမှုအတတ်ပညာ၊ ခေတ်သစ်ပြဇာတ်တို့၏ သဘောသဘာဝ၊ အကြောင်းအရာ၊ ဇာတ်ဆောင်တို့၏ စရိုက်သဘာဝများကို ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့် ပြဇာတ်စာပေသမိုင်းကို သိရှိရပါမည်။ ရှေးပြဇာတ်နှင့် ခေတ်သစ်ပြဇာတ်တို့၏    ဖန်တီးမှု အတတ်ပညာ ကိုလည်း နှိုင်းယှဉ်လေ့လာနိုင်မည် ဖြစ်ပါသည်။ ပြဇာတ်များသည် အမျိုးသားရေးကဏ္ဍတွင် အလွန်အရေးပါပုံကို သိရှိနိုင်မည် ဖြစ်ပါသည်။ လူမှုပြုပြင်ပြောင်းလဲရေးတွင် ပြဇာတ်တို့၏အရေးပါပုံကို သိရှိစေရန်ဖြစ်ပါသည်။

 

ဇာတိမာန်စာပေ

Module No. မ ၄၁၀၇

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဇာတိမာန်ဟူသောဝေါဟာရနှင့် ဇာတိမာန်စာပေ၏သဘောသဘာဝ၊ မြန်မာစာပေခေတ်အသီးသီးတွင် ပေါ်ပေါက် ခဲ့သော ဇာတိမာန်စာပေသမိုင်းအကျဉ်းနှင့် ဇာတိမာန်စာပေများအကြောင်းကို လေ့လာရမည်။ ခေတ်အသီးသီး(ပုဂံခေတ်-လွတ်လပ်ရေးခေတ်) တွင် တွေ့ရသော ဇာတိမာန်မြောက်သည့်ကဗျာများ၊ စကားပြေ(ကျမ်း)များ၊ ဝတ္ထုများကို ခေတ်နှင့်ထင်ဟပ်၍လေ့လာရမည် ဖြစ်သည်။ ကဗျာကဏ္ဍ တွင် ခေတ်အလိုက်ပေါ်ထွန်းခဲ့သော ကဗျာများ၏ ဦးတည်ချက်၊ အကြောင်းအရာ၊ အရေးအသားများအရ ဇာတိမာန်ကဗျာများဖြစ်ကြောင်း လေ့လာရမည်။ စကားပြေကဏ္ဍတွင်လည်း စကားပြေ၏ ဦးတည်ချက်၊ အကြောင်းအရာ၊ အရေးအသားများအရ ရသမြောက်အောင် သုတပွားအောင် ရေးသားမှုများကို လေ့လာရမည်။ ဝတ္ထုကဏ္ဍတွင်လည်း ဝတ္ထု၏ဦးတည်ချက်၊ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ ကာလဒေသ နောက်ခံအဖွဲ့တို့ဖြင့် နှစ်သက်မှုရသမှတစ်ဆင့် အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာသော ဝတ္ထုများဖြစ်ကြောင်း လေ့လာရမည်ဖြစ်သည်။

 

Learning Outcomes

ခေတ်အဆက်ဆက်ရေးဖွဲ့ခဲ့သည့် စာဆိုတို့၏စာပေများကို သိရှိစေရန်နှင့် စာဆိုအသီးသီး၏ အနုပညာအရည်အသွေးများကို ဝေဖန်သုံးသပ် အကဲဖြတ်တတ်စေရန်ဖြစ်သည်။ ကိုယ့်ထီး ကိုယ့်နန်းကိုယ့်ကြငှန်းနှင့် ထည်ဝါခဲ့သော အတိတ်သမိုင်းကို အတုယူကာ မိမိနိုင်ငံနှင့် လူမျိုး၊ ဘာသာ သာသနာ၊ စာပေယဉ်ကျေးမှုတို့ကို ကာကွယ်ထိန်းသိမ်းလိုစိတ်၊ ဇာတိသွေး ဇာတိမာန်စိတ်ကို မွေးမြူတတ်စေရန်ဖြစ်သည်။

 

ဘာသာစကား (၂)

Module No. မ ၄၁၀၈

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရှေးခေတ်မြန်မာစာပေနှင့် ဘာသာစကားကို လေ့လာနိုင်မည့် ခိုင်မာသောအထောက်အထားများအဖြစ် ကျောက်ထက်  အက္ခရာတင်ထားသော မြန်မာကျောက်စာနှင့် ရှေးမွန်ကျောက်စာတို့ကို လေ့လာသင်ယူရမည်။ မြန်မာကျောက်စာအပိုင်းတွင် ပင်းယခေတ်နှင့် အင်းဝခေတ် ကျောက်စာအချို့ကို လေ့လာရမည်ဖြစ်ပြီး ထိုခေတ်မြန်မာဘာသာစကား၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ဦးတည်လေ့လာသွားရန်ဖြစ်သည်။

ရှေးမွန်ကျောက်စာအပိုင်းတွင် ရွှေစည်းခုံမွန်ကျောက်စာ (ဂ)မျက်နှာနှင့် (ဃ-ဇ)မျက်နှာ တို့ကိုလေ့လာရမည်ဖြစ်ပါသည်။ လေ့လာရာ တွင် ကျောက်စာ၏အကြောင်းအရာပိုင်းနှင့် အရေးအသားကို လေ့လာရမည်ဖြစ်ပါသည်။ အကြောင်းအရာပိုင်းလေ့လာရာတွင် ဤကျောက်စာ သည် ရွှေစည်းခုံမွန်ကျောက်စာ ဟုဆိုသော်လည်း ရွှေစည်းခုံဘုရားနှင့် ပတ်သက်သည့်အကြောင်းအရာ မဟုတ်ဘဲ ကျန်စစ်သားမင်းကြီး၏ အတ္ထုပ္ပတ္တိဘဝဖြစ်စဉ်နှင့် ဂုဏ်ကျေးဇူးများကို မှတ်တမ်းတင်ထားသော ဘ၀မှတ်တမ်းကျောက်စာတစ်ချပ် ဖြစ်ကြောင်းပေါ်လွင်အောင် သုံးသပ်လေ့လာရမည်။ သုတ၊ ရသ နှစ်မျိုးလုံးပေါ်လွင်အောင် လေ့လာရမည်။ အရေးအသားပိုင်းတွင် မွန်ကျောက်စာဖြစ်သည့်အတွက် မွန်ဝေါဟာရများ၏ အနက်အဓိပ္ပာယ်၊ ရင်းမြစ်၊ ပြောင်းထုံးတို့ကို လေ့လာရမည်။ ထို့ပြင် ပုဒ်ဖွဲ့စည်းပုံ၊ ဝါကျတည်ဆောက်ပုံ၊ သဒ္ဒါအသုံးအနှုန်းစသည့် သဒ္ဒါပိုင်းဆိုင်ရာတို့ကိုလည်း လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာသင်ယူခြင်းဖြင့် မြန်မာဘာသာစကား ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းနှင့် အတိတ်ခေတ်မြန်မာလူမျိုးတို့၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေအရပ်ရပ်နှင့် စာပေအဆင့်အတန်းကို သိရှိနားလည်နိုင်မည်ဖြစ်သည်။

လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသော ကျန်စစ်သားမင်းကြီး၏ နိုင်ငံတော်စည်းရုံးရေးနှင့် တိုင်းသူပြည်သားများအပေါ်ထားသည့် ကရုဏာ၊ မေတ္တာကို လေးစားဖွယ်  သိရှိနိုင်သည်။ ရှေးမွန်အရေးအသားများ၊ အသုံးအနှုန်းများ၊ သဒ္ဒါပိုင်းဆိုင်ရာများကို လေ့လာသိရှိ  နိုင်သည်။ ခေတ်လယ်မွန်၊ ခေတ်မွန်တို့နှင့်လည်း နှိုင်းယှဉ်လေ့လာနိုင်သည်။ ရှေးခေတ်စာပေလေ့လာမှု သုတေသနအခြေခံကောင်းများ ရရှိနိုင်သည်။

 

ဘာသာဗေဒ၊ သဒ္ဒဗေဒ (၂)

Module No. မ ၄၁၀၉

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် (၁) အနက်အဓိပ္ပာယ်၊ အနက်အဓိပ္ပာယ်ဟူသည်၊ အနက်အဓိပ္ပာယ်၏အရေးပါမှု၊ အနက်အဓိပ္ပာယ်ဆိုင်ရာ  အယူအဆများ (၂) ဘာသာဗေဒဆိုင်ရာ ပညာရပ်ခွဲများ ပါရှိသည်။ လေ့လာရာ၌ အနက်အဓိပ္ပာယ်၏ သဘော၊ ဘာသာစကားတွင် အနက်အဓိပ္ပာယ်ပါရှိပုံ၊ ဘာသာဗေဒတွင်ပါသော အတ္ထဗေဒသည် အနက်အဓိပ္ပာယ်အရေးပါပုံကို လေ့လာသောပညာရပ်ဖြစ်ပုံကို တွေ့နိုင်သည်။ ဘာသာဗေဒဆိုင်ရာ ပညာရပ်ခွဲများအကြောင်း၊ ခေတ်သစ်ဘာသာဗေဒသည် အရှိန်အဟုန်ပြင်းစွာ ဖွံ့ဖြိုးတိုးတက် လာကြောင်းတို့ကို လေ့လာတွေ့ရှိနိုင်သည်။

သဒ္ဒဗေဒတွင် သဒ္ဒဗေဒယူနစ်များရှိသကဲ့သို့ စကားသံဖွဲ့ပုံတွင် အခြေခံစကားသံဖွဲ့ပုံယူနစ်များရှိကြောင်း၊ စကားသံဖွဲ့ပုံတွင် ဝဏ္ဏနှင့် သံရင်းနှစ်ခုရှိကြောင်း လေ့လာနိုင်သည်။ ဝဏ္ဏဖွဲ့ပုံမှာ စကားသံတွင်ပါသောစကားပြောဟန်မှ အသံယူနစ်၏သဘောကို လေ့လာခြင်းဖြစ်သည်။ ဘာသာစကားအတွင်းရှိ အသံယူနစ်၊ ဝဏ္ဏစနစ်ဖြစ်ပေါ်လာမှုကို အခြေခံသော သီအိုရီများ၏သဘော၊ ထပ်ဆင့်သံ၏သဘော၊ ဘာသာစကား အတွင်းရှိ အသံတို့၏ အရေအတွက် ကန့်သတ်မှုရှိသော အသံယူနစ်တို့၏သဘောကို လေ့လာနိုင်သည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာစကားတွင် အနက်အဓိပ္ပာယ်ရှိကြောင်း၊ အနက်အဓိပ္ပာယ်သည် အရေးပါကြောင်းကို သိလာနိုင်သည်။ ဘာသာဗေဒဆိုင်ရာ ပညာရပ်ခွဲများဖြင့် ဘာသာစကား၏သဘောကို သိပ္ပံနည်းကျလေ့လာနိုင်၍ အသိအမြင်ကို တိုးတက်လာစေသည်။ သဒ္ဒဗေဒသဘောအရ ဘာသာစကားတွင်ပါသော အသံ၏သဘော၊ အသံထပ်ဆင့်ပြောင်းလဲမှု၊ စကားသံဖွဲ့ပုံ သဘောကို သိရှိနိုင်သည်။

 

သုတေသနလက်တွေ့၊ မြန်မာဒေသိယစကားများ (၂)

Module No. မ ၄၁၁၀

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် သုတေသနလက်တွေ့နှင့် မြန်မာဒေသိယစကားများ(၂)တို့ ပါဝင်ပါသည်။ သုတေသနလက်တွေ့တွင် သုတေသန လက်တွေ့ပြုလုပ်ရာတွင် လိုအပ်သည့် စာကြည့်တိုက်အသုံးပြုခြင်း၊ စာစုစာရင်းပြုစုခြင်း၊ မှတ်စုထုတ်ခြင်း၊ ကျမ်းကိုးစာရင်းပြုစုခြင်း၊ သုတေသနစာတမ်းရေးသားခြင်းတို့ကို လေ့လာသင်ယူရပါမည်။ထို့ပြင် မြန်မာဒေသိယစကား(၂)တွင် နေရာဒေသအလျောက် ကွဲပြားသော ဒေသဒေသိယစကားများကို  လေ့လာသင်ယူရပါမည်။ ဗဟုသုတဖတ်စာအဖြစ် ဘာသာလောကကျမ်းစာအုပ်ကို လေ့လာရမည်။

 

Learning Outcomes

ဤသင်ခန်းစာများကို လေ့လာခြင်းဖြင့် ကျောင်းသူ၊ ကျောင်းသားများ လက်တွေ့စာတမ်းရေးသားရာတွင် အခက်အခဲမရှိ ပုံစံတကျ ရေးသားနိုင်မည်ဖြစ်ပါသည်။ မြန်မာဒေသိယစကား(၂)ကို လေ့လာခြင်းဖြင့် မြန်မာဒေသိယစကားတို့၏သဘောသဘာဝများကို သိရှိနားလည် နိုင်ပါသည်။

 

မြန်မာစာ

Module No. မ ၄၀၀၁

စတုတ္ထနှစ်၊ အင်္ဂလိပ်စာအထူးပြု အတွက် Foundation Course

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

 ဤသင်ရိုးတွင် စကားပြေ၊ ကဗျာနှင့် ဘာသာစကားဟူသည့် ကဏ္ဍသုံးရပ်လေ့လာရမည်ဖြစ်သည်။ စကားပြေကဏ္ဍတွင် ဆရာတော်ဦးဩဘာသ၏ ဝေဿန္တရာဇာတ်တော်ကြီးဝတ္ထုမှ အကြောင်းအရာပိုင်း၊ အရေးအသားပိုင်းကို လေ့လာနိုင်မည်ဖြစ်သည်။ ကဗျာကဏ္ဍတွင် စုံနံ့သာမြိုင်ရှာပုံတော်ကြီးကဗျာမှ အကြောင်းအရာပိုင်း၊ အရေးအသားပိုင်းများကို လေ့လာရမည်ဖြစ်သည်။ ဘာသာစကား ကဏ္ဍတွင် ဘာသာဗေဒ၏အခြေခံကဏ္ဍများနှင့် သဒ္ဒါလေ့လာမှုကို ဘာသာဗေဒရှုထောင့်မှ စနစ်တကျ လေ့လာသိရှိနိုင် သည်။ သဒ္ဒဗေဒတွင် သဒ္ဒဗေဒ၏အခြေခံသဘောသဘာဝကို သိရှိနိုင်ပြီး မြန်မာစကားလုံးများကို သဒ္ဒဗေဒရှုထောင့်မှ စနစ်တကျ လေ့လာနိုင်ကြမည်ဖြစ်သည်။

 

Learning Outcomes

မြန်မာဝတ္ထု၊ ကဗျာတို့၏အကြောင်းအရာနှင့်ရေးဖွဲ့ပုံများကို လေ့လာသုံးသပ် အကဲဖြတ်နိုင်သည်။ ဘာသာစကားပိုင်းတွင် မြန်မာသဒ္ဒါ လေ့လာမှုနှင့် မြန်မာစကားလုံးတို့၏ သိမှတ်ဖွယ်ရာများကိုလည်း သိမြင်နိုင်သည်။ စာပေအနုပညာ အတွေးအသိအမြင် အတွေ့အကြုံများကို ရရှိနိုင်ပါသည်။

 

မြန်မာစာ

Module No. မ ၄၀၀၂

စတုတ္ထနှစ် ၊အင်္ဂလိပ်စာအထူးပြု အတွက် Foundation Course

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် စကားပြေ၊ ကဗျာနှင့် ဘာသာစကားဟူသည့် ကဏ္ဍသုံးရပ်လေ့လာရမည်ဖြစ်သည်။ စကားပြေကဏ္ဍတွင် ဆရာကြီး ပီမိုးနင်း၏ နေရီရီဝတ္ထုမှအကြောင်းအရာပိုင်း၊ အရေးအသားပိုင်းကိုလေ့လာနိုင်သည်။ ကဗျာကဏ္ဍတွင် ကဗျာများ၏ အကြောင်းအရာများနှင့် ရေးဖွဲ့ပုံတို့ကိုလေ့လာနိုင်သည်။ ဘာသာစကားကဏ္ဍတွင် ပင်းယခေတ်၊ အင်းဝခေတ် မြန်မာကျောက်စာတို့၏ အကြောင်းအရာနှင့် ရေးထိုးပုံ တို့ကိုသိရှိနိုင်သည်။ ထို့ပြင် ဘာသာဆောင်းပါးအပိုင်းတွင် မြန်မာဘာသာစကားရှိ စကားလုံးတို့၏   သဘောသဘာဝနှင့် ပြောင်းလဲပုံများကို သိရှိနိုင်သည်။ ဘာသာပြန်ပိုင်းကို လေ့လာရာတွင် ဘာသာပြန်လုပ်ငန်း၏သဘောသဘာဝများကို လေ့လာရမည်ဖြစ်သည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းအားဖြင့် မြန်မာဝတ္ထု၊ ကဗျာတို့၏အကြောင်းအရာနှင့်ရေးဖွဲ့ပုံများ၊ ပင်းယခေတ်၊ အင်းဝခေတ် မြန်မာကျောက်စာများ၏သာသနာရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးစသောမှတ်သားဖွယ်ရာများကို သိရှိနိုင်ပါသည်။ ဘာသာ စကားပိုင်း၏ သိမှတ်ဖွယ်ရာများကိုလည်း သိမြင်နိုင်သည်။ စာပေအနုပညာ အတွေ့အကြုံများကို ရရှိနိုင်ပါသည်။

5 First Year (Honours)

ပထမနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

Eng 3001

English

3

2

2

မ ၃၂၀၁

ဝတ္ထု (၁)

4

3

2

မ ၃၂၀၂

ကဗျာ (၁)

4

3

2

မ ၃၂၀၃

ဘာသာစကား (၁)

4

3

2

မ ၃၂၀၄

ဘာသာဗေဒ၊သဒ္ဒဗေဒ (၁)

4

3

2

မ ၃၂၀၅

စာပေသဘောတရား၊ သုတေသနနည်းပညာ

4

3

2

 

Total

23

17

12

Total credit – 23pts

Total hrs - 29

 

Foundation Courses

Eng 3001 (3) English

မ ၃၀၀၉ (၃) မြန်မာစာ (အင်္ဂလိပ်စာအထူးပြုအတွက်)

Core Courses

မ ၃၂၀၁ (၄) ဝတ္ထု (၁)

မ ၃၂၀၂ (၄) ကဗျာ (၁)

မ ၃၂၀၃ (၄) ဘာသာစကား (၁)

မ ၃၂၀၄ (၄) ဘာသာဗေဒ၊ သဒ္ဒဗေဒ (၁)

မ ၃၂၀၅ (၄) စာပေသဘောတရား၊သုတေသနနည်းပညာ

မှတ်ချက်။      ။ မ ၃၂၀၃ တွင်ကျောက်စာကူးနည်းသင်ကြားရန်၊ ကျောက်စာလက်တွေ့ ရေးကူးလေ့ကျင့်ရန်။

 

ဝတ္ထု (၁)

Module No. မ ၃၂၀၁

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရှေးဝတ္ထုဖြစ်သော ပါရာယနဝတ္ထု၊ ဝေဿန္တရာဇာတ်တော်ကြီးဝတ္ထုနှင့် ဇာတကစာပေ၏ အခန်းကဏ္ဍဟူ၍ ကဏ္ဍသုံးရပ်ကို လေ့လာရမည် ဖြစ်ပါသည်။ မြန်မာစာပေသမိုင်းတွင် ပေါ်ထွန်းခဲ့သည့် အစောဆုံးရှေးဝတ္ထုနှင့် ကုန်းဘောင်ခေတ်ပေါ် ဇာတ်တော်ကြီးဝတ္ထုများကို လေ့လာရာတွင် မြန်မာစာပေအဆင့်အတန်းကိုလည်းကောင်း၊ ရှေးဝတ္ထုမှ ကိုယ်ပိုင်စကားပြေဟန်ကိုလည်းကောင်း၊ မြန်မာစာပေတွင် ဇာတက၏အခန်း ကဏ္ဍသည် မည်မျှအရေးပါပုံတို့ကိုလည်းကောင်း ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ရှေးဝတ္ထုနှင့် ဇာတ်တော်ကြီးဝတ္ထုများ၏ ဝတ္ထုအတတ်ပညာကို လေ့လာသုံးသပ် အကဲဖြတ်နိုင်ရန်၊ ဇာတကများသည် မြန်မာစာပေပုံသဏ္ဌာန်အမျိုးမျိုး ဖွံ့ဖြိုးတိုးတက်စေရန် မည်မျှအထောက်အပံ့ပြုနိုင်ပုံ၊ မြန်မာ့ယဉ်ကျေးမှု လူမှုပတ်ဝန်းကျင် ကို မည်မျှအကျိုးပြုနိုင်ပုံတို့ကို သိရှိစေရန်၊ ရှေးဝတ္ထုများမှတစ်ဆင့် မြန်မာ့ဓလေ့ဆိုင်ရာအဆုံးအမများဖြင့် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး တို့တွင် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်လာစေရန်၊ ဝတ္ထု၊ ဇာတ်တော်ကြီးများလာ ရသအသိအမြင်တို့မှတစ်ဆင့် မြန်မာ့လူမှုဘဝ လက်တွေ့နယ်ပယ်တွင် မည်သို့အသုံးချနိုင်မည်ကို သိရှိစေရန်ဟူသော အကျိုးများရရှိနိုင်မည် ဖြစ်ပါသည်။

 

ကဗျာ (၁)

Module No. မ ၃၂၀၂

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ခေတ်အလိုက်ပေါ်ထွန်းသည့် ရှေးကဗျာများဖြစ်သော ကိုးခန်းပျို့၊ ပလိပ်စားဧချင်း၊ ရတုရွေးချယ်ချက်ဟူ၍ ကဏ္ဍသုံးရပ်ကို လေ့လာရပါမည်။ ဗဟုသုတဖတ်စာတွင် စာဆိုတော်များအတ္ထုပ္ပတ္တိ ပါဝင်ပါသည်။ ထိုရှေးကဗျာစာပေအမျိုးအစားများမှ အကြောင်း အရာပိုင်း၊ အရေးအသားပိုင်းကို ခွဲခြားလေ့လာရပါမည်။ ကဗျာအမျိုးအစားပေါ်မူတည်၍ အကြောင်းအရာကွဲပြားသွားပုံ၊ အရေးအဖွဲ့ တူညီပုံနှင့် ကွဲပြားပုံများ၊ ကဗျာကောင်းတို့၏ လက္ခဏာရပ်များကို ဝေဖန်သုံးသပ် ဖော်ထုတ်လေ့လာရမည်ဖြစ်ပါသည်။ စာဆိုတော်များ အတ္ထုပ္ပတ္တိတွင် စာဆိုတော်များ၏ဂုဏ်ရည်ကို လေ့လာနိုင်ပါမည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့် ကဗျာစာပေလမ်းကြောင်း၊ ရှေးကဗျာတို့၏ သဘောသဘာဝများကို သိရှိနိုင်စေရန်၊ ကဗျာ၏   အတတ်ပညာများကို လေ့လာဖော်ထုတ်ကာ စာပေအဆင့်အတန်းကို လေ့လာအကဲဖြတ်နိုင်ရန်၊ စာပေအမျိုးအစားအလိုက် အကြောင်းအရာပေါ် မူတည်ကာ ရသအသိအမြင်မှတစ်ဆင့် မြန်မာ့ယဉ်ကျေးမှု လူနေမှုဘဝ  ပတ်ဝန်းကျင်ကို သိရှိလိုက်နာ ကျင့်သုံးပြုမူ နေထိုင်တတ်စေရန်၊ ကဗျာများမှတစ်ဆင့် ရရှိလာသည့် မျိုးချစ်စိတ်၊ ဇာတ်မာန်စိတ်များ ဖြစ်ပေါ်ရှင်သန်စေရန်၊ မိမိလူမျိုး၊ မိမိနိုင်ငံ၊ မိမိရေမြေသဘာဝ ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတတ်လာစေရန်တို့ ဖြစ်ပါသည်။

 

ဘာသာစကား (၁)

Module No. မ ၃၂၀၃

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရှေးဦးမြန်မာစကားပြေအရေးအသားဖြစ်သော မြန်မာကျောက်စာ၊ မွန်ကျောက်စာ၊ မြန်မာအက္ခရာသမိုင်း တို့ကို လေ့လာရပါမည်။ မြန်မာကျောက်စာတွင် ပုဂံခေတ်မြန်မာကျောက်စာရွေးချယ်ချက်ကိုလည်းကောင်း၊ မွန်ကျောက်စာတွင် ရာဇကုမာရ်  မွန်ကျောက်စာကိုလည်းကောင်း လေ့လာရမည်ဖြစ်ပါသည်။ ထို့ပြင် မြန်မာကျောက်စာကို လေ့လာရာ၌ ကျောက်စာကူးနည်းကို လက်တွေ့ လေ့လာရမည် ဖြစ်ပါသည်။ ကျောက်စာများကိုလေ့လာရာတွင် အကြောင်းအရာပိုင်း၊ အရေးအသားပိုင်းဟူ၍ နှစ်ပိုင်းခွဲကာ    လေ့လာရပါမည်။ မြန်မာအက္ခရာသမိုင်းကို လေ့လာရာတွင် မြန်မာအက္ခရာတို့၏ သမိုင်းစဉ်၊ မည်သည့်အက္ခရာမှ ဆင်းသက်လာပုံ၊ အက္ခရာတို့၏ ပုံသဏ္ဌာန် များကို လေ့လာနိုင်မည် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် အကြောင်းအရာပိုင်းတွင် မြန်မာကျောက်စာများသည် ကုသိုလ်ရှင်တို့၏ ကောင်းမှုကုသိုလ်၊ စေတနာ သဒ္ဓါတရားများမှ အခြေခံ၍ မော်ကွန်းတင်ခြင်းဖြစ်ရာ မြန်မာစာပေတစ်ရပ်အဖြစ် ပေါ်ထွန်းလာပုံ၊ ပုဂံကျောက်စာများမှ ပုဂံခေတ်လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ သာသနာရေး မှတ်သားဖွယ်ရာများကို သိရှိစေနိုင်ပုံ၊ အရေးအသားပိုင်းတွင် ရှေးမြန်မာအက္ခရာအရေးအသားတို့၏ ရေးထုံး၊ ပြောင်းထုံး၊ စာလုံးပေါင်းပုံ၊ စကားလုံး၊ ရင်းမြစ်တို့ကို သိရှိစေနိုင်ရန်၊ မွန်၊ မြန်မာ ဘာသာစကားနှစ်မျိုးကိုယှဉ်၍ ဝေါဟာရ စကားအသုံးအနှုန်း၊ ပြောင်းထုံး၊ ဝါကျဖွဲ့ထုံး၊ သဒ္ဒါဆိုင်ရာများကို သိရှိနိုင်စေရန်၊ ကျောက်စာ များလာ ရသအသိအမြင်မှတစ်ဆင့် မြန်မာတို့၏ စေတနာသဒ္ဓါတရား၊ ကုသိုလ်စိတ်၊ သူတစ်ပါးအပေါ် မေတ္တာထားနိုင်ခြင်း၊ ကိုယ်ချင်းစာတရားထွန်းကားလာခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန် လာစေခြင်း ဖြစ်စေလာပုံတို့ကို သိရှိနိုင်ရန်  ဖြစ်ပါသည်။

 

ဘာသာဗေဒ၊ သဒ္ဒဗေဒ (၁)

Module No. မ ၃၂၀၄

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာဗေဒ၊ သဒ္ဒဗေဒနှင့် မြန်မာဘာသာစကားကို ဘာသာဗေဒအမြင်ဖြင့် လေ့လာခြင်းဟူ၍ ကဏ္ဍသုံးရပ် လေ့လာရပါမည်။ ဘာသာဗေဒတွင် ဘာသာစကား၏ဝိသေသလက္ခဏာများ၊ ဘာသာစကားဖွဲ့စည်းပုံ၊ ဘာသာစကား၏လုပ်ငန်းတာဝန်၊ ဘာသာမျိုးရိုးတို့ကို လေ့လာနိုင်မည်ဖြစ်ပါသည်။ သဒ္ဒဗေဒကိုလေ့လာရာတွင် စကားသံ၏သဘောသဘာဝ၊ အသံနှင့်စကားသံကွဲပြားမှု၊ စကားသံထုတ်လုပ်ပုံ၊ စကားသံဖြစ်ရန်အတွက် အင်္ဂါအစိတ်အပိုင်းများကို လေ့လာရပါမည်။ မြန်မာဘာသာစကားကို ဘာသာဗေဒ  အမြင်ဖြင့် လေ့လာရာတွင် မြန်မာသဒ္ဒဗေဒဖတ်စာ၊ မြန်မာစကား မြန်မာစာရုပ်ပုံလွှာတို့ကို လေ့လာရမည်ဖြစ်ပါသည်။ ဗဟုသုတဖတ်စာအဖြစ် ဘာသာလောကကျမ်းစာအုပ်ကိုလည်း လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာဗေဒသည် ဘာသာစကားကို သိပ္ပံနည်းကျကျသရုပ်ဖော်သည့် ပညာရပ်ဖြစ်ကြောင်း သိရှိနိုင်စေရန်၊ ဘာသာစကား၏ ဖွဲ့စည်းတည်ဆောက်ပုံအဆင့်ဆင့်ကို ဘာသာဗေဒနည်းဖြင့် ခွဲခြမ်းစိတ်ဖြာ သရုပ်ဖော်တတ်စေရန်၊ သဒ္ဒဗေဒ၏ သဘောသဘာဝကို လေ့လာသိရှိစေရန်၊ သဒ္ဒဗေဒကို လေ့လာခြင်းဖြင့် ကမ္ဘာပေါ်ရှိ ဘာသာစကားတို့ကို သဒ္ဒဗေဒအက္ခရာဖြင့် အလွယ်တကူ လေ့လာနိုင်ကြောင်း သိရှိစေရန်၊ မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများကို ဘာသာဗေဒအမြင်ဖြင့် ဖော်ထုတ်ရာ၌ စကားသံဖြစ်ပေါ်မှု တို့၏ သဘောသဘာဝ ဘာသာစကား၏သဘောသဘာဝကို လေ့လာသိရှိနိုင်စေရန်တို့ ဖြစ်ပါသည်။

 

စာပေသဘောတရား၊ သုတေသနနည်းပညာ

Module No. မ ၃၂၀၅

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရသစာပေသဘောတရား၊ ကမ္ဘာ့စာပေသဘောတရား၊ သုတေသနနည်းပညာဟူ၍ ကဏ္ဍသုံးရပ်ကို လေ့လာရမည် ဖြစ်ပါသည်။ ရသစာပေသဘောတရားတွင် ရသ၏သဘာဝ၊ ရသ၏အမျိုးအစား၊ ရသ၏ရည်ရွယ်ချက်၊ ရသ၏ပုံသဏ္ဌာန်၊ ရသစာပေ ဖန်တီးမှုများ တို့ကိုလေ့လာနိုင်ပါသည်။ ကမ္ဘာ့စာပေသဘောတရားတွင် စာပေသဘောတရား၏ အခြေခံကျမ်း၊ ဝေဖန်ရေး အခြေခံကျမ်း၊ ရသပညာများကို ဝေဖန်သုံးသပ် ခွဲခြမ်းစိတ်ဖြာ လေ့လာရပါမည်။ သုတေသနနည်းပညာတွင်မူ သုတေသနတစ်ခုပြုရာ၌ လိုအပ်သည့် အခြေခံအချက်များကို ဦးတည်လေ့လာရမည် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ရသစာပေ၏သဘောတရားများ၊ ကမ္ဘာ့စာပေ၏ သဘောတရားများကို နှိုင်းယှဉ်လေ့လာ ဖော်ထုတ်နိုင်ရန်၊ ရသစာပေသဘောတရားများမှ အတွေးအမြင် အယူအဆတို့ကို ဖော်ထုတ်ပြနိုင်ရန်၊ သုတေသနနည်းပညာကို လေ့လာခြင်းဖြင့် သုတေသန ပြုရာ၌ အခြေခံအချက်များကို အသုံးပြု၍ သုတေသနကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း လက်တွေ့ လုပ်ဆောင်ရန်တို့ဖြစ်ပါသည်။

-----------------------------------------------------------------------------

ဒုတိယနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

Eng 3002

English

3

2

2

မ ၃၂၀၆

ဝတ္ထု (၂)

4

3

2

မ ၃၂၀၇

ကဗျာ (၂)

4

3

2

မ ၃၂၀၈

ဘာသာစကား (၂)

4

3

2

မ ၃၂၀၉

ဘာသာဗေဒ၊သဒ္ဒဗေဒ (၂)

4

3

2

မ ၃၂၁၀

ကမ္ဘာ့စာပေနိဒါန်း၊ ဘာသာပြန်၊ သုတေသနလက်တွေ့

4

3

2

 

Total

23

17

12

Total credit – 23pts

Total hrs - 29

 

Foundation Courses

Eng 3002 (3) English

မ ၃၀၁၀ (၃) မြန်မာစာ (အင်္ဂလိပ်စာအထူးပြုအတွက်)

Core Courses

မ ၃၂၀၆ (၄) ဝတ္ထု (၂)

မ ၃၂၀၇ (၄) ကဗျာ (၂)

မ ၃၂၀၈ (၄) ဘာသာစကား (၂)

မ ၃၂၀၉ (၄) ဘာသာဗေဒ၊ သဒ္ဒဗေဒ (၂)

မ ၃၂၁၀ (၄) ကမ္ဘာ့စာပေနိဒါန်း၊ ဘာသာပြန်၊ သုတေသနလက်တွေ့

 

ဝတ္ထု (၂)

Module No. မ ၃၂၀၆

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ခေတ်ဝတ္ထုများဖြစ်သော မှာတော်ပုံဝတ္ထု၊ နေညိုညိုဝတ္ထု၊ ကြိုးကြာတောင်ပံခတ်သံဝတ္ထုဟူ၍ ဝတ္ထုသုံးပုဒ်ကို လေ့လာရပါမည်။ ထိုဝတ္ထုများကို လေ့လာရာတွင် ခေတ်ဝတ္ထုတို့၏သဘောသဘာဝ၊ ခေတ်ဝတ္ထုထွန်းကားလာပုံ၊ ဝတ္ထုပါအကြောင်းအရာ များကို ဝတ္ထုရှည်သဘောတရား အတတ်ပညာဆိုင်ရာနည်းနာများဖြင့် ချဉ်းကပ်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ခေတ်ဝတ္ထုတို့၏သဘောသဘာဝ၊ ခေတ်ဝတ္ထုများထွန်းကားလာပုံကို သိရှိနိုင်စေရန်၊ ခေတ်ဝတ္ထု များသည် မြန်မာစာပေတွင် မည်သည့်အတွက် နေရာယူနိုင်ကြောင်းကို သတိပြုနိုင်စေရန်၊ ဝတ္ထုများကိုလေ့လာခြင်းဖြင့် ရသအသိမှတစ်ဆင့် လူ့လောကဝန်းကျင်ကို ဆင်ခြင်သတိပြုကာ လက်တွေ့လူ့လောက ပတ်ဝန်းကျင်နှင့် အသုံးချကာ လောကအကျိုးပြု ဆောင်ရွက်တတ်လာ  နိုင်စေရန်၊ ဘဝအောင်မြင်ရေးဆောင်ရွက်ရာတွင် အသုံးချနိုင်ရန် အကျိုးတရားများကို ရရှိစေမည်ဖြစ်ပါသည်။

 

ကဗျာ (၂)

Module No. မ ၃၂၀၇

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် စာပေကဏ္ဍလာ ကဗျာအမျိုးအစားတွင်ပါဝင်သော ရကန်၊ ဧချင်းနှင့် ခေတ်ကဗျာများပါဝင်ပါသည်။ ရှေးစာပေ ဖြစ်သော ရာမရကန်နှင့် ပလိပ်စားဧချင်းတို့ကိုလည်းကောင်း၊ ခေတ်ကဗျာများတွင် ရွေးချယ်ချက်ကိုလည်းကောင်း လေ့လာရမည် ဖြစ်ပါသည်။ ရကန်စာပေတွင် ရကန်၏သဘောသဘာဝနှင့် အရေးအဖွဲ့များကိုလည်းကောင်း၊ ဧချင်းတွင် အကြောင်းအရာနှင့် အရေးအဖွဲ့ကိုလည်းကောင်း လေ့လာရပါမည်။ ခေတ်ကဗျာတွင်မူ ကဗျာအကြောင်းအရာအမျိုးအစားပေါ်မူတည်၍ ကဗျာဆရာ၏ အတွေးအရေးတို့ကို ဆက်စပ်၍ ဦးတည်လေ့လာရမည် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာစာပေတွင် စံထားရသော ရှေးကဗျာ၊ ခေတ်ကဗျာတို့၏ သဘောသဘာဝကိုသိရှိစေရန်၊ မြန်မာစာပေသမိုင်းတွင် ဂန္ထဝင်စာပေ ကဗျာတို့၏တန်ဖိုးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ကဗျာအမျိုးအစားပေါ်မူတည်၍ ကဗျာ အတတ်ပညာကို လေ့လာဖော်ထုတ်နိုင်စေရန်၊ ခေတ်ကဗျာများတွင် ကဗျာစာဆိုတို့၏ အတွေးသစ်အမြင်သစ်တို့မှတစ်ဆင့် စာဖတ်သူတို့ အတွေးသစ်၊ အမြင်သစ်၊ ခံစားမှုသစ်၊ ဘဝအသိ ဘဝအားမာန်များ ဖြစ်ပေါ်နိုင်စေရန်တို့ဖြစ်ပါသည်။

 

ဘာသာစကား (၂)

Module No. မ ၃၂၀၈

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရှေးဦးမြန်မာစကားပြေဖြစ်သော မြန်မာကျောက်စာ၊ မင်စာ၊ မွန်-မြန်မာအက္ခရာသမိုင်းဟူ၍ ကဏ္ဍသုံးရပ်ကို လေ့လာရပါမည်။ မြန်မာကျောက်စာများတွင် အလှူမှတ်တမ်းအကြောင်းအရာများ ကျယ်ပြန့်လာပုံ၊ အရေးအသားများတွင် ပုဂံခေတ်ဦး ကထက် အရေးအသားပိုင်းတိုးတက်လာပုံ၊ ပုဂံခေတ်မင်စာတွင် မင်စာ၏သဘောသဘာဝ၊ အရေးအသား၊ သဒ္ဒါဖွဲ့ထုံး၊ ပြောင်းထုံး၊ စကားလုံး ရင်းမြစ်၊ အနက် စသည်တို့ကို လေ့လာရပါမည်။ မွန်-မြန်မာအက္ခရာသမိုင်းတွင် ဘာသာစကား၏အရင်းအမြစ်၊ ဘာသာစကားသမိုင်း စသည် တို့ကို ဦးတည်လေ့လာရမည် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ပုဂံကျောက်စာများသည် မြန်မာစာပေဟူ၍ ပေါ်ပေါက်လာပုံကို တိကျခိုင်မာစွာ ညွှန်ပြနိုင်သည့် အတွင်းသက်သေတစ်ရပ်ဖြစ်ကြောင်း သိရှိစေရန်၊ မြန်မာစာပေ၏ အဦးအစဖြစ်သော ကျောက်စာ၊ မင်စာတို့၏ အကြောင်းအရာ၊ သဘော သဘာဝကို သိရှိနိုင်စေရန်၊ မြန်မာဘာသာစကား၊ မြန်မာစာပေအတွက် ရှေးမြန်မာတို့၏ လုံ့လပြုဆောင်ရွက်ချက်များကို လေးစားဂုဏ်ယူ တတ်စေရန်၊ ကျောက်စာ၊ မင်စာတို့၏ အကြောင်းအရာများပေါ်မှ လေးစားဆင်ခြင် အတုယူဖွယ်သင်ခန်းစာများကို လက်တွေ့ကျင့်ကြံ အသုံးပြုနိုင်စေရန် ဖြစ်ပါသည်။

 

ဘာသာဗေဒ၊ သဒ္ဒဗေဒ (၂)

Module No. မ ၃၂၀၉

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာဗေဒ၊ သဒ္ဒဗေဒနှင့် မြန်မာဘာသာစကားကို ဘာသာဗေဒအမြင်ဖြင့် လေ့လာခြင်းဟူ၍ ကဏ္ဍသုံးရပ်ဖြင့် လေ့လာရပါမည်။ ဘာသာဗေဒတွင် ဘာသာစကား၏အခြေခံကဏ္ဍများ၊ သဒ္ဒါလေ့လာမှုဆိုင်ရာ စကားလုံးအမျိုးအစား၊ စကားလုံးဖွဲ့ထုံး၊ ဝါကျဖွဲ့ထုံးများကို လေ့လာနိုင်မည်ဖြစ်ပါသည်။ သဒ္ဒဗေဒကို လေ့လာရာတွင် ဗျည်း၊ သရသတ်မှတ်ချက်၊ သရုပ်ဖော်ချက်၊ တက်ကျသံ၊ ဝဏ္ဏဖွဲ့ပုံများကို လေ့လာရပါမည်။ မြန်မာဘာသာစကားကို ဘာသာဗေဒအမြင်ဖြင့်လေ့လာရာတွင် မြန်မာစာ၊ မြန်မာစကားရုပ်ပုံလွှာတို့ကို ဦးတည်လေ့လာရပါမည်။ ဗဟုသုတဖတ်စာအဖြစ် ဘာသာလောကကျမ်းစာအုပ်ကိုလည်း လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာဗေဒ၏အခန်းကဏ္ဍဖြစ်သော အခြေခံကဏ္ဍများကို သိရှိနိုင်စေရန်၊ ဘာသာစကား၏ ဖွဲ့စည်း တည်ဆောက်ပုံအဆင့်ဆင့်ကို ဘာသာဗေဒနည်းဖြင့် ခွဲခြမ်းစိတ်ဖြာသရုပ်ဖော်တတ်စေရန်၊ သဒ္ဒဗေဒကိုလေ့လာခြင်းဖြင့် မြန်မာဘာသာစကား ၏ ဗျည်း၊ သရသတ်မှတ်ချက်၊ သရုပ်ဖော်ချက်များကို သိရှိနိုင်စေရန်၊ ကမ္ဘာပေါ်ရှိ ဘာသာစကားများကို အသံထွက် လေ့လာရာတွင် သဒ္ဒဗေဒအက္ခရာဖြင့် အလွယ်တကူလေ့လာနိုင်ကြောင်း သိရှိစေရန်၊ မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာများကို ဘာသာဗေဒအမြင်ဖြင့် ဖော်ထုတ်နိုင်ရန်တို့ ဖြစ်ပါသည်။

 

ကမ္ဘာ့စာပေနိဒါန်း၊ ဘာသာပြန်၊ သုတေသနလက်တွေ့

Module No. မ ၃၂၁၀

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ကမ္ဘာ့စာပေနိဒါန်း၊ ဘာသာပြန်နှင့် သုတေသနလက်တွေ့ဟူ၍ ကဏ္ဍသုံးရပ်ပါဝင်ပါသည်။ ကမ္ဘာ့စာပေနိဒါန်းတွင် အရှေ့တိုင်းစာပေသမိုင်းများနှင့် အနောက်တိုင်းစာပေသမိုင်းများကို လေ့လာရပါမည်။ ဘာသာပြန်တွင် ပညာရှင်ပုဂ္ဂိုလ်(၅)ဦး၏ ဘာသာပြန် သဘောတရား အယူအဆများကို လေ့လာရပါမည်။ သုတေသနလက်တွေ့တွင်မူ သုတေသနပြုရာ၌ မရှိမဖြစ် သိသင့်သည့် အချက်များကို လေ့လာပြီး သုတေသနလက်တွေ့လုပ်ဆောင်နိုင်ရန် ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ကမ္ဘာ့စာပေသမိုင်းကို သိရှိမှတ်သားနိုင်စေရန်၊ မိမိတို့၏ စာပေသမိုင်းနှင့် နှိုင်းယှဉ်လေ့လာသုံးသပ် နိုင်ရန်၊ ဘာသာပြန်ရာတွင် သိသင့်သည့်အချက်များကို မှတ်သားနာယူနိုင်စေရန်၊ သုတေသနနည်းပညာကိုလေ့လာခြင်းဖြင့် လက်တွေ့ သုတေသန ပြုရာ၌ သုတေသနကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း လက်တွေ့လုပ်ဆောင်နိုင်စေရန်တို့ဖြစ်ပါသည်။

 

မြန်မာစာ

Module No. မ ၃၀၀၉

ပထမနှစ်ဂုဏ်ထူးတန်း၊ အင်္ဂလိပ်စာအထူးပြု အတွက် Foundation Course

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရှေးဝတ္ထု၊ ပျို့ကဗျာ၊ ဘာသာစကားဟူ၍ ကဏ္ဍသုံးရပ်လေ့လာရမည်ဖြစ်သည်။ ရှေးဝတ္ထုကဏ္ဍဖြစ်သော ပါရာယနဝတ္ထု ကိုလေ့လာရာတွင် ရှေးဝတ္ထုသဘောသဘာဝနှင့် ဝတ္ထုပါအကြောင်းအရာ၊ အရေးအသားတို့ကို လေ့လာနိုင်သည်။ ကဗျာကဏ္ဍဖြစ်သော ပျို့ကိုလေ့လာရာတွင် လောကသာရပျို့၌ပါရှိသည့် လောကီ၊ လောကုတ္တရာ ဆုံးမစာသဘော၊ ကဗျာ အကြောင်း အရာ၊ အရေးအဖွဲ့စွမ်းရည်တို့ကို လေ့လာသုံးသပ်နိုင်ပါသည်။ ဘာသာစကား (ဘာသာဗေဒ၊ သဒ္ဒဗေဒ)လေ့လာရာတွင် ဖွင့်ဆိုသတ်မှတ်ချက်၊ စိတ်ကူးထင်ရာသတ်မှတ်မှု၊ အသံ၊ အဓိပ္ပာယ်၊ ပြောင်းလဲမှု၊ တိုးပွားမှု၊ သဒ္ဒဗေဒရေးနည်းစနစ်တို့ကို  သိပ္ပံနည်းကျကျ လေ့လာနိုင်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ရှေးစာပေတို့တွင်တွေ့ရသောဘာသာရေး၊ လူမှုရေး၊ စီးပွားရေးလမ်းညွှန်ချက်များ၊ စာဆိုတို့၏ ရေးဟန်များ စွမ်းရည်များ၊ ဘာသာစကားကိုလေ့လာခြင်းဖြင့် မြန်မာဘာသာစကားကို သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုများ၊ အတွေးသစ် အမြင်သစ်များ တိုးပွားရရှိနိုင်ပါသည်။

 

မြန်မာစာ

Module No. မ ၃၀၁၀

ပထမနှစ်ဂုဏ်ထူးတန်း၊ အင်္ဂလိပ်စာအထူးပြု အတွက် Foundation Course

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် စကားပြေ၊ ကဗျာ၊ ဘာသာစကား၊ ဘာသာပြန်(နည်းနာ၊ လက်တွေ့)ဟူ၍ အပိုင်းလေးပိုင်းလေ့လာရမည်ဖြစ်သည်။ စကားပြေကဏ္ဍတွင် ကြိုးကြာတောင်ပံခတ်သံဝတ္ထုကို သုတ၊ ရသ အကြောင်းအရာ ရှုထောင့်စုံမှ ဦးတည်ချက်ရောက်အောင်    ပို့ဆောင်ထားပုံ ကို လေ့လာသုံးသပ်ရပါမည်။ ကဗျာကဏ္ဍတွင် ရှေးကဗျာ၊ ခေတ်ကဗျာတို့၏ရည်ရွယ်ချက်၊ ကဗျာကောင်းလက္ခဏာ အရေးအဖွဲ့တို့ကို လေ့လာသုံးသပ်ရပါမည်။ ဘာသာစကား (မြန်မာကျောက်စာ)တွင် ပါဝင်သော ပုဂံခေတ်လူနေမှုစနစ်၊ ဘာသာရေး၊ စီးပွားရေး၊ ခေတ်ကြေးမုံ အပြင် စာပေအဆင့်အတန်းကို လေ့လာရပါမည်။ ဘာသာပြန်(နည်းနာ၊ လက်တွေ့)များကို လေ့လာခြင်းဖြင့် မြန်မာစာ  ဘာသာစကားနယ်ပယ် တိုးတက်လာအောင် လေ့လာရပါမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းအားဖြင့် မြန်မာ စာပေ၊ ဘာသာ အဖွဲ့အစည်းနှစ်ရပ်လုံးအတွက် သိမှတ်ဖွယ်ရာများ အတွေးသစ် အမြင်သစ် များ ရရှိနိုင်ပါသည်။

6 Second Year (Honours)

ပထမနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

Eng 4001

English

3

2

2

မ ၄၂၀၁

ဝတ္ထု

4

3

2

မ ၄၂၀၂

ပျို့

4

3

2

မ ၄၂၀၃

ဘာသာစကား (၁)

4

3

2

မ ၄၂၀၄

ဘာသာဗေဒ၊သဒ္ဒဗေဒ (၁)

4

3

2

မ ၄၂၀၅

သုတေသနနည်းပညာ၊ မြန်မာဒေသိယစကားများ(၁)

4

3

2

 

Total

23

17

12

Total credit – 23pts

Total hrs - 29

 

Foundation Courses

Eng 4001 (3) English

မ ၄၀၀၉ (၃) မြန်မာစာ (အင်္ဂလိပ်စာအထူးပြုအတွက်)

Core Courses

မ ၄၂၀၁ (၄) ဝတ္ထု

မ ၄၂၀၂ (၄) ပျို့

မ ၄၂၀၃ (၄) ဘာသာစကား (၁)

မ ၄၂၀၄ (၄) ဘာသာဗေဒ၊ သဒ္ဒဗေဒ (၁)

မ ၄၂၀၅ (၄) သုတေသနနည်းပညာ၊ မြန်မာဒေသိယစကားများ (၁)

 

ဝတ္ထု

Module No. မ ၄၂၀၁

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရသစာပေအနွယ်ဝင် ဝတ္ထုစာပေဖြစ်သော ငါးရာ့ငါးဆယ်ဝတ္ထုများနှင့် ခေတ်ဝတ္ထုဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါ သည်။ ညောင်ကန်ဆရာတော်၏ ငါးရာ့ငါးဆယ်ဇာတ်တော်ကြီးဝတ္ထုများဖြစ်ပြီး ဇာတ်တော်ကြီးများမှ အကြောင်းအရာပိုင်းကိုလည်းကောင်း၊ အရေးအသားတွင် ဆရာတော်၏ စကားပြေအရေးအဖွဲ့စွမ်းရည်ကိုလည်းကောင်း လေ့လာရမည်ဖြစ်ပါသည်။ ခေတ်ဝတ္ထုတွင် တက္ကသိုလ် ဘုန်းနိုင်၏ နှင်းငွေတစ်ထောင့်မိုးတစ်မှောင့်ဝတ္ထုဖြစ်ပြီး အကြောင်းအရာနှင့် စာဆို၏ဝတ္ထုဖန်တီးမှုအတတ်ပညာများကို ဦးတည်လေ့လာရမည် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ငါးရာ့ငါးဆယ်ဇာတ်တော်ကြီးဝတ္ထုများမှ လိုက်နာမှတ်သား အတုယူဖွယ်များကို သိရှိစေရန်၊ ကုန်းဘောင်ခေတ်စကားပြေအရေးအသားကို သိရှိနိုင်ရန်၊ ဝတ္ထုရှည်၏သဘောသဘာဝကို သိရှိစေရန်၊ ဝတ္ထုအတတ်ပညာများကို လေ့လာ သိရှိစေရန်၊ ဝတ္ထုကောင်းဖြစ်စေရန် ဝတ္ထုအင်္ဂါရပ်များသည် အချိုးညီစွာ ဖန်တီးပုံဖော်မှု အရေးပါပုံကို သိရှိစေရန်၊ ရသမြောက်ဝတ္ထုကောင်း မှတစ်ဆင့် မြန်မာ့လူနေမှုဘဝတွင် ဆင်ခြင်သိမှတ်ဖွယ်၊ အတုယူဖွယ် ဘဝအသိသင်ခန်းစာများကို လက်တွေ့ ဘဝတွင် အသုံးချနိုင်စေရန် ဖြစ်ပါသည်။

 

ပျို့

Module No. မ ၄၂၀၂

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရသစာပေတွင်ပါဝင်သော ရှေးကဗျာအမျိုးအစား ပျို့စာပေကို လေ့လာရပါမည်။ လေ့လာရာတွင် ရှင်အဂ္ဂသမာဓိ၏ နေမိဘုံခန်းပျို့နှင့် တွင်းသင်းမင်းကြီးဦးထွန်းညို၏ ဘလ္လာတိယပျို့တို့ဖြစ်ပါသည်။ ထိုပျို့များကိုလေ့လာရာတွင် ပျို့စာပေ၏သဘောသဘာဝ၊ ပျို့ပါအကြောင်းအရာများ၊ စာဆိုတို့၏ရသမြောက်အရေးအဖွဲ့စွမ်းရည်များကို ခွဲခြမ်းစိတ်ဖြာ စိစစ်ဖော်ထုတ် လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ပျို့စာပေ၏သဘောသဘာဝကို သိရှိစေရန်၊ ဘုရားဟောဇာတ်တော်များကို ပျို့စာပေအသွင်ဖန်တီးပုံ  ကို သိရှိစေရန်၊ ပျို့ပါအကြောင်းအရာများကို စာဆိုတို့၏အရေးအဖွဲ့တို့ဖြင့် မည်သို့ပေါ်လွင်စွာ ရေးဖွဲ့ထားသည်ကို သိရှိစေရန်၊ ပျို့စာပေ များမှတစ်ဆင့် မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သိမှတ်ဖွယ်ရာများကို သိရှိလာစေရန်၊ ယဉ်ကျေးလိမ္မာအောင် ဆုံးမသွန်သင် နိုင်သည့်အပြင် ဗုဒ္ဓတရားတော်နှင့်အညီ ကျင့်ကြံနေထိုင်သောမြန်မာတို့၏ မြန်မာမှုအလှများကို နှစ်သက်မြတ်နိုး တန်ဖိုးထားတတ် အောင် လမ်းပြနိုင်သော စာပေတစ်ရပ်ဖြစ်ကြောင်း သိရှိနိုင်စေရန်ဖြစ်ပါသည်။

 

ဘာသာစကား (၁)

Module No. မ ၄၂၀၃

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် မြန်မာကျောက်စာနှင့် မွန်ကျောက်စာဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ မြန်မာကျောက်စာတွင် ပင်းယ၊ အင်းဝခေတ် ကျောက်စာများကိုလည်းကောင်း၊ မွန်ကျောက်စာတွင် ရွှေစည်းခုံမွန်ကျောက်စာ (က)(ခ) မျက်နှာ များကိုလည်းကောင်း လေ့လာရမည် ဖြစ်ပါသည်။ မြန်မာကျောက်စာများကို လေ့လာရာ၌ အကြောင်းအရာပိုင်းတွင် ထိုခေတ်၏ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဘာသာရေး စသည်ဖြင့်လေ့လာရပါမည်။ အရေးအသားပိုင်းတွင် ပင်းယ၊ အင်းဝခေတ်ကျောက်စာများမှ အလှူမှတ်တမ်းတင်ပုံ၊ ကျောက်စာစကားပြေ  အရေးအသားအဆင့်ဆင့်တို့ကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာရပါမည်။ ရွှေစည်းခုံမွန်ကျောက်စာတွင် ကျောက်စာ၏ဘာသာပြန်၊ စာလုံးပေါင်း ပြောင်းပုံ၊ ပြောင်းထုံးများ၊ စကားလုံးရင်းမြစ်များကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာရမည် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာကျောက်စာများသည် ကုသိုလ်ရှင်တို့၏ ကောင်းမှုကုသိုလ်၊ စေတနာသဒ္ဓါတရားများမှ အခြေခံ၍ မော်ကွန်းတင်ခြင်းဖြစ်ပုံ၊ ပင်းယ၊ အင်းဝခေတ် လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ သာသနာရေး သိမှတ်ဖွယ်များ သိရှိနိုင်ပုံ၊ အရေးအသားပိုင်း တွင် ရှေးမြန်မာအရေးအသားစကားလုံးများ၏ ရင်းမြစ်၊ ရေးထုံး၊ စာလုံးပေါင်း၊ ယနေ့ခေတ်နှင့်မတူပုံ၊ မွန်မြန်မာ ဘာသာစာပေနှစ်မျိုးကို နှိုင်းယှဉ်၍ ဝေါဟာရ၊ စကားအသုံးအနှုန်း၊ ဝါကျဖွဲ့ထုံး၊ သဒ္ဒါတို့ကို သိရှိနိုင်စေရန်၊ ဤကျောက်စာများကို လေ့လာခြင်းဖြင့် ရသအသိအမြင် မှတစ်ဆင့် မြန်မာတို့၏ စေတနာသဒ္ဓါတရား၊ ကုသိုလ်စိတ်၊ သူတစ်ပါးအပေါ်မေတ္တာထားနိုင်ပုံ၊ ကိုယ်ကျင့်တရားကောင်းမွန်လာစေနိုင်ပုံတို့ကို သိရှိစေရန်ဖြစ်ပါသည်။

 

ဘာသာဗေဒ၊ သဒ္ဒဗေဒ (၁)

Module No. မ ၄၂၀၄

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာဗေဒနှင့် သဒ္ဒဗေဒဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်သည်။ ဘာသာဗေဒတွင် အစဉ်အလာသဒ္ဒါ၊ အစဉ်အလာနှင့် ဘာသာဗေဒအမြင်၊ ခေတ်သစ်သဒ္ဒါများကို လေ့လာရမည်ဖြစ်ပါသည်။ သဒ္ဒဗေဒတွင် အခြေခံသရစနစ်၊ သံရင်းအမျိုးအစားများနှင့် လက်တွေ့ သဒ္ဒဗေဒတို့ကို လေ့လာရပါမည်။ လက်တွေ့သဒ္ဒဗေဒတွင်မူ သဒ္ဒဗေဒအက္ခရာများနှင့် လက်တွေ့ဘာသာပြန်ခြင်းများကို ဦးတည်လေ့လာ ရပါမည်။ ဗဟုသုတဖတ်စာအဖြစ် မြန်မာသဒ္ဒဗေဒဖတ်စာ စာအုပ်ကို လေ့လာရမည်။

 

Learning Outcomes

          ဤသင်ရိုးများကိုလေ့လာခြင်းဖြင့် ဘာသာစကားပေါ်ပေါက်သည်မှ ယှဉ်တွဲ၍ပါလာသော သဒ္ဒါအကြောင်းကို သိရှိစေရန်၊ အစဉ်အလာ သဒ္ဒါတွင် ဘာသာဗေဒပညာရှင်များ လက်ခံသောအယူအဆများကို သိရှိစေရန်၊ အစဉ်အလာသဒ္ဒါတွင် ဘာသာဗေဒ ပညာရှင်တို့၏ ယူဆချက်များကို သိရှိစေရန်၊ ခေတ်သစ်သဒ္ဒါအပေါ် ဘာသာဗေဒပညာရှင်များ လက်ခံထားသော အယူအဆများ၊ ခေတ်သစ်သဒ္ဒါအပေါ်  ဘာသာဗေဒပညာရှင်တို့ လက်ခံယူဆချက်များကို သိရှိစေရန်၊ သဒ္ဒဗေဒဘာသာရပ်၏ သဘောသဘာဝများကို သိရှိစေရန်ဖြစ်ပါသည်။

 

သုတေသနနည်းပညာ၊ မြန်မာဒေသိယစကားများ (၁)

Module No. မ ၄၂၀၅

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် သုတေသနနည်းပညာနှင့် မြန်မာဒေသိယစကားများဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ သုတေသနနည်းပညာတွင် သုတေသနပြုရာ၌ အခြေခံထားရမည့် အချက်များကို လေ့လာရမည်ဖြစ်ပါသည်။ မြန်မာဒေသိယစကားများကို လေ့လာရာ၌ ဒေသိယ  စကား၏အဓိပ္ပာယ်၊ ယေဘုယျလက္ခဏာများနှင့် တိုင်းရင်းသားဒေသိယစကားများကို လေ့လာရပါမည်။ ဒေသိယစကားများကို လေ့လာရာတွင် စံစကားနှင့်ကွဲပြားရသည့် အကြောင်းအရင်းများ၊ အသုံးအနှုန်းမတူသည့် ဒေသိယစကားများဟူ၍ ခွဲခြမ်းစိတ်ဖြာကာ ဦးတည်လေ့လာရမည် ဖြစ်ပါသည်။ ဗဟုသုတဖတ်စာအဖြစ် စာဆိုတော်များ အတ္ထုပ္ပတ္တိကို လေ့လာရမည်။

 

Learning Outcomes

          ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာနိုင်ငံအတွင်းရှိလူမျိုးများ ချစ်ကြည်ရင်းနှီးမှုကိုဖော်ဆောင်နိုင်ပုံ၊ စံစကားနှင့် ဒေသိယကို လေ့လာရာတွင် ကြားခံအဖြစ် အများသုံးမြန်မာစကားကို အသုံးပြုဆက်သွယ်ပုံ၊ လူအချင်းချင်းရောယှက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပွင့်လင်းသည့်ဒေသဖြစ်သော်လည်း ဘာသာစကားအတားအဆီးများ ရှိတန်သလောက်ရှိပြီး ဒေသတွင်သုံးစွဲသော မြန်မာဝေါဟာရများ ကျန်ရှိဆဲ၊ ထိန်းသိမ်းထားဆဲ၊ တွင်တွင်သုံးနေဆဲဖြစ်ပုံ၊ ဒေသဝေါဟာရအတိုင်း လူမှုသုံးဝေါဟာရများကို ထိန်းသိမ်းမှတ်တမ်းတင်နိုင်ပုံ၊ ဘာသာစကား ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်သကဲ့သို့ လူမှုဓလေ့၊ ရိုးရာဓလေ့များကို မှတ်တမ်းတင်နိုင်မည် ဖြစ်ပုံ၊ သုတေသနနည်းပညာပါ အခြေခံအချက်အလက်များကို လက်တွေ့အသုံးချနိုင်ပြီး သုတေသနကောင်းတစ်ခုပြုစုရာတွင် များစွာအကျိုးပြုနိုင်ပုံ စသည်တို့ဖြစ်သည်။

 -----------------------------------------------------------------------------

 ဒုတိယနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

Eng 4002

English

3

2

2

မ ၄၂၀၆

ပြဇာတ်

4

3

2

မ ၄၂၀၇

ဇာတိမာန်စာပေ

4

3

2

မ ၄၂၀၈

ဘာသာစကား (၂)

4

3

2

မ ၄၂၀၉

ဘာသာဗေဒ၊သဒ္ဒဗေဒ (၂)

4

3

2

မ ၄၂၁၀

သုတေသနလက်တွေ့၊ မြန်မာဒေသိယစကားများ(၂)

4

3

2

 

Total

23

17

12

Total credit – 23pts

Total hrs - 29

 

Foundation Courses

Eng 4002 (3) English

မ ၄၀၁၀ (၃) မြန်မာစာ (အင်္ဂလိပ်စာအထူးပြုအတွက်)

Core Courses

မ ၄၂၀၆ (၄) ပြဇာတ်

မ ၄၂၀၇ (၄) ဇာတိမာန်စာပေ

မ ၄၂၀၈ (၄) ဘာသာစကား (၂)

မ ၄၂၀၉ (၄) ဘာသာဗေဒ၊ သဒ္ဒဗေဒ (၂)

မ ၄၂၁၀ (၄) သုတေသနလက်တွေ့၊ မြန်မာဒေသိယစကားများ (၂)

 

ပြဇာတ်

Module No. မ ၄၂၀၆

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရသစာပေတွင်ပါဝင်သော ပြဇာတ်စာပေကို လေ့လာရမည်ဖြစ်ပါသည်။ ပြဇာတ်စာပေတွင် ရှေးပြဇာတ်အဖြစ် ဝိဇယပြဇာတ်နှင့် ခေတ်သစ်ပြဇာတ်များဟူ၍ ကဏ္ဍနှစ်ရပ် လေ့လာရပါမည်။ ရှေးပြဇာတ်တွင် ပြဇာတ်စာပေလမ်းကြောင်း၊ ရှေးပြဇာတ် တို့၏သဘောသဘာဝ၊ ပြဇာတ်ဖန်တီးမှု၊ လူ့သဘာဝအဖွဲ့များကိုလည်းကောင်း၊ ခေတ်သစ်ပြဇာတ်တွင် ခေတ်သစ်ပြဇာတ် တို့၏ သဘောသဘာဝ၊ အကြောင်းအရာရွေးချယ်ပုံ၊ ခေတ်သစ်ပြဇာတ်ဖန်တီးမှုအတတ်ပညာများကိုလည်းကောင်း ခွဲခြမ်းစိတ်ဖြာ၍ ဦးတည်လေ့လာ ရမည်ဖြစ်ပါသည်။

 

Learning Outcomes

          ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ပြဇာတ်စာပေ၏သမိုင်းကို သိရှိနိုင်စေရန်၊ ရှေးပြဇာတ်နှင့် ခေတ်ပြဇာတ်တို့၏ ဖန်တီးမှု အတတ်ပညာ များကို နှိုင်းယှဉ်သုံးသပ်နိုင်ရန်၊ မြန်မာစာပေသည် စည်းရုံးလှုံ့ဆော် ဝါဒဖြန့်ချိရေးလက်နက်ဖြစ်သည့်အားလျော်စွာ ခေတ်၏လိုအပ်ချက်အရ ပြဇာတ်စာပေသည် တစ်ထောင့်တစ်နေရာမှ အရေးပါပုံကို သိရှိနိုင်စေရန်၊ ပြဇာတ်များသည် အမျိုးသားလွတ်မြောက်ရေးကဏ္ဍတွင် အလွန်အရေးပါပုံကို သိရှိရန်၊ လူမှုပြုပြင်ပြောင်းလဲရေးတို့တွင် အရေးပါပုံကို သိရှိနိုင်စေရန်တို့ ဖြစ်ပါသည်။

 

ဇာတိမာန်စာပေ

Module No. မ ၄၂၀၇

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဇာတိမာန်စာပေများကို လေ့လာရာတွင် ဝတ္ထုကဏ္ဍနှင့် ကဗျာကဏ္ဍဟူ၍ နှစ်ပိုင်းလေ့လာရမည်ဖြစ်ပါသည်။ ဇာတိမာန်ဝတ္ထုများတွင် အကြောင်းအရာကိုလိုက်၍ မျိုးချစ်စိတ်၊ အမျိုးမာန် ဇာတိမာန်တက်ကြွစေမှု၊ အရေးအသားတွင် ဝတ္ထုအတတ်ပညာ များအဖြစ် မည်သို့မည်ပုံဖန်တီးနိုင်မှုကို ချိတ်ဆက်လေ့လာရပါမည်။ ကဗျာတွင် ရှေးကဗျာအဖွဲ့ဖြစ်သော ကာချင်း၊ ဧချင်း၊ မော်ကွန်းများကို လည်းကောင်း၊ စာဆိုတို့၏ ခေတ်ကဗျာများကိုလည်းကောင်း၊ အမျိုးအစားများအလိုက်လေ့လာပြီး ဇာတိမာန်တက်ကြွစေသော အကြောင်း ချင်းရပ်များ၊ ဇာတိမာန်ကိုပေါ်လွင်အောင် ရေးဖွဲ့နိုင်သည့် အရေးအဖွဲ့များကို ကဗျာအတတ်ပညာများနှင့် ချဉ်းကပ်၍ ဦးတည်လေ့လာ ရမည်ဖြစ်ပါသည်။

 

Learning Outcomes

          ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဇာတိမာန်၏ သဘောသဘာဝ၊ ဇာတိမာန်ကဗျာ၏သမိုင်းကြောင်း၊ ခေတ်၏လိုအပ်ချက်အရ ပေါ်ထွန်းလာသော ဇာတိမာန်ဝတ္ထုများ၏ အာနိသင်ကို သိရှိနိုင်စေရန်၊ ဇာတိမာန်စာပေများသည် ခေတ်ကိုတည်ဆောက်ပြုပြင်  ပြောင်းလဲ  ရာတွင် မည်မျှအရေးပါသည်ကို သိရှိစေရန်၊ ဇာတိမာန်စာပေများကို လေ့လာခြင်းဖြင့် မိမိတို့တွင် ဇာတိမာန်စိတ်များ တိုးပွားရှင်သန်စေရန်၊ မိမိနိုင်ငံ မိမိလူမျိုး  မိမိရေမြေပတ်ဝန်းကျင်ကို ဂုဏ်ယူမြတ်နိုးလာတတ်စေရန်တို့ဖြစ်ပါသည်။

 

ဘာသာစကား (၂)

Module No. မ ၄၂၀၈

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် မြန်မာကျောက်စာနှင့် မွန်ကျောက်စာဟူ၍ ကဏ္ဍနှစ်ရပ်ရှိပါသည်။ မြန်မာကျောက်စာတွင် ပင်းယနှင့် အင်းဝခေတ် ကျောက်စာများကိုလည်းကောင်း၊ မွန်ကျောက်စာတွင် ရွှေစည်းခုံမွန်ကျောက်စာ (ဂ)(ဃ) မျက်နှာများကိုလည်းကောင်း လေ့လာရမည် ဖြစ်ပါသည်။ မြန်မာကျောက်စာများကို လေ့လာရာ၌ အကြောင်းအရာတွင် ထိုခေတ်၏ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဘာသာရေး စသည်တို့ကိုလေ့လာရပါမည်။ အရေးအသားပိုင်းတွင် ပင်းယ၊ အင်းဝခေတ်ကျောက်စာများမှ အလှူမှတ်တမ်းတင်ပုံနှင့် ကျောက်စာ စကားပြေအရေးအသားတို့ကို လေ့လာရပါမည်။ ရွှေစည်းခုံမွန်ကျောက်စာ(ဂ)(ဃ)မျက်နှာတွင် ကျောက်စာ၏အနှစ်ချုပ်၊ စကားလုံးရင်းမြစ်၊ ဘာသာပြန်၊ စာလုံးပေါင်းပြောင်းပုံ၊ ပြောင်းထုံး စသည်တို့ကို ဦးတည်လေ့လာရမည် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာကျောက်စာများတွင် အကြောင်းအရာပိုင်းသည် ကုသိုလ်ရှင်တို့၏ ကောင်းမှုကုသိုလ်၊ စေတနာသဒ္ဓါ တရားများမှ အခြေခံ၍ မော်ကွန်းတင်ခြင်းဖြစ်ပုံ၊ အရေးအသားပိုင်းတွင် ရှေးမြန်မာအက္ခရာအရေးအသားတို့၏ ရင်းမြစ်၊ ရေးထုံး၊ ပြောင်းထုံး၊ စာလုံးပေါင်း၊ ယနေ့ခေတ်နှင့်မတူပုံ၊ ပင်းယ၊ အင်းဝကျောက်စာများမှ ပင်းယ၊ အင်းဝခေတ်၏ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ သာသနာရေး သိမှတ်ဖွယ်ရာများကို သိရှိနိုင်စေပုံ၊ မွန်မြန်မာ ဘာသာစကားနှစ်မျိုးကိုယှဉ်၍ ဝေါဟာရ အသုံးအနှုန်း၊ ဝါကျဖွဲ့ထုံးများကို သိရှိနိုင်စေပုံ၊ ကျောက်စာများကို လေ့လာခြင်းဖြင့် ရသအသိအမြင်မှတစ်ဆင့် မြန်မာတို့၏ စေတနာသဒ္ဓါတရား၊ ကုသိုလ်စိတ်၊ သူတစ်ပါးအပေါ်  မေတ္တာ ထားနိုင်ပုံ၊ ကိုယ်ကျင့်တရားကောင်းမွန်လာစေနိုင်ပုံတို့ကို သိရှိစေရန်ဖြစ်ပါသည်။

 

ဘာသာဗေဒ၊သဒ္ဒဗေဒ (၂)

Module No. မ ၄၂၀၉

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာဗေဒနှင့် သဒ္ဒဗေဒဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ ဘာသာဗေဒတွင် အနက်အဓိပ္ပာယ်၊ ဘာသာဗေဒဆိုင်ရာ ပညာရပ်ခွဲများ၊ အနက်အဓိပ္ပာယ်အယူအဆများကို လေ့လာရပါမည်။ သဒ္ဒဗေဒတွင် ဝဏ္ဏတည်ဆောက်မှု၊ ဝဏ္ဏကန့်သတ်ချက်များ၊ ထပ်ဆင့်သံ ပြုခြင်းများ၊ စကားသံဖွဲ့ပုံများကို ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာဗေဒတွင် အနက်အဓိပ္ပာယ်၏ အခန်းကဏ္ဍကို သိရှိနိုင်စေရန်၊ အနက်အဓိပ္ပာယ်မှ ဘာသာဗေဒ ဆိုင်ရာ ပညာရပ်ခွဲများကို သိရှိစေရန်၊ အနက်အဓိပ္ပာယ်အမျိုးမျိုး၊ အနက်အဓိပ္ပာယ်အယူအဆများ၊ ယင်းအယူအဆများမှ အားသာချက်၊ အားနည်းချက်များကို သိရှိစေရန်၊ သဒ္ဒဗေဒတွင် ဝဏ္ဏတည်ဆောက်ပုံ၊ ထပ်ဆင့်သံပြုခြင်း၊ စကားသံပြုခြင်း၊ စကားသံဖွဲ့ပုံ များကို သိရှိနိုင်စေရန် ဖြစ်ပါသည်။

 

သုတေသနလက်တွေ့၊ မြန်မာဒေသိယစကားများ (၂)

Module No. မ ၄၂၁၀

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် သုတေသနလက်တွေ့နှင့် မြန်မာဒေသိယစကားများဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ သုတေသနလက်တွေ့တွင် သုတေသနပြုရာ၌ စာကြည့်တိုက်အသုံးပြုရာတွင် လိုက်နာရမည့်အချက်များကို လေ့လာရမည်ဖြစ်ပါသည်။ မြန်မာဒေသိယစကားများကို လေ့လာရာ၌ တိုင်းရင်းသားဒေသိယစကားများ၊ ဒေသတွင်း ဒေသိယစကားများကို လေ့လာရမည်ဖြစ်ပါသည်။  မြန်မာဒေသိယ စကားများကို လေ့လာရာ၌ စံစကားနှင့်ကွဲပြားရသည့် အကြောင်းရင်းများ၊ အသုံးအနှုန်းမတူသည့် ဒေသိယစကားများဟူ၍ ခွဲခြမ်း စိတ်ဖြာကာ ဦးတည်လေ့လာရမည် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာနိုင်ငံတဝန်းရှိလူမျိုးများ ချစ်ကြည်ရင်းနှီးမှုကိုဖော်ဆောင်နိုင်ပုံ၊ စံစကားနှင့် ဒေသိယစကား ကို လေ့လာရာတွင် ကြားခံဘာသာစကားအဖြစ် မြန်မာဘာသာစကားကို အသုံးပြုပုံ၊ ဒေသဝေါဟာရအတိုင်း လူမှုသုံးဝေါဟာရများကို ထိန်းသိမ်း မှတ်တမ်းတင်နိုင်မည်ဖြစ်ပုံ၊ သုတေသနနည်းပညာပါ စာကြည့်တိုက်အသုံးပြုခြင်းဖြင့် လက်တွေ့အသုံးချနိုင်ပြီး သုတေသနကောင်းတစ်ခု ပြုစု ရာတွင် များစွာအထောက်အကူပြုနိုင်ပုံ တို့ကိုသိရှိစေရန်ဖြစ်ပါသည်။

 

 

မြန်မာစာ

Module No. မ ၄၀၀၉

ဒုတိယနှစ်ဂုဏ်ထူးတန်း၊ အင်္ဂလိပ်စာအထူးပြု အတွက် Foundation Course

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် စကားပြေ၊ ကဗျာနှင့် ဘာသာစကားဟူသည့် ကဏ္ဍသုံးရပ်လေ့လာရမည်ဖြစ်သည်။ စကားပြေကဏ္ဍတွင် ဆရာတော် ဦးဩဘာသ၏ ဝေဿန္တရာဇာတ်တော်ကြီးဝတ္ထုမှ အကြောင်းအရာပိုင်း၊ အရေးအသားပိုင်းကို လေ့လာနိုင်မည်ဖြစ်သည်။ ကဗျာကဏ္ဍတွင် စုံနံ့သာမြိုင်ရှာပုံတော်ကြီးကဗျာမှ အကြောင်းအရာပိုင်း၊ အရေးအသားပိုင်းများကို လေ့လာရမည်ဖြစ်သည်။ ဘာသာစကားကဏ္ဍတွင် ဘာသာဗေဒ၏အခြေခံကဏ္ဍများနှင့် သဒ္ဒါလေ့လာမှုကို ဘာသာဗေဒရှုထောင့်မှ စနစ်တကျ လေ့လာသိရှိနိုင်သည်။ သဒ္ဒဗေဒတွင် သဒ္ဒဗေဒ၏အခြေခံသဘောသဘာဝကို သိရှိနိုင်ပြီး မြန်မာစကားလုံးများကို သဒ္ဒဗေဒရှုထောင့်မှ စနစ်တကျ လေ့လာနိုင်ကြမည်ဖြစ်သည်။

 

Learning Outcomes

မြန်မာဝတ္ထု၊ ကဗျာတို့၏အကြောင်းအရာနှင့်ရေးဖွဲ့ပုံများကို လေ့လာသုံးသပ် အကဲဖြတ်နိုင်သည်။ ဘာသာစကားပိုင်းတွင် မြန်မာသဒ္ဒါ လေ့လာမှုနှင့် မြန်မာစကားလုံးတို့၏ သိမှတ်ဖွယ်ရာများကိုလည်း သိမြင်နိုင်သည်။ စာပေအနုပညာ အတွေးအသိအမြင် အတွေ့အကြုံများကို ရရှိနိုင်ပါသည်။

 

မြန်မာစာ

Module No. မ ၄၀၁၀

ဒုတိယနှစ်ဂုဏ်ထူးတန်း၊ အင်္ဂလိပ်စာအထူးပြု အတွက် Foundation Course

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် စကားပြေ၊ ကဗျာနှင့် ဘာသာစကားဟူသည့် ကဏ္ဍသုံးရပ်လေ့လာရမည်ဖြစ်သည်။ စကားပြေကဏ္ဍတွင် ဆရာကြီး  ပီမိုးနင်း၏ နေရီရီဝတ္ထုမှအကြောင်းအရာပိုင်း၊ အရေးအသားပိုင်းကိုလေ့လာနိုင်သည်။ ကဗျာကဏ္ဍတွင် ကဗျာများ၏ အကြောင်းအရာများနှင့် ရေးဖွဲ့ပုံတို့ကိုလေ့လာနိုင်သည်။ ဘာသာစကားကဏ္ဍတွင် ပင်းယခေတ်၊ အင်းဝခေတ် မြန်မာကျောက်စာတို့ အကြောင်းအရာနှင့် ရေးထိုးပုံ တို့ကိုသိရှိနိုင်သည်။ ထို့ပြင် ဘာသာဆောင်းပါးအပိုင်းတွင် မြန်မာဘာသာစကားရှိ စကားလုံးတို့၏   သဘောသဘာဝနှင့် ပြောင်းလဲပုံများကို သိရှိနိုင်သည်။ ဘာသာပြန်ပိုင်းကိုလေ့လာရာတွင် ဘာသာပြန်လုပ်ငန်း၏သဘောသဘာဝများကို လေ့လာရမည်ဖြစ်သည်။ ဗဟုသုတ ဖတ်စာအဖြစ် ဘာသာလောကကျမ်းကို လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းအားဖြင့် မြန်မာဝတ္ထု၊ ကဗျာတို့၏အကြောင်းအရာနှင့်ရေးဖွဲ့ပုံများ၊ ပင်းယခေတ်၊ အင်းဝခေတ် မြန်မာ ကျောက်စာများ၏ သာသနာရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးစသောမှတ်သားဖွယ်ရာများကို သိရှိနိုင်ပါသည်။ ဘာသာ စကားပိုင်း၏ သိမှတ်ဖွယ်ရာများကိုလည်း သိမြင်နိုင်သည်။ စာပေအနုပညာ အတွေ့အကြုံများကို ရရှိနိုင်ပါသည်။

7 Third Year (Honours)

ပထမနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

မ ၅၂၀၁

စကားပြေ (၁)

4

3

2

မ ၅၂၀၂

ဂီတစာပေ

4

3

2

မ ၅၂၀၃

ရသ/စာပေသဘောတရား၊စာပေဝေဖန်ရေး (၁)

4

3

2

မ ၅၂၀၄

ဘာသာစကား (၁) (ကျောက်စာ၊မင်စာ၊မွန်ကျောက်စာ)

4

3

2

မ ၅၂၀၅

ဘာသာစကား (၂) (ဘာသာဗေဒ၊သဒ္ဒဗေဒ)

4

3

2

မ ၅၂၀၆

ဘာသာစကား (၃) (အတ္ထဗေဒ၊သုတေသနနည်းပညာ)

4

3

2

 

Total

24

18

12

Total credit – 24pts

Total hrs - 30

 

Core Courses

မ ၅၂၀၁ (၄)    စကားပြေ (၁)

မ ၅၂၀၂ (၄)    ဂီတစာပေ

မ ၅၂၀၃ (၄)    ရသ/စာပေသဘောတရား၊ စာပေဝေဖန်ရေး (၁)

မ ၅၂၀၄ (၄)    ဘာသာစကား (၁) (ကျောက်စာ၊ မင်စာ၊ မွန်ကျောက်စာ)

မ ၅၂၀၅ (၄)    ဘာသာစကား (၂) (ဘာသာဗေဒ၊ သဒ္ဒဗေဒ)

မ ၅၂၀၆ (၄)    ဘာသာစကား (၃) (အတ္ထဗေဒ၊ သုတေသနနည်းပညာ)

       

စကားပြေ (၁)

Module No. မ ၅၂၀၁

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဝတ္ထုရှည်နှင့် ရသစာတမ်းများဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ ဝတ္ထုရှည်တွင် ဂျာနယ်ကျော်မမလေး၏ သူမဝတ္ထု ကိုလည်းကောင်း၊ ရသစာတမ်းတွင် ရသစာတမ်းများ(ရွေးချယ်ချက်)ကိုလည်းကောင်း လေ့လာရပါမည်။ ဝတ္ထုရှည်ကိုလေ့လာရာတွင် ဝတ္ထုရှည်၏သဘောသဘာဝ၊ ဝတ္ထုပါအကြောင်းအရာကို ဝတ္ထုရှည်သဘောတရား ဝတ္ထုရှည်အတတ်ပညာတို့နှင့် ချဉ်းကပ်လေ့လာ ရပါမည်။ ရသစာတမ်းတွင်မူ စာတမ်း၏သဘောသဘာဝ၊ စာတမ်း၏အင်္ဂါရပ်များနှင့်လည်းကောင်း၊ စာရေးဆရာတစ်ဦးစီ၏ ရသစာတမ်းများကို အတွေးနှင့်အရေး မည်သို့ချိတ်ဆက်ဖန်တီးပုံကိုလည်းကောင်း ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

          ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဝတ္ထုရှည်တွင် ဝတ္ထုရှည်၏သဘောသဘာဝ၊ ဝတ္ထုရှည်သဘောတရားနှင့် ဝတ္ထုရှည်အတတ်ပညာ တို့ကို သိရှိစေရန်၊ စာရေးဆရာသည် ဝတ္ထုကို မည်သို့သောဝတ္ထုအတတ်ပညာများနှင့် ဖန်တီးပုံဖော်ထားသည်ကို သိရှိစေရန်၊ ရသစာတမ်းများတွင် စာတမ်း၏သွင်ပြင်လက္ခဏာများ၊ စာတမ်း၏သဘော သဘာဝကိုသိရှိစေရန်၊ စာတမ်းများတွင်တွေ့ရသော ရေးဟန်သွင်ပြင်တို့ကို သိရှိစေရန်၊ စာတမ်းများတွင် စာရေးဆရာတို့၏အတွေးကို အရေးဖြင့် မည်သို့ချိတ်ဆက်ဖော်ပြသည်ကို သိရှိစေရန်၊ ဝတ္ထုနှင့်စာတမ်းများလာ ရသအသိ အမြင်များမှတစ်ဆင့် ရရှိလာသော ဘဝအသိအမြင်ကို လက်တွေ့ဘဝတွင် အသုံးချတတ် စေရန်တို့ဖြစ်ပါသည်။

 

ဂီတစာပေ

Module No. မ ၅၂၀၂

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဂီတအနွယ်ဝင် မဟာဂီတစာပေနှင့် မြန်မာကဗျာဖွဲ့နည်းဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ မဟာဂီတစာပေတွင် မဟာဂီတစာပေ၏သဘောသဘာဝ၊ မဟာဂီတစာပေသမိုင်းအကျဉ်း၊ မဟာဂီတအမျိုးအစားများ၏ သဘောသဘာဝကို အကြောင်းအရာ အရလည်းကောင်း၊ အရေးအဖွဲ့အရလည်းကောင်း စာပေရှုထောင့်မှ လေ့လာရမည်ဖြစ်ပါသည်။ မြန်မာကဗျာဖွဲ့နည်းများတွင် အချိုးကဗျာ စပ်နည်းများကို လေ့လာ၍ လက်တွေ့ကဗျာရေးစပ်ဖန်တီးနိုင်သည်အထိ လေ့ကျင့်သင်ယူရန်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မဟာဂီတစာပေတွင် မဟာဂီတ၏သဘော၊ မဟာဂီတစာပေသမိုင်းအကျဉ်းကို သိရှိစေရန်၊ မဟာဂီတအမျိုးအစားအလိုက် စပ်ဆိုသောအကြောင်းအရာများကွဲပြားသွားပုံကို သိရှိစေရန်၊ မဟာဂီတသီချင်းများ၏ အကြောင်းအရာ အလိုက် ရေးဖွဲ့သောစကားအသုံးအနှုန်း၊ အသံ၊ ကာရန်၊ နရီ၊ စည်းဝါး၊ လေသံ စသည့် ကဗျာအတတ်ပညာများကို သိရှိနိုင်စေရန်၊ မဟာဂီတသီချင်း များသည် ဇာတိမျိုးနွယ်၊ ယဉ်ကျေးမှု၊ ဘာသာ သာသနာနှင့်ပတ်သက်၍ ဇာတိမာန်စိတ်များ ဖြစ်ပေါ်တိုးတက်စေနိုင်သော သီချင်းများ ဖြစ်သည်ကို သိရှိစေရန်၊ မိမိလူမျိုး မိမိယဉ်ကျေးမှုကို လေးစားမြတ်နိုး တန်ဖိုးထားတတ်သော ဂုဏ်ယူစိတ်များ ဖြစ်ပေါ် လာစေရန်၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်နိုင်စွမ်းရှိသော စာပေတစ်ရပ်ဖြစ်ပုံကို သိရှိစေရန်၊ ကဗျာဖွဲ့နည်းတွင် မိမိဘာသာစကား၏ သဘောသဘာဝကိုသိရှိပြီး ရွေးချယ်သောအကြောင်းအရာပေါ်မူတည်၍ မည်သည့်အချိုးပုံစံဖြင့်ဖြစ်စေ လက်တွေ့စပ်ဆိုနိုင်စေရန်တို့ ဖြစ်ပါသည်။

 

ရသ/စာပေသဘောတရား၊ စာပေဝေဖန်ရေး (၁)

Module No. မ ၅၂၀၃

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရသသဘောတရား၊ စာပေသဘောတရား၊ စာပေဝေဖန်ရေးဟူ၍ ကဏ္ဍသုံးရပ် ပါဝင်ပါသည်။ ရသစာပေ သဘောတရားတွင် ဆရာဇော်ဂျီ၏ စာပေသဘောတရားများကိုလည်းကောင်း၊ စာပေဝေဖန်ရေးတွင် ဝေဖန်ရေးစာတမ်းများ၊ ဒဂုန်တာရာ၏ အလှဗေဒကိုလည်းကောင်း ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာ့ရသပညာနှင့် ရသစာပေဆိုင်ရာသဘောတရားများကို သိရှိနားလည်လာမည်။ သရုပ်မှန် စာပေသဘောတရားနှင့် ဘဝသရုပ်ဖော်စာပေဆိုင်ရာ စာပေသဘောတရားအမြင်များကို လေ့လာသိရှိနိုင်မည်။ စာပေဝေဖန်ရေး အခန်းကဏ္ဍ၊ ဝေဖန်ရေးသဘောနှင့် ဝေဖန်ရေးနည်းနာများ စံနှုန်းများကို လေ့လာသိရှိရမည်။

 

ဘာသာစကား (၁) (ကျောက်စာ၊ မင်စာ၊ မွန်ကျောက်စာ)

Module No. မ ၅၂၀၄

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရှေးစကားပြေဖြစ်သော အသစ်တွေ့မြန်မာကျောက်စာ၊ အသစ်တွေ့မင်စာနှင့် မွန်ကျောက်စာဟူ၍ ကဏ္ဍသုံးရပ် ပါဝင်ပါသည်။ မြန်မာကျောက်စာတွင် အသစ်တွေ့ကျောက်စာများသည် ပုဂံခေတ်ထိုးကျောက်စာများဖြစ်ပြီး အကြောင်းအရာအရ      လည်းကောင်း၊ အရေးအသားအရလည်းကောင်း လေ့လာရပါမည်။ အသစ်တွေ့မင်စာတွင် မင်စာတို့၏သဘောသဘာဝ၊ ရေးထိုးသည့် အကြောင်းအရာနှင့် မင်စာအရေးအသားတို့ကို ခွဲခြမ်းစိတ်ဖြာလေ့လာရပါမည်။ မွန်ကျောက်စာတွင် ကျိုက်တလန်းမွန်ကျောက်စာကို လေ့လာရမည်ဖြစ်ပြီး ကျောက်စာ၏ ဘာသာပြန်၊ စာလုံးပေါင်း၊ ပြောင်းထုံး၊ စကားလုံးရင်းမြစ်များကို ခွဲခြမ်းစိတ်ခြာ၍ ဦးတည် လေ့လာရပါမည်။

 

Learning Outcomes

 ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာကျောက်စာ၊ မင်စာများသည် ကုသိုလ်ရှင်တို့၏ ကောင်းမှုကုသိုလ်၊ စေတနာသဒ္ဓါတရား များမှ အခြေခံ၍ မော်ကွန်းတင်ခြင်းဖြစ်ပုံ၊ ထိုခေတ်၏ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ သာသနာရေး စသည့်သိမှတ်ဖွယ်ရာများ သိရှိနိုင်ပုံ၊ အရေးအသားပိုင်းတွင် စကားပြေရေးဟန်၊ စကားအသုံးအနှုန်း၊ ဝါကျ၊ သဒ္ဒါ စသည်ဖြင့် အခြားပုဂံခေတ်ကျောက်စာများနှင့် နှိုင်းယှဉ်သုံးသပ် နိုင်စေရန်၊ မွန်မြန်မာ စာပေနှစ်မျိုးကို နှိုင်းယှဉ်၍ ဝေါဟာရစာလုံးပေါင်း၊ ပြောင်းထုံး၊ ဝါကျဖွဲ့ထုံး၊ သဒ္ဒါတို့ကို သိရှိနိုင် စေရန်၊ ထိုကျောက်စာ၊ မင်စာ၊ မွန်စာများကို လေ့လာခြင်းဖြင့် အကြောင်းအရာပါ ရသအသိအမြင်များမှတစ်ဆင့် မြန်မာတို့၏စေတနာ သဒ္ဓါတရား၊ ကုသိုလ်စိတ်၊ သူတစ်ပါးအပေါ် မေတ္တာထားနိုင်ပုံ၊ ကိုယ်ကျင့်တရား ကောင်းမွန်လာစေရန်တို့ကို သိရှိစေရန်ဖြစ်ပါသည်။

 

ဘာသာစကား (၂) (ဘာသာဗေဒ၊ သဒ္ဒဗေဒ)

Module No. မ ၅၂၀၅

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာဗေဒနှင့် သဒ္ဒဗေဒဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ ဘာသာဗေဒတွင် ဘာသာစကားမျိုးရိုး၊ အာဆီယံ နိုင်ငံများ၏ ဘာသာစကားမိတ်ဆက်၊ ခေတ်သစ်သဒ္ဒါတို့ကို လေ့လာရပါမည်။ ခေတ်သစ်သဒ္ဒါတွင် အဆောက်အအုံသဒ္ဒါ၊ ထုတ်လုပ်ရေးသဒ္ဒါ၊ သဏ္ဌာန်ပြောင်းသဒ္ဒါတို့ ပါဝင်ပါသည်။ သဒ္ဒဗေဒတွင် ဗျည်း၊ သရ သတ်မှတ်ချက်၊ ဝဏ္ဏဖွဲ့ပုံ၊ အသံသဘောတရားများကို လေ့လာရပါမည်။ အသံသဘောတရားတွင် နိမ့်မြင့်သံ၊ တက်ကျသံ၊ အသံရပ်နားမှု၊ ဖိသံ၊ ဝါကျနိမ့်မြင့်သံ၊ ပုဒ်စပ်မှုသဘောများကိုလည်းကောင်း၊ သဒ္ဒဗေဒ အက္ခရာဖြင့် လက်တွေ့အသံလှယ်ခြင်းကိုလည်းကောင်း ဦးတည်လေ့လာရပါမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာစကားမျိုးရိုးတို့ကို သိရှိစေရန်၊ အာဆီယံဒေသတွင်းရှိ ဘာသာစကားများကို သိရှိစေရန်၊ ဘာသာဗေဒပညာရှင်များ၏ ခေတ်သစ်သဒ္ဒါအယူအဆများကို သိရှိနိုင်စေရန်၊ သဒ္ဒဗေဒပညာရပ်မှ အသံ၏သဘောသဘာဝကို သိရှိနိုင် စေရန်၊ အခြားဘာသာစကားများကို လေ့လာရာတွင် သဒ္ဒဗေဒအက္ခရာဖြင့် အသံလှယ်ခြင်းပြုနိုင်ပါက လေ့လာမှုအထောက်အကူ ပြုနိုင်သည်ကို သိရှိစေရန်တို့ဖြစ်ပါသည်။

 

ဘာသာစကား (၃) (အတ္ထဗေဒ၊ သုတေသနနည်းပညာ)

Module No. မ ၅၂၀၆

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် အတ္ထဗေဒနှင့် သုတေသနနည်းပညာဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ အတ္ထဗေဒတွင် အတ္ထဗေဒနယ်ပယ်၊ အခြေခံအယူအဆများ၊ အနက်အဓိပ္ပာယ်အမျိုးမျိုး၊ အနက်အဓိပ္ပာယ်နှင့် အဆက်အစပ်များကို လေ့လာရပါမည်။ သုတေသနနည်းပညာ တွင်မူ သုတေသန၏ အခြေခံသဘော၊ သုတေသနပြုရန် အကြောင်းအရာရွေးချယ်ခြင်း၊ အထောက်အထားရှာဖွေခြင်း၊ သုတေသန စာတမ်းပုံစံ၊ အတိုကောက်ဖော်ပြခြင်း၊ သုတေသနသုံး အထွေထွေအတိုကောက်အညွှန်းများကို လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် အတ္ထဗေဒတွင် အတ္ထဗေဒ၏သဘော၊ အတ္ထဗေဒနယ်ပယ်ကို သိရှိစေရန်၊ အနက်အဓိပ္ပာယ်၏ အခြေခံအယူအဆများ၊ အနက်အဓိပ္ပာယ်အမျိုးမျိုး၊ အနက်အဓိပ္ပာယ်နှင့် အဆက်အစပ်များကို သိရှိစေရန်၊ အနက်အဓိပ္ပာယ်သည် လူတို့ ပြောဆိုသောဘာသာစကား၌ မည်မျှအရေးပါသည်ကို သိရှိစေရန်၊ သုတေသနနည်းပညာတွင် သုတေသန၏ အခြေခံသဘောကို သိရှိ စေရန်၊ သုတေသနပြုရာတွင် အကြောင်းအရာရွေးချယ်မှုသည် မည်မျှအရေးပါပုံကို သိရှိစေရန်၊ အထောက်အထားရှာဖွေမှုသည်လည်း ဒုတိယ  အရေးကြီးပုံကို သိရှိစေရန်၊ စာတမ်းပုံစံ အတိုကောက်ဖော်ပြြခင်း၊ သုတေသနသုံး အထွေထွေအတိုကောက်အညွှန်းများသည် သုတေသနပြုရာ၌ လိုအပ်ပုံတို့ကို သိရှိစေရန်ဖြစ်ပါသည်။

-----------------------------------------------------------------------------

 ဒုတိယနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

မ ၅၂၀၇

စကားပြေ (၂)

4

3

2

မ ၅၂၀၈

ကဗျာ

4

3

2

မ ၅၂၀၉

ရသ/စာပေသဘောတရား၊စာပေဝေဖန်ရေး (၂)

4

3

2

မ ၅၂၁၀

ဘာသာစကား (၄) (ကျောက်စာ၊မင်စာ၊ပျူ)

4

3

2

မ ၅၂၁၁

ဘာသာစကား (၅) (အရေးရုပ်သွင်ဗေဒ၊ ဟန်ဗေဒ)

4

3

2

မ ၅၂၁၂

ဘာသာစကား (၆) (လူမှုဘာသာဗေဒ၊ လက်တွေ့အတ္ထဗေဒ၊ သုတေသနလက်တွေ့)

4

3

2

 

Total

24

18

12

Total credit – 24pts

Total hrs - 30

 

Core Courses

မ ၅၂၀၇ (၄)    စကားပြေ (၂)

မ ၅၂၀၈ (၄)    ကဗျာ

မ ၅၂၀၉ (၄)    ရသ/စာပေသဘောတရား၊ စာပေဝေဖန်ရေး (၂)

မ ၅၂၁၀ (၄)    ဘာသာစကား (၄) (ကျောက်စာ၊ မင်စာ၊ ပျူ)

မ ၅၂၁၁ (၄)    ဘာသာစကား (၅) (အရေးရုပ်သွင်ဗေဒ၊ ဟန်ဗေဒ)

မ ၅၂၁၂ (၄)    ဘာသာစကား (၆) (လူမှုဘာသာဗေဒ၊ လက်တွေ့အတ္ထဗေဒ၊ သုတေသနလက်တွေ့)

*ကျောင်းသား၊ ကျောင်းသူများသည် Term Paper များကို မဖြစ်မနေတင်သွင်းရပါမည်။

         

စကားပြေ (၂)

Module No. မ ၅၂၀၇

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဝတ္ထုရှည်နှင့် ရသစာတမ်းဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ ဝတ္ထုရှည်တွင် လင်းယုန်သစ်လွင်၏ ဓမ္မဝိလာသ ဝတ္ထုကိုလည်းကောင်း၊ ရသစာတမ်းတွင် ရသစာတမ်း(ရွေးချယ်ချက်)ကိုလည်းကောင်း လေ့လာရပါမည်။ ဝတ္ထုရှည်ကိုလေ့လာရာတွင် ဝတ္ထုရှည်၏သဘောသဘာဝ၊ ဝတ္ထုပါအကြောင်းအရာကို ဝတ္ထုရှည်သဘောတရား ဝတ္ထုရှည်အတတ်ပညာတို့နှင့် ချဉ်းကပ်လေ့လာရပါမည်။ ရသစာတမ်းတွင်မူ စာတမ်း၏သဘောသဘာဝ၊ စာတမ်း၏သွင်ပြင်လက္ခဏာများ၊ စာရေးဆရာတစ်ဦးချင်းစီ၏ ရသစာတမ်းများမှ အတွေးနှင့် အရေး ချိတ်ဆက်ဖန်တီးပုံကို ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

 ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဝတ္ထုရှည်၏သဘော၊ ဝတ္ထုတိုနှင့် ဝတ္ထုရှည်တို့၏ကွာခြားမှု အတတ်ပညာတို့ကို သိရှိရန်၊ စာရေးဆရာသည် မိမိ၏ဝတ္ထုကို မည်သို့သောအတတ်ပညာများဖြင့် ဖန်တီးရေးဖွဲ့ထားသည်ကို သိရှိရန်၊ ရသစာတမ်းတွင် ရသစာတမ်း၏သဘောသဘာဝ၊ သွင်ပြင်လက္ခဏာများကို သိရှိစေရန်၊ ရသစာတမ်းများတွင် စာရေးဆရာတို့၏အတွေးကို အရေးဖြင့် မည်သို့ချိတ်ဆက်ဖန်တီးသည်ကို သိရှိစေရန်၊ ဝတ္ထုရှည်နှင့် ရသစာတမ်းများမှ ရရှိသည့် ရသအသိအမြင်မှတစ်ဆင့်ဘဝအသိအမြင်ကို လက်တွေ့လူ့လောကပတ်ဝန်းကျင်တွင် အသုံးချတတ်စေရန်တို့ဖြစ်ပါသည်။

 

ကဗျာ

Module No. မ ၅၂၀၈

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ခေတ်ကဗျာနှင့် ကဗျာဖွဲ့နည်းဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ ခေတ်ကဗျာတွင် ခေတ်က‌ဗျာများ(ရွေးချယ်ချက်) ကိုလည်းကောင်း၊ ကဗျာဖွဲ့နည်းတွင် အချိုးကဗျာဖွဲ့နည်းများကိုလည်းကောင်း လေ့လာရပါမည်။ ခေတ်ကဗျာကိုလေ့လာရာတွင် ခေတ်ကဗျာ တို့၏သဘောသဘာဝ၊ ကဗျာဆရာတို့၏ အတွေးနှင့်အရေး ချိတ်ဆက်ဖန်တီးရေးဖွဲ့မှု၊ ကဗျာ့အတတ်ပညာများကို ချဉ်းကပ်၍ လေ့လာရပါမည်။ ကဗျာဖွဲ့နည်းတွင်မူ အချိုးကဗျာဖွဲ့နည်းများကို လေ့လာ၍ လက်တွေ့ကဗျာ ရေးဖွဲ့ဖန်တီးနိုင်သည်အထိ လေ့ကျင့်သင်ယူရန် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ခေတ်ကဗျာတို့၏သဘောသဘာဝ၊ ရှေးကဗျာနှင့် ခေတ်ကဗျာတို့၏ ကွာခြားမှုကို သိရှိစေရန်၊ ကဗျာ့သဘော ကဗျာ့စိတ်ကူးနှင့်အရေး ချိတ်ဆက်ဖန်တီးနိုင်မှုကို ဝေဖန်သုံးသပ်နိုင်စေရန်၊ ကဗျာအရေးအဖွဲ့အတတ်ပညာကို သိရှိ စေရန်၊ ခေတ်ကဗျာများမှ ရရှိလာသည့် အတွေးအမြင်အသိများကို လူသားတို့၏ဘဝတာဝန်များဆီသို့ ကျေပွန်လိုသည့်အတွေးများ ရင့်ကျက်လာစေရန်၊ မိမိပတ်ဝန်းကျင်ရှိ လူအမျိုးမျိုးတို့၏ဘဝကို ဆင်ခြင်တွေးဆနိုင်ရန်၊ လောကဓံကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲသောသတ္တိများ ပေါ်ပေါက်လာစေရန်၊ ကဗျာဖွဲ့နည်းတွင် မိမိဘာသာစကား သဘောသဘာဝကိုသိရှိပြီး ရွေးချယ်သောအကြောင်းအရာပေါ်မူတည်၍ မည်သည့်အချိုးကဗျာပုံစံဖြင့် လက်တွေ့စပ်ဆိုနိုင်စေရန်တို့ဖြစ်ပါသည်။

 

ရသ/စာပေသဘောတရား၊ စာပေဝေဖန်ရေး (၂)

Module No. မ ၅၂၀၉

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရသသဘောတရား၊ စာပေသဘောတရားနှင့် စာပေဝေဖန်ရေးဟူ၍ ကဏ္ဍသုံးရပ် ပါဝင်ပါသည်။ ရသသဘော တရားနှင့် စာပေသဘောတရားတွင် ဆရာဇော်ဂျီ၏ ရသစာပေအဖွင့်နှင့်နိဒါန်း၊ ဦးရွှေအောင်၏ ရသစာပေ ၏ ရသတို့ကိုလည်းကောင်း၊ စာပေဝေဖန်ရေးတွင် တက္ကသိုလ်ဘုန်းနိုင်၏ ခပ်သိမ်းကလျာရှုဖွယ်သာတည့်နှင့် ဒဂုန်တာရာ၏ အလှဗေဒ(၂)တို့ကိုလည်းကောင်း ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် အရှေ့တိုင်းရသသဘောတရားမှ အစဉ်အလာအလင်္ကာကျမ်းများလာ ဂုဏ်၊ အလင်္ကာ၊ ဒေါသ၊ ရသဘာဝ တို့ကို လေ့လာသိရှိရမည်။ မြန်မာရသပညာနှင့်ပတ်သက်သည့် ရသစာပေသဘော၊ ရသစာပေဖန်တီးမှုသဘော၊ မြန်မာ့ရသ ပညာသဘောများကို လေ့လာမှတ်သားရမည်။ အနောက်တိုင်းစာပေသဘောတရားတွင်လည်း ဂန္ထဝင်စာပေအယူအဆမှ မျက်မှောက် ခေတ်စာပေအယူအဆများ အထိ ပေါ်ပေါက်ခဲ့သော ကမ္ဘာ့စာပေသဘောတရားများကို လေ့လာမှတ်သားရမည်။ စာပေဝေဖန်ရေးတွင် မြန်မာ့စာပေဝေဖန်ရေးစံနှင့် ဝေဖန်ရေးသဘောတရားနည်းနာများကို သိရှိမှတ်သားနားလည်နိုင်မည်။

 

ဘာသာစကား (၄) (ကျောက်စာ၊ မင်စာ၊ ပျူ)

Module No. မ ၅၂၁၀

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာစကားကဏ္ဍတွင်ပါဝင်သော မြန်မာကျောက်စာ၊ မင်စာနှင့် ပျူစာဟူ၍ ကဏ္ဍသုံးရပ် ပါဝင်ပါသည်။ မြန်မာကျောက်စာတွင် အသစ်တွေ့မြန်မာကျောက်စာ၊ မင်စာတွင် အသစ်တွေ့မင်စာကိုလည်းကောင်း၊ ပျူစာတွင် ရာဇကုမာရ် (ပျူမျက်နှာ) ကိုလည်းကောင်း လေ့လာရပါမည်။ အသစ်တွေ့မြန်မာကျောက်စာ၊ မင်စာများသည် ပုဂံခေတ်ထိုးကျောက်စာ၊ မင်စာများ ဖြစ်ပြီး အကြောင်းအရာအရလည်းကောင်း၊ အရေးအသားအရလည်းကောင်း လေ့လာရပါမည်။ အသစ်တွေ့မင်စာတွင် မင်စာ၏  သဘောသဘာဝ၊ ရေးထိုးသည့်အကြောင်းအရာနှင့် မင်စာအရေးအသားတို့ကို လေ့လာရပါမည်။ ပျူစာတွင် ကျောက်စာ၏ဘာသာပြန်၊ စာလုံးပေါင်း၊ ရင်းမြစ်များ၊ ပျူအက္ခရာပုံစံတို့ကို ခွဲခြမ်းစိတ်ဖြာ လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာကျောက်စာ၊ မင်စာများသည် ကုသိုလ်ရှင်တို့၏ ကောင်းမှုကုသိုလ်၊ စေတနာသဒ္ဓါတရား များမှ အခြေခံ၍ မော်ကွန်းတင်ခြင်းဖြစ်ပုံ၊ ထိုခေတ်၏ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ သာသနာရေး စသည့်သိမှတ်ဖွယ်ရာများ သိရှိနိုင်ပုံ၊ အရေးအသားပိုင်းတွင် စကားပြေရေးဟန်၊ စကားအသုံးအနှုန်း၊ ဝါကျ၊ သဒ္ဒါဆိုင်ရာများကို ပုဂံခေတ်ကျောက်စာများနှင့် နှိုင်းယှဉ်သုံးသပ် နိုင်စေရန်၊ မွန်မြန်မာ စာပေနှစ်မျိုးကို နှိုင်းယှဉ်၍ ဝေါဟာရ၊ စာလုံးပေါင်း၊ ဝါကျဖွဲ့ထုံး၊ သဒ္ဒါတို့ကို သိရှိနိုင်စေရန်၊ ပျူအက္ခရာ၏သွင်ပြင်နှင့် ပျူအရေးအသားကို သိရှိစေရန်၊ မွန်၊ မြန်မာ၊ ပါဠိ၊ သက္ကတ စာဟန်များလွှမ်းမိုးသော စာပေအရေးအသားဖြစ်ပုံကို သိရှိစေရန်၊ ထိုကျောက်စာ များကို လေ့လာခြင်းဖြင့် ရသအသိအမြင်များမှတစ်ဆင့် မြန်မာတို့၏စေတနာသဒ္ဓါတရား၊ ကုသိုလ်စိတ်၊ သူတစ်ပါးအပေါ် စေတနာထားနိုင်ပုံ၊ ကိုယ်ကျင့်တရား ကောင်းမွန်လာစေရန်တို့ကို သိရှိစေရန်ဖြစ်ပါသည်။

 

ဘာသာစကား (၅) (အရေးရုပ်သွင်ဗေဒ၊ ဟန်ဗေဒ)

Module No. မ ၅၂၁၁

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာစကားကဏ္ဍတွင်ပါဝင်သော အရေးရုပ်သွင်ဗေဒနှင့် ဟန်ဗေဒတို့ကိုလေ့လာရပါမည်။ အရေးရုပ်သွင်ဗေဒ တွင် ဘာသာစကားနှင့် စာအရေးအသားစနစ်၊ ကမ္ဘာ့စာအရေးအသားစနစ်များကိုလည်းကောင်း၊ ဟန်ဗေဒတွင် ဟန်ဗေဒဖွင့်ဆိုချက်နှင့် ဟန်စိစစ်ပုံ အဆင့်များကိုလည်းကောင်း လေ့လာရမည်ဖြစ်ပါသည်။ ဟန်စိစစ်ရန်အဆင့်များတွင် စကားသံအဆင့်၊ စကားလုံးအဆင့်၊ ဝါကျအဆင့်တို့ကို ဦးတည်လေ့လာရပါမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာစကား၏အရေးရုပ်သွင်၊ ကမ္ဘာ့စာအရေးအသားစနစ်များကို သိရှိစေရန်၊ အာဆီယံနိုင်ငံများ ၏ စာအရေးအသားစနစ်ကိုသိရှိစေရန်၊ မြန်မာအရေးစနစ်၏ သွင်ပြင်များကို သိရှိစေရန်၊ ဟန်ဗေဒတွင် ပညာရှင်တို့၏ ဖွင့်ဆိုချက်များကို သိရှိနိုင်စေရန်၊ ဟန်ဗေဒလေ့လာခြင်းဖြင့် စကားသံ၊ စကားလုံး၊ ဝါကျများ၏ သဘောသဘာဝကို သိရှိနိုင်စေရန် စာပေတစ်ရပ် ရေးသားရာတွင် အရေးအသား ကောင်းမွန်ပြေပြစ်မှုကို မည်မျှအထောက်အကူပြုနိုင်သည်ကို သိရှိစေရန်တို့ဖြစ်ပါသည်။

 

ဘာသာစကား (၆) (လူမှုဘာသာဗေဒ၊ လက်တွေ့အတ္ထဗေဒ၊ သုတေသနလက်တွေ့)

Module No. မ ၅၂၁၂

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာစကားကဏ္ဍဖြစ်သော လူမှုဘာသာဗေဒ၊ လက်တွေ့အတ္ထဗေဒနှင့် သုတေသနလက်တွေ့တို့ ပါဝင်ပါသည်။ လူမှုဘာသာဗေဒတွင် ဘာသာဗေဒနှင့် လူမှုဘာသာဗေဒ ခြားနားချက်၊ လူမှုဘာသာဗေဒ၏ အခြေခံအယူအဆများ၊ လူမှုဘာသာဗေဒနယ်ပယ်၊ စကား၊ စကားတူစု၊ ဘာသာတူစုသဘော၊ ဘာသာစကား၏အသွင်ကွဲများကို လေ့လာရပါမည်။ လက်တွေ့အတ္ထဗေဒတွင် နယ်ပယ်၊ အညွှန်းစကား၊ အဖြည့်စကား၊ ပြောသူနာသူ၊ စကားလုပ်ဆောင်ချက်၊ ယဉ်ကျေးချေငံမှုများကို စိစစ်လေ့လာရပါမည်။ သုတေသနလက်တွေ့  တွင်မူ စာကြည့်တိုက်အသုံးပြုခြင်း၊ စာစုစာရင်းရှာဖွေခြင်း၊ စာစုစာရင်းပြုစုခြင်း၊ မှတ်စုထုတ်ခြင်း၊ ကျမ်းကိုး စာရင်းပြုစုခြင်း၊ သုတေသန စာတမ်းရေးခြင်းတို့ကို လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာဗေဒ၏ပညာရပ်ခွဲဖြစ်သော လူမှုဘာသာဗေဒ၏သဘောကို သိရှိရန်၊ လူမှုဘာသာဗေဒနှင့် ပတ်သက်၍ ပညာရှင်တို့၏ အယူအဆများကို သိရှိစေရန်၊ မိမိဘာသာစကားကို လူမှုဘာသာဗေဒအမြင်ဖြင့် လက်တွေ့သုတေသန ပြုနိုင်စေရန်၊ လက်တွေ့အတ္ထဗေဒတွင် မိမိတို့၏ ဘာသာစကားနယ်ပယ်မှ ညွှန်

8 MA Qualification

ပထမနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

မ ၅၁၀၁

စကားပြေ (၁)

4

3

2

မ ၅၁၀၂

ဂီတစာပေ

4

3

2

မ ၅၁၀၃

ရသ/စာပေသဘောတရား၊စာပေဝေဖန်ရေး (၁)

4

3

2

မ ၅၁၀၄

ဘာသာစကား (၁) (ကျောက်စာ၊မင်စာ၊မွန်ကျောက်စာ)

4

3

2

မ ၅၁၀၅

ဘာသာစကား (၂) (ဘာသာဗေဒ၊သဒ္ဒဗေဒ)

4

3

2

မ ၅၁၀၆

ဘာသာစကား (၃) (အတ္ထဗေဒ၊သုတေသနနည်းပညာ)

4

3

2

 

Total

24

18

12

Total credit – 24pts

Total hrs - 30

 

Core Courses

မ ၅၁၀၁ (၄)   စကားပြေ (၁)

မ ၅၁၀၂ (၄)    ဂီတစာပေ

မ ၅၁၀၃ (၄)   ရသ/စာပေသဘောတရား၊ စာပေဝေဖန်ရေး (၁)

မ ၅၁၀၄ (၄)   ဘာသာစကား (၁) (ကျောက်စာ၊ မင်စာ၊ မွန်ကျောက်စာ)

မ ၅၁၀၅ (၄)   ဘာသာစကား (၂) (ဘာသာဗေဒ၊ သဒ္ဒဗေဒ)

မ ၅၁၀၆ (၄)   ဘာသာစကား (၃) (အတ္ထဗေဒ၊ သုတေသနနည်းပညာ)

       

စကားပြေ (၁)

Module No. မ ၅၁၀၁

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဝတ္ထုရှည်နှင့် ရသစာတမ်းများဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ ဝတ္ထုရှည်တွင် ဂျာနယ်ကျော်မမလေး၏ သူမဝတ္ထု ကိုလည်းကောင်း၊ ရသစာတမ်းတွင် ရသစာတမ်းများ(ရွေးချယ်ချက်)ကိုလည်းကောင်း လေ့လာရပါမည်။ ဝတ္ထုရှည်ကိုလေ့လာရာတွင် ဝတ္ထုရှည်၏သဘောသဘာဝ၊ ဝတ္ထုပါအကြောင်းအရာကို ဝတ္ထုရှည်သဘောတရား ဝတ္ထုရှည်အတတ်ပညာတို့နှင့် ချဉ်းကပ်လေ့လာ ရပါမည်။ ရသစာတမ်းတွင်မူ စာတမ်း၏သဘောသဘာဝ၊ စာတမ်း၏အင်္ဂါရပ်များနှင့်လည်းကောင်း၊ စာရေးဆရာတစ်ဦးစီ၏ ရသစာတမ်းများကို အတွေး နှင့်အရေး မည်သို့ချိတ်ဆက်ဖန်တီးပုံကိုလည်းကောင်း ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဝတ္ထုရှည်တွင် ဝတ္ထုရှည်၏သဘောသဘာဝ၊ ဝတ္ထုရှည်သဘောတရားနှင့် ဝတ္ထုရှည်အတတ်ပညာ တို့ကို သိရှိစေရန်၊ စာရေးဆရာသည် ဝတ္ထုကို မည်သို့သောဝတ္ထုအတတ်ပညာများနှင့် ဖန်တီးပုံဖော်ထားသည်ကို သိရှိစေရန်၊ ရသစာတမ်းများတွင် စာတမ်း၏သွင်ပြင်လက္ခဏာများ၊ စာတမ်း၏သဘော သဘာဝကိုသိရှိစေရန်၊ စာတမ်းများတွင်တွေ့ရသော ရေးဟန်သွင်ပြင်တို့ကို သိရှိစေရန်၊ စာတမ်းများတွင် စာရေးဆရာတို့၏အတွေးကို အရေးဖြင့် မည်သို့ချိတ်ဆက်ဖော်ပြသည်ကို သိရှိစေရန်၊ ဝတ္ထုနှင့်စာတမ်းများလာ ရသအသိ အမြင်များမှတစ်ဆင့် ရရှိလာသော ဘဝအသိအမြင်ကို လက်တွေ့ဘဝတွင် အသုံးချတတ် စေရန်တို့ဖြစ်ပါသည်။

 

ဂီတစာပေ

Module No. မ ၅၁၀၂

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဂီတအနွယ်ဝင် မဟာဂီတစာပေနှင့် မြန်မာကဗျာဖွဲ့နည်းဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ မဟာဂီတစာပေတွင် မဟာဂီတစာပေ၏သဘောသဘာဝ၊ မဟာဂီတစာပေသမိုင်းအကျဉ်း၊ မဟာဂီတအမျိုးအစားများ၏ သဘောသဘာဝကို အကြောင်းအရာ အရလည်းကောင်း၊ အရေးအဖွဲ့အရလည်းကောင်း စာပေရှုထောင့်မှ လေ့လာရမည်ဖြစ်ပါသည်။ မြန်မာကဗျာဖွဲ့နည်းများတွင် အချိုးကဗျာ စပ်နည်းများကို လေ့လာ၍ လက်တွေ့ကဗျာရေးစပ်ဖန်တီးနိုင်သည်အထိ လေ့ကျင့်သင်ယူရန်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မဟာဂီတစာပေတွင် မဟာဂီတ၏သဘော၊ မဟာဂီတစာပေသမိုင်းအကျဉ်းကို သိရှိစေရန်၊ မဟာဂီတ အမျိုးအစားအလိုက် စပ်ဆိုသောအကြောင်းအရာများကွဲပြားသွားပုံကို သိရှိစေရန်၊ မဟာဂီတသီချင်းများ၏ အကြောင်းအရာအလိုက် ရေးဖွဲ့သောစကားအသုံးအနှုန်း၊ အသံ၊ ကာရန်၊ နရီ၊ စည်းဝါး၊ လေသံ စသည့် ကဗျာအတတ်ပညာများကို သိရှိနိုင်စေရန်၊ မဟာဂီတ သီချင်းများသည် ဇာတိမျိုးနွယ်၊ ယဉ်ကျေးမှု၊ ဘာသာ သာသနာနှင့်ပတ်သက်၍ ဇာတိမာန်စိတ်များ ဖြစ်ပေါ်တိုးတက်စေနိုင်သော သီချင်းများ  ဖြစ်သည်ကို သိရှိစေရန်၊ မိမိလူမျိုး မိမိယဉ်ကျေးမှုကို လေးစားမြတ်နိုး တန်ဖိုးထားတတ်သော ဂုဏ်ယူစိတ်များ ဖြစ်ပေါ် လာစေရန်၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တင်နိုင်စွမ်းရှိသော စာပေတစ်ရပ်ဖြစ်ပုံကို သိရှိစေရန်၊ ကဗျာဖွဲ့နည်းတွင် မိမိဘာသာစကား၏ သဘောသဘာဝကိုသိရှိပြီး ရွေးချယ်သောအကြောင်းအရာပေါ်မူတည်၍ မည်သည့်အချိုးပုံစံဖြင့်ဖြစ်စေ လက်တွေ့စပ်ဆိုနိုင်စေရန်တို့ ဖြစ်ပါသည်။

 

ရသ/စာပေသဘောတရား၊ စာပေဝေဖန်ရေး (၁)

Module No. မ ၅၁၀၃

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရသသဘောတရား၊ စာပေသဘောတရား၊ စာပေဝေဖန်ရေးဟူ၍ ကဏ္ဍသုံးရပ် ပါဝင်ပါသည်။ ရသစာပေ သဘောတရားတွင် ဆရာဇော်ဂျီ၏ စာပေသဘောတရားများကိုလည်းကောင်း၊ စာပေဝေဖန်ရေးတွင် ဝေဖန်ရေးစာတမ်းများ၊ ဒဂုန်တာရာ၏ အလှဗေဒကိုလည်းကောင်း ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာ့ရသပညာနှင့် ရသစာပေဆိုင်ရာသဘောတရားများကို သိရှိနားလည်လာမည်။ သရုပ်မှန်စာပေ သဘောတရားနှင့် ဘဝသရုပ်ဖော်စာပေဆိုင်ရာ စာပေသဘောတရားအမြင်များကို လေ့လာသိရှိနိုင်မည်။ စာပေဝေဖန်ရေး အခန်းကဏ္ဍ၊ ဝေဖန်ရေးသဘောနှင့် ဝေဖန်ရေးနည်းနာများ စံနှုန်းများကို လေ့လာသိရှိရမည်။

 

ဘာသာစကား (၁) (ကျောက်စာ၊ မင်စာ၊ မွန်ကျောက်စာ)

Module No. မ ၅၁၀၄

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရှေးစကားပြေဖြစ်သော အသစ်တွေ့မြန်မာကျောက်စာ၊ အသစ်တွေ့မင်စာနှင့် မွန်ကျောက်စာဟူ၍ ကဏ္ဍသုံးရပ် ပါဝင်ပါသည်။ မြန်မာကျောက်စာတွင် အသစ်တွေ့ကျောက်စာများသည် ပုဂံခေတ်ထိုးကျောက်စာများဖြစ်ပြီး အကြောင်းအရာအရ      လည်းကောင်း၊ အရေးအသားအရလည်းကောင်း လေ့လာရပါမည်။ အသစ်တွေ့မင်စာတွင် မင်စာတို့၏သဘောသဘာဝ၊ ရေးထိုးသည့် အကြောင်းအရာနှင့် မင်စာအရေးအသားတို့ကို ခွဲခြမ်းစိတ်ဖြာလေ့လာရပါမည်။ မွန်ကျောက်စာတွင် ကျိုက်တလန်းမွန်ကျောက်စာကို လေ့လာရမည်ဖြစ်ပြီး ကျောက်စာ၏ ဘာသာပြန်၊ စာလုံးပေါင်း၊ ပြောင်းထုံး၊ စကားလုံးရင်းမြစ်များကို ခွဲခြမ်းစိတ်ဖြာ၍ ဦးတည်လေ့လာ ရပါမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာကျောက်စာ၊ မင်စာများသည် ကုသိုလ်ရှင်တို့၏ ကောင်းမှုကုသိုလ်၊ စေတနာသဒ္ဓါတရားများမှ အခြေခံ၍ မော်ကွန်းတင်ခြင်းဖြစ်ပုံ၊ ထိုခေတ်၏ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ သာသနာရေး စသည့်သိမှတ်ဖွယ်ရာများ သိရှိနိုင်ပုံ၊ အရေးအသားပိုင်းတွင် စကားပြေရေးဟန်၊ စကားအသုံးအနှုန်း၊ ဝါကျ၊ သဒ္ဒါ စသည်ဖြင့် အခြားပုဂံခေတ်ကျောက်စာများနှင့် နှိုင်းယှဉ်သုံးသပ် နိုင်စေရန်၊ မွန်မြန်မာ စာပေနှစ်မျိုးကို နှိုင်းယှဉ်၍ ဝေါဟာရစာလုံးပေါင်း၊ ပြောင်းထုံး၊ ဝါကျဖွဲ့ထုံး၊ သဒ္ဒါတို့ကို သိရှိနိုင် စေရန်၊ ထိုကျောက်စာ၊ မင်စာ၊ မွန်စာများကို လေ့လာခြင်းဖြင့် အကြောင်းအရာပါ ရသအသိအမြင်များမှတစ်ဆင့် မြန်မာတို့၏စေတနာသဒ္ဓါတရား၊ ကုသိုလ်စိတ်၊ သူတစ်ပါးအပေါ် မေတ္တာထားနိုင်ပုံ၊ ကိုယ်ကျင့်တရား ကောင်းမွန်လာစေရန်တို့ကို သိရှိစေရန်ဖြစ်ပါသည်။

 

ဘာသာစကား (၂) (ဘာသာဗေဒ၊ သဒ္ဒဗေဒ)

Module No. မ ၅၁၀၅

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာဗေဒနှင့် သဒ္ဒဗေဒဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ ဘာသာဗေဒတွင် ဘာသာစကားမျိုးရိုး၊ အာဆီယံ နိုင်ငံများ၏ ဘာသာစကားမိတ်ဆက်၊ ခေတ်သစ်သဒ္ဒါတို့ကို လေ့လာရပါမည်။ ခေတ်သစ်သဒ္ဒါတွင် အဆောက်အအုံသဒ္ဒါ၊ ထုတ်လုပ်ရေးသဒ္ဒါ၊ သဏ္ဌာန်ပြောင်းသဒ္ဒါတို့ ပါဝင်ပါသည်။ သဒ္ဒဗေဒတွင် ဗျည်း၊ သရ သတ်မှတ်ချက်၊ ဝဏ္ဏဖွဲ့ပုံ၊ အသံသဘောတရားများကို လေ့လာရပါမည်။ အသံသဘောတရားတွင် နိမ့်မြင့်သံ၊ တက်ကျသံ၊ အသံရပ်နားမှု၊ ဖိသံ၊ ဝါကျနိမ့်မြင့်သံ၊ ပုဒ်စပ်မှုသဘောများကိုလည်းကောင်း၊ သဒ္ဒဗေဒ အက္ခရာဖြင့် လက်တွေ့အသံလှယ်ခြင်းကိုလည်းကောင်း ဦးတည်လေ့လာရပါမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာစကားမျိုးရိုးတို့ကို သိရှိစေရန်၊ အာဆီယံဒေသတွင်းရှိ ဘာသာစကားများကို သိရှိစေရန်၊ ဘာသာဗေဒပညာရှင်များ၏ ခေတ်သစ်သဒ္ဒါအယူအဆများကို သိရှိနိုင်စေရန်၊ သဒ္ဒဗေဒပညာရပ်မှ အသံ၏သဘောသဘာဝကို သိရှိနိုင် စေရန်၊ အခြားဘာသာစကားများကို လေ့လာရာတွင် သဒ္ဒဗေဒအက္ခရာဖြင့် အသံလှယ်ခြင်းပြုနိုင်ပါက လေ့လာမှုအထောက်အကူ ပြုနိုင်သည်ကို သိရှိစေရန်တို့ဖြစ်ပါသည်။

 

ဘာသာစကား (၃) (အတ္ထဗေဒ၊ သုတေသနနည်းပညာ)

Module No. မ ၅၁၀၆

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် အတ္ထဗေဒနှင့် သုတေသနနည်းပညာဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ အတ္ထဗေဒတွင် အတ္ထဗေဒနယ်ပယ်၊ အခြေခံအယူအဆများ၊ အနက်အဓိပ္ပာယ်အမျိုးမျိုး၊ အနက်အဓိပ္ပာယ်နှင့် အဆက်အစပ်များကို လေ့လာရပါမည်။ သုတေသနနည်းပညာ တွင်မူ သုတေသန၏ အခြေခံသဘော၊ သုတေသနပြုရန် အကြောင်းအရာရွေးချယ်ခြင်း၊ အထောက်အထားရှာဖွေခြင်း၊ သုတေသန စာတမ်းပုံစံ၊ အတိုကောက်ဖော်ပြခြင်း၊ သုတေသနသုံး အထွေထွေအတိုကောက်အညွှန်းများကို လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် အတ္ထဗေဒတွင် အတ္ထဗေဒ၏သဘော၊ အတ္ထဗေဒနယ်ပယ်ကို သိရှိစေရန်၊ အနက်အဓိပ္ပာယ်၏ အခြေခံအယူအဆများ၊ အနက်အဓိပ္ပာယ်အမျိုးမျိုး၊ အနက်အဓိပ္ပာယ်နှင့် အဆက်အစပ်များကို သိရှိစေရန်၊ အနက်အဓိပ္ပာယ်သည် လူတို့ ပြောဆိုသောဘာသာစကား၌ မည်မျှအရေးပါသည်ကို သိရှိစေရန်၊ သုတေသနနည်းပညာတွင် သုတေသန၏ အခြေခံသဘောကို သိရှိစေရန်၊ သုတေသနပြုရာတွင် အကြောင်းအရာရွေးချယ်မှုသည် မည်မျှအရေးပါပုံကို သိရှိစေရန်၊ အထောက်အထားရှာဖွေမှုသည်လည်း ဒုတိယ    အရေးကြီးပုံကို သိရှိစေရန်၊ စာတမ်းပုံစံ အတိုကောက်ဖော်ပြြခင်း၊ သုတေသနသုံး အထွေထွေအတိုကောက်အညွှန်းများသည် သုတေသနပြုရာ၌ လိုအပ်ပုံတို့ကို သိရှိစေရန်ဖြစ်ပါသည်။

-----------------------------------------------------------------------------

ဒုတိယနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

မ ၅၁၀၇

စကားပြေ (၂)

4

3

2

မ ၅၁၀၈

ကဗျာ

4

3

2

မ ၅၁၀၉

ရသ/စာပေသဘောတရား၊စာပေဝေဖန်ရေး (၂)

4

3

2

မ ၅၁၁၀

ဘာသာစကား (၄) (ကျောက်စာ၊မင်စာ၊ပျူ)

4

3

2

မ ၅၁၁၁

ဘာသာစကား (၅) (အရေးရုပ်သွင်ဗေဒ၊ ဟန်ဗေဒ)

4

3

2

မ ၅၁၁၂

ဘာသာစကား (၆) (လူမှုဘာသာဗေဒ၊ လက်တွေ့အတ္ထဗေဒ၊ သုတေသနလက်တွေ့)

4

3

2

 

Total

24

18

12

Total credit – 24pts

Total hrs - 30

 

Core Courses

မ ၅၁၀၇ (၄)   စကားပြေ (၂)

မ ၅၁၀၈ (၄)   ကဗျာ

မ ၅၁၀၉ (၄)   ရသ/စာပေသဘောတရား၊ စာပေဝေဖန်ရေး (၂)

မ ၅၁၁၀ (၄)   ဘာသာစကား (၄) (ကျောက်စာ၊ မင်စာ၊ ပျူ)

မ ၅၁၁၁ (၄)   ဘာသာစကား (၅) (အရေးရုပ်သွင်ဗေဒ၊ ဟန်ဗေဒ)

မ ၅၁၁၂ (၄)    ဘာသာစကား (၆) (လူမှုဘာသာဗေဒ၊ လက်တွေ့အတ္ထဗေဒ၊ သုတေသနလက်တွေ့)

*ကျောင်းသား၊ ကျောင်းသူများသည် Term Paper များကို မဖြစ်မနေတင်သွင်းရပါမည်။

         

စကားပြေ (၂)

Module No. မ ၅၁၀၇

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဝတ္ထုရှည်နှင့် ရသစာတမ်းဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ ဝတ္ထုရှည်တွင် လင်းယုန်သစ်လွင်၏ ဓမ္မဝိလာသဝတ္ထု ကိုလည်းကောင်း၊ ရသစာတမ်းတွင် ရသစာတမ်း(ရွေးချယ်ချက်)ကိုလည်းကောင်း လေ့လာရပါမည်။ ဝတ္ထုရှည်ကိုလေ့လာရာတွင် ဝတ္ထုရှည်၏သဘောသဘာဝ၊ ဝတ္ထုပါအကြောင်းအရာကို ဝတ္ထုရှည်သဘောတရား ဝတ္ထုရှည်အတတ်ပညာတို့နှင့် ချဉ်းကပ်လေ့လာရပါမည်။ ရသစာတမ်းတွင်မူ စာတမ်း၏သဘောသဘာဝ၊ စာတမ်း၏သွင်ပြင်လက္ခဏာများ၊ စာရေးဆရာတစ်ဦးချင်းစီ၏ ရသစာတမ်းများမှ အတွေးနှင့် အရေး ချိတ်ဆက်ဖန်တီးပုံကို ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဝတ္ထုရှည်၏သဘော၊ ဝတ္ထုတိုနှင့် ဝတ္ထုရှည်တို့၏ကွာခြားမှု အတတ်ပညာတို့ကို သိရှိရန်၊ စာရေးဆရာသည် မိမိ၏ဝတ္ထုကို မည်သို့သောအတတ်ပညာများဖြင့် ဖန်တီးရေးဖွဲ့ထားသည်ကို သိရှိရန်၊ ရသစာတမ်းတွင် ရသစာတမ်း၏သဘောသဘာဝ၊ သွင်ပြင်လက္ခဏာများကို သိရှိစေရန်၊ ရသစာတမ်းများတွင် စာရေးဆရာတို့၏အတွေးကို အရေးဖြင့် မည်သို့ချိတ်ဆက်ဖန်တီးသည်ကို သိရှိစေရန်၊ ဝတ္ထုရှည်နှင့် ရသစာတမ်းများမှ ရရှိသည့် ရသအသိအမြင်မှတစ်ဆင့်ဘဝအသိအမြင်ကို လက်တွေ့လူ့လောကပတ်ဝန်းကျင်တွင် အသုံးချတတ်စေရန်တို့ဖြစ်ပါသည်။

 

ကဗျာ

Module No. မ ၅၁၀၈

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ခေတ်ကဗျာနှင့် ကဗျာဖွဲ့နည်းဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ ခေတ်ကဗျာတွင် ခေတ်က‌ဗျာများ(ရွေးချယ်ချက်) ကိုလည်းကောင်း၊ ကဗျာဖွဲ့နည်းတွင် အချိုးကဗျာဖွဲ့နည်းများကိုလည်းကောင်း လေ့လာရပါမည်။ ခေတ်ကဗျာကိုလေ့လာရာတွင် ခေတ်ကဗျာ တို့၏သဘောသဘာဝ၊ ကဗျာဆရာတို့၏ အတွေးနှင့်အရေး ချိတ်ဆက်ဖန်တီးရေးဖွဲ့မှု၊ ကဗျာ့အတတ်ပညာများကို ချဉ်းကပ်၍ လေ့လာရပါမည်။ ကဗျာဖွဲ့နည်းတွင်မူ အချိုးကဗျာဖွဲ့နည်းများကို လေ့လာ၍ လက်တွေ့ကဗျာ ရေးဖွဲ့ဖန်တီးနိုင်သည်အထိ လေ့ကျင့်သင်ယူရန် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ခေတ်ကဗျာတို့၏သဘောသဘာဝ၊ ရှေးကဗျာနှင့် ခေတ်ကဗျာတို့၏ ကွာခြားမှုကို သိရှိစေရန်၊ ကဗျာ့သဘော ကဗျာ့စိတ်ကူးနှင့်အရေး ချိတ်ဆက်ဖန်တီးနိုင်မှုကို ဝေဖန်သုံးသပ်နိုင်စေရန်၊ ကဗျာအရေးအဖွဲ့အတတ်ပညာကို သိရှိ စေရန်၊ ခေတ်ကဗျာများမှ ရရှိလာသည့် အတွေးအမြင်အသိများကို လူသားတို့၏ဘဝတာဝန်များဆီသို့ ကျေပွန်လိုသည့်အတွေးများ ရင့်ကျက်လာစေရန်၊ မိမိပတ်ဝန်းကျင်ရှိ လူအမျိုးမျိုးတို့၏ဘဝကို ဆင်ခြင်တွေးဆနိုင်ရန်၊ လောကဓံကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရဲသောသတ္တိများ ပေါ်ပေါက်လာစေရန်၊ ကဗျာဖွဲ့နည်းတွင် မိမိဘာသာစကား သဘောသဘာဝကိုသိရှိပြီး ရွေးချယ်သောအကြောင်းအရာပေါ်မူတည်၍ မည်သည့်အချိုးကဗျာပုံစံဖြင့် လက်တွေ့စပ်ဆိုနိုင်စေရန်တို့ဖြစ်ပါသည်။

 

ရသ/စာပေသဘောတရား၊ စာပေဝေဖန်ရေး (၂)

Module No. မ ၅၁၀၉

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရသသဘောတရား၊ စာပေသဘောတရားနှင့် စာပေဝေဖန်ရေးဟူ၍ ကဏ္ဍသုံးရပ် ပါဝင်ပါသည်။ ရသသဘော တရားနှင့် စာပေသဘောတရားတွင် ဆရာဇော်ဂျီ၏ ရသစာပေအဖွင့်နှင့်နိဒါန်း၊ ဦးရွှေအောင်၏ ရသစာပေ၏ရသတို့ကိုလည်းကောင်း၊ စာပေဝေဖန်ရေးတွင် တက္ကသိုလ်ဘုန်းနိုင်၏ ခပ်သိမ်းကလျာရှုဖွယ်သာတည့်နှင့် ဒဂုန်တာရာ၏ အလှဗေဒ(၂)တို့ကိုလည်းကောင်း ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် အရှေ့တိုင်းရသသဘောတရားမှ အစဉ်အလာအလင်္ကာကျမ်းများလာ ဂုဏ်၊ အလင်္ကာ၊ ဒေါသ၊ ရသ ဘာဝတို့ကို လေ့လာသိရှိရမည်။ မြန်မာရသပညာနှင့်ပတ်သက်သည့် ရသစာပေသဘော၊ ရသစာပေဖန်တီးမှုသဘော၊ မြန်မာ့ရသပညာ သဘောများကို လေ့လာမှတ်သားရမည်။ အနောက်တိုင်းစာပေသဘောတရားတွင်လည်း ဂန္ထဝင်စာပေအယူအဆမှ မျက်မှောက်ခေတ်စာပေ အယူအဆများအထိ ပေါ်ပေါက်ခဲ့သော ကမ္ဘာ့စာပေသဘောတရားများကို လေ့လာမှတ်သားရမည်။ စာပေဝေဖန်ရေးတွင် မြန်မာ့စာပေ ဝေဖန်ရေးစံနှင့် ဝေဖန်ရေးသဘောတရားနည်းနာများကို သိရှိမှတ်သားနားလည်နိုင်မည်။

 

ဘာသာစကား (၄) (ကျောက်စာ၊ မင်စာ၊ ပျူ)

Module No. မ ၅၁၁၀

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာစကားကဏ္ဍတွင်ပါဝင်သော မြန်မာကျောက်စာ၊ မင်စာနှင့် ပျူစာဟူ၍ ကဏ္ဍသုံးရပ် ပါဝင်ပါသည်။ မြန်မာကျောက်စာတွင် အသစ်တွေ့မြန်မာကျောက်စာ၊ မင်စာတွင် အသစ်တွေ့မင်စာကိုလည်းကောင်း၊ ပျူစာတွင် ရာဇကုမာရ် (ပျူမျက်နှာ) ကိုလည်းကောင်း လေ့လာရပါမည်။ အသစ်တွေ့မြန်မာကျောက်စာ၊ မင်စာများသည် ပုဂံခေတ်ထိုးကျောက်စာ၊ မင်စာများ ဖြစ်ပြီး အကြောင်းအရာအရလည်းကောင်း၊ အရေးအသားအရလည်းကောင်း လေ့လာရပါမည်။ အသစ်တွေ့မင်စာတွင် မင်စာ၏ သဘောသဘာဝ၊ ရေးထိုးသည့်အကြောင်းအရာနှင့် မင်စာအရေးအသားတို့ကို လေ့လာရပါမည်။ ပျူစာတွင် ကျောက်စာ၏ဘာသာပြန်၊ စာလုံးပေါင်း၊ ရင်းမြစ်များ၊ ပျူအက္ခရာပုံစံတို့ကို ခွဲခြမ်းစိတ်ဖြာ လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာကျောက်စာ၊ မင်စာများသည် ကုသိုလ်ရှင်တို့၏ ကောင်းမှုကုသိုလ်၊ စေတနာသဒ္ဓါတရား များမှ အခြေခံ၍ မော်ကွန်းတင်ခြင်းဖြစ်ပုံ၊ ထိုခေတ်၏ လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ သာသနာရေး စသည့်သိမှတ်ဖွယ်ရာများ သိရှိနိုင်ပုံ၊ အရေးအသားပိုင်းတွင် စကားပြေရေးဟန်၊ စကားအသုံးအနှုန်း၊ ဝါကျ၊ သဒ္ဒါဆိုင်ရာများကို ပုဂံခေတ်ကျောက်စာများနှင့် နှိုင်းယှဉ်သုံးသပ်  နိုင်စေရန်၊ မွန်မြန်မာ စာပေနှစ်မျိုးကို နှိုင်းယှဉ်၍ ဝေါဟာရ၊ စာလုံးပေါင်း၊ ဝါကျဖွဲ့ထုံး၊ သဒ္ဒါတို့ကို သိရှိနိုင်စေရန်၊ ပျူအက္ခရာ၏သွင်ပြင်နှင့် ပျူအရေးအသားကို သိရှိစေရန်၊ မွန်၊ မြန်မာ၊ ပါဠိ၊ သက္ကတ စာဟန်များလွှမ်းမိုးသော စာပေအရေးအသား ဖြစ်ပုံကို သိရှိစေရန်၊ ထိုကျောက်စာများကို လေ့လာခြင်းဖြင့် ရသအသိအမြင်များမှတစ်ဆင့် မြန်မာတို့၏စေတနာ သဒ္ဓါတရား၊ ကုသိုလ်စိတ်၊ သူတစ်ပါးအပေါ် စေတနာထားနိုင်ပုံ၊ ကိုယ်ကျင့်တရား ကောင်းမွန်လာစေရန်တို့ကို သိရှိစေရန်ဖြစ်ပါသည်။

 

ဘာသာစကား (၅) (အရေးရုပ်သွင်ဗေဒ၊ ဟန်ဗေဒ)

Module No. မ ၅၁၁၁

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာစကားကဏ္ဍတွင်ပါဝင်သော အရေးရုပ်သွင်ဗေဒနှင့် ဟန်ဗေဒတို့ကိုလေ့လာရပါမည်။ အရေးရုပ်သွင်ဗေဒတွင် ဘာသာစကားနှင့် စာအရေးအသားစနစ်၊ ကမ္ဘာ့စာအရေးအသားစနစ်များကိုလည်းကောင်း၊ ဟန်ဗေဒတွင် ဟန်ဗေဒဖွင့်ဆိုချက်နှင့် ဟန်စိစစ်ပုံ အဆင့်များကိုလည်းကောင်း လေ့လာရမည်ဖြစ်ပါသည်။ ဟန်စိစစ်ရန်အဆင့်များတွင် စကားသံအဆင့်၊ စကားလုံးအဆင့်၊ ဝါကျအဆင့်တို့ကို ဦးတည်လေ့လာရပါမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာစကား၏အရေးရုပ်သွင်၊ ကမ္ဘာ့စာအရေးအသားစနစ်များကို သိရှိစေရန်၊ အာဆီယံနိုင်ငံများ၏ စာအရေးအသားစနစ်ကိုသိရှိစေရန်၊ မြန်မာအရေးစနစ်၏ သွင်ပြင်များကို သိရှိစေရန်၊ ဟန်ဗေဒတွင် ပညာရှင်တို့၏ ဖွင့်ဆိုချက်များကို သိရှိနိုင်စေရန်၊ ဟန်ဗေဒလေ့လာခြင်းဖြင့် စကားသံ၊ စကားလုံး၊ ဝါကျများ၏ သဘောသဘာဝကို သိရှိနိုင်စေရန် စာပေတစ်ရပ် ရေးသားရာတွင် အရေးအသား ကောင်းမွန်ပြေပြစ်မှုကို မည်မျှအထောက်အကူပြုနိုင်သည်ကို သိရှိစေရန်တို့ဖြစ်ပါသည်။

 

ဘာသာစကား (၆) (လူမှုဘာသာဗေဒ၊ လက်တွေ့အတ္ထဗေဒ၊ သုတေသနလက်တွေ့)

Module No. မ ၅၁၁၂

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဘာသာစကားကဏ္ဍဖြစ်သော လူမှုဘာသာဗေဒ၊ လက်တွေ့အတ္ထဗေဒနှင့် သုတေသနလက်တွေ့တို့ ပါဝင်ပါသည်။ လူမှုဘာသာဗေဒတွင် ဘာသာဗေဒနှင့် လူမှုဘာသာဗေဒ ခြားနားချက်၊ လူမှုဘာသာဗေဒ၏ အခြေခံအယူအဆများ၊ လူမှုဘာသာဗေဒ နယ်ပယ်၊ စကား၊ စကားတူစု၊ ဘာသာတူစုသဘော၊ ဘာသာစကား၏အသွင်ကွဲများကို လေ့လာရပါမည်။ လက်တွေ့အတ္ထဗေဒတွင် နယ်ပယ်၊ အညွှန်းစကား၊ အဖြည့်စကား၊ ပြောသူနာသူ၊ စကားလုပ်ဆောင်ချက်၊ ယဉ်ကျေးချေငံမှုများကို စိစစ်လေ့လာရပါမည်။ သုတေသန  လက်တွေ့တွင်မူ စာကြည့်တိုက်အသုံးပြုခြင်း၊ စာစုစာရင်းရှာဖွေခြင်း၊ စာစုစာရင်းပြုစုခြင်း၊ မှတ်စုထုတ်ခြင်း၊ ကျမ်းကိုး စာရင်းပြုစုခြင်း၊ သုတေသနစာတမ်းရေးခြင်းတို့ကို လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာဗေဒ၏ပညာရပ်ခွဲဖြစ်သော လူမှုဘာသာဗေဒ၏သဘောကို သိရှိရန်၊ လူမှုဘာသာဗေဒနှင့် ပတ်သက်၍ ပညာရှင်တို့၏ အယူအဆများကို သိရှိစေရန်၊ မိမိဘာသာစကားကို လူမှုဘာသာဗေဒအမြင်ဖြင့် လက်တွေ့သုတေသန ပြုနိုင်စေရန်၊ လက်တွေ့အတ္ထဗေဒတွင် မိမိတို့၏ ဘာသာစကားနယ်ပယ်မှ ညွှန်းခေါ်စကား၊ အဖြည့်စကားများကို သိရှိနိုင်စေရန်၊ ပြောသူနာသူတို့၏ အခန်းကဏ္ဍတွင် အနက်အဓိပ္ပာယ်သည် အရေးပါပုံကို သိရှိစေရန်၊

9 First Year (MA) (Lang)

မဟာဝိဇ္ဇာပထမနှစ် (မြန်မာစာ) (ဘာသာ)

ပထမနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

မ ၆၁၁ (ဘာ)

ရှေးဟောင်းစာနှင့်ဘာသာစကားအမြင် (ကုန်းဘောင်ခေတ်)

4

4

2

မ ၆၁၂ (ဘာ)

တိုင်းရင်းဘာသာစကားများ

4

4

2

မ ၆၁၃ (ဘာ)

ဘာသာဗေဒ

4

4

2

မ ၆၁၄ (ဘာ)

သဒ္ဒဗေဒ

4

4

2

 

Total

16

16

8

Total credit – 16pts

Total hrs - 24

 

Core Courses

မ ၆၁၁ (ဘာ) (၄)      ရှေးဟောင်းစာနှင့် ဘာသာစကားအမြင် (ကုန်းဘောင်ခေတ်)

မ ၆၁၂ (ဘာ) (၄)       တိုင်းရင်းဘာသာစကားများ

မ ၆၁၃ (ဘာ) (၄)      ဘာသာဗေဒ

မ ၆၁၄ (ဘာ) (၄)      သဒ္ဒဗေဒ

         

ရှေးဟောင်းစာနှင့် ဘာသာစကားအမြင် (ကုန်းဘောင်ခေတ်)

Module No. မ ၆၁၁(ဘာ)

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရှေးဟောင်းစာနှင့် ဘာသာစကားအမြင် ဟူ၍ ကဏ္ဍနှစ်ရပ် ပါဝင်ပါသည်။ ရှေးဟောင်းစာများတွင် ပုဂံခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်း မြန်မာကျောက်စာများကို လည်းကောင်း၊ ရှေးစာအရေးအသားတွင် ပျူ၊ သက္ကတ၊ မွန်အက္ခရာများကို လည်းကောင်း လေ့လာရပါမည်။ ဘာသာစကားအမြင်တွင် မြန်မာဘာသာစကားပညာရှင်တို့၏ ဘာသာစကားဆိုင်ရာကျမ်း (ကုန်းဘောင်ခေတ်)မှ ဝေါဟာရတ္ထ ပကာသနီကျမ်း၊ ဝေါဟာရလိနတ္ထဒီပနီ၊ ဝေါဟာရနှင့် ဝေါဟာရလိနတ္ထဒီပနီအရည်အချင်းကျမ်း၊ သဒ္ဒဗျူဟာကျမ်း၊ လီပိဒီပိကာကျမ်းများကို လေ့လာရပါမည်။ ကျောက်စာတို့ကိုလေ့လာရာတွင် စကားပြေအရေးအသား၊ စကား အသုံးအနှုန်း၊ ဝါကျသုံးဟန်၊ သဒ္ဒါဆိုင်ရာများကို ခွဲခြမ်းစိတ်ဖြာ လေ့လာရမည်ဖြစ်ပါသည်။ ထို့ပြင် ခေတ်ဦး ခေတ်လယ် ခေတ်နှောင်း တို့၏ ပြောင်းလဲလာသော စကားပြေဟန်များကို နှိုင်းယှဉ်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာကျောက်စာများတွင် ပုဂံခေတ်စကားပြေအရေးအသားများကို သိရှိစေရန်၊ ပုဂံခေတ်အတွင်း ခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်း စကားပြေအရေးအသားတို့၏ တိုးတက်ပြောင်းလဲလာပုံကို သိရှိစေရန်၊ ဘာသာစကားဖွံ့ဖြိုးရေး အတွက် ကျောက်စာများ၏အခန်းကဏ္ဍသည် မည်မျှအရေးပါပုံကို သိရှိစေရန်၊ ဘာသာစကားအမြင်တွင် ဘာသာစကားပညာရှင်များ၏ ဘာသာ စကားဆိုင်ရာ အယူအဆများကို သိရှိစေရန်၊ ဘာသာစကားကျမ်းများ၏ စကားပြေရေးဟန်ကို သိရှိစေရန်၊ မြန်မာဝေါဟာရတို့၏ အနက်ဖွင့်ဆိုချက်၊ အနက်အဓိပ္ပာယ်ဆိုင်ရာ သဘောတရားများ၊ စကားသံများ၏သဘောများ၊ သဒ္ဒါဆိုင်ရာ ဖွင့်ဆိုချက်များကို သိရှိစေရန် ဖြစ်ပါသည်။

 

တိုင်းရင်းဘာသာစကားများ

Module No. မ ၆၁၂(ဘာ)

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် တိုင်းရင်းဘာသာစကားဖြစ်သော မွန်စာပေကို လေ့လာရမည်ဖြစ်ပါသည်။ လေ့လာရာတွင် မွန်စာပေသမိုင်း၊ မွန်အက္ခရာသမိုင်းမိတ်ဆက်ကိုလည်းကောင်း၊ ရှေးမွန်တွင် ရွှေစည်းခုံမွန်ကျောက်စာ (င၊ စ၊ ဆ၊ ဇ) မျက်နှာကိုလည်းကောင်း၊ ခေတ်လယ်မွန် တွင် ရွှေတိဂုံမွန်ကျောက်စာကိုလည်းကောင်း လေ့လာရပါမည်။ မွန်ကျောက်စာများကိုလေ့လာရာတွင် အကြောင်းအရာပိုင်းနှင့် အရေးအသား ပိုင်းဟူ၍ စိစစ်လေ့လာရပါမည်။ အရေးအသားပိုင်းတွင် ကျောက်စာ၏ဘာသာပြန်၊ စာလုံးပေါင်း၊ ပြောင်းထုံး၊ စကားလုံးရင်းမြစ်များနှင့် အဖွဲ့ကောင်းများကို ထုတ်နုတ်၍ ခွဲခြမ်းစိတ်ဖြာ လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

 ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မွန်စာပေသမိုင်းနှင့် မွန်အက္ခရာသမိုင်းတို့ကို သိရှိစေရန်၊ မွန်ကျောက်စာ၏ စကားပြေရေးဟန်ကို သိရှိစေရန်၊ ခေတ်ဦး၊ ခေတ်လယ် မွန်ကျောက်စာနှစ်မျိုးကို နှိုင်းယှဉ်၍ ဝေါဟာရ၊ စာလုံးပေါင်း၊ ပြောင်းထုံး၊ ဝါကျဖွဲ့ထုံး၊ သဒ္ဒါတို့ကို သိရှိစေရန်၊ တိုင်းရင်းဘာသာစကားများသည် ဘာသာစကား ထိန်းသိမ်းစောင့်ရှောက်ရေးကိုလည်းကောင်း၊ စာပေယဉ်ကျေးမှု ပြန့်ပွားထွန်းကားရေး အတွက်လည်းကောင်း အထောက်အကူပြုနိုင်သော စာပေတစ်ရပ်ဖြစ်ကြောင်း သိရှိစေရန်ဖြစ်ပါသည်။

 

ဘာသာဗေဒ

Module No. မ ၆၁၃(ဘာ)

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဆရာကြီးဦးဖေမောင်တင်၏ ဘာသာလောကကျမ်း၌ပါရှိသော (တစ်သီးပုဂ္ဂလ၊ ပူးတွဲ၊ ရုပ်ပြောင်းဝိဘတ်သွယ်၊ ကိုယ်တွင်းပြည့်) သွင်ပြင်အရ ဘာသာစကားအမျိုးအစားခွဲခြားခြင်းကို လေ့လာပါမည်။ မျိုးရိုးအရ ဘာသာစကားများကိုလည်း (တိဗက်၊ တရုတ်၊ ဩစထရစ်၊ ထိုင်ကဒိုင်၊ အင်ဒိုဥရောပ) လေ့လာရမည်။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတို့၏ ဘာသာစကားမျိုးရိုးများနှင့် ဆန့်ကျင်နှိုင်းဘာသာဗေဒ၏ သီအိုရီများကို သင်ကြားပေးပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် သွင်ပြင်အရ၊ မျိုးရိုးအရ ဘာသာစကားအမျိုးအစားခွဲခြင်းကို သိရှိနိုင်မည်။ မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး၏ ဘာသာစကားမျိုးရိုးများကို ဗဟုသုတရရှိသကဲ့သို့ ဆန့်ကျင်နှိုင်းဘာသာဗေဒ၏ သဘောသဘာဝကို သိမြင် နိုင်ပါသည်။ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာစကားတို့ကို ဆန့်ကျင်နှိုင်းနည်းဖြင့် နှိုင်းယှဉ်နိုင်သကဲ့သို့ ဆန့်ကျင်နှိုင်းစကားသံဖွဲ့ပုံ၊ ဆန့်ကျင်နှိုင်းစကားလုံးဖွဲ့ပုံတို့ကို သိမြင်နိုင်စေရန် ဖြစ်ပါသည်။

 

သဒ္ဒဗေဒ

Module No. မ ၆၁၄(ဘာ)

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် သဒ္ဒဗေဒဘာသာရပ်ကို လေ့လာရမည်ဖြစ်သည်။ သဒ္ဒဗေဒပညာရပ်ကိုလေ့လာရာတွင် ကရိုဏ်းသဒ္ဒဗေဒ၊ အသံလှိုင်းသဒ္ဒဗေဒနှင့် စကားသံများကို သဒ္ဒဗေဒအရ အသံလှယ်ခြင်းများပါဝင်သည်။ သဒ္ဒဗေဒပညာရပ်များအနက်မှ ကရိုဏ်းသဒ္ဒဗေဒ ၏သဘော၊ အသံလှိုင်းသဒ္ဒဗေဒ၏သဘောသဘာဝ စနစ်တို့ကို ခြုံငုံမိအောင် လေ့လာရမည်ဖြစ်သည်။ ထို့ပြင် စကားသံများကို သဒ္ဒဗေဒအရ သရုပ်ဖော်ခြင်း၊ အသံလှယ်ခြင်းတို့ကို လေ့လာရမည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် သဒ္ဒဗေဒပညာရပ်၏ သဘောသဘာဝကို နားလည်နိုင်မည်။ ဘာသာစကားကို စနစ်တကျ လေ့လာသည့် ပညာရပ်ဖြစ်၍ လူတို့၏စကားသံပြုအင်္ဂါများ၊ လှုပ်ရှားမှုများ၊ အသံထုတ်လုပ်မှုများကို သိရှိစမ်းသပ်လေ့လာနိုင်မည်။ စကားသံများကို သဒ္ဒဗေဒအရ သရုပ်ဖော်ခြင်း၊ အသံလှယ်ခြင်းဖြင့် ဘာသာစကားလေ့လာရာတွင် လွယ်ကူလာနိုင်မည်။

-----------------------------------------------------------------------------

ဒုတိယနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

မ ၆၂၁ (ဘာ)

ရှေးဟောင်းစာနှင့်ဘာသာစကားအမြင် (နှောင်းခေတ်)

4

4

2

မ ၆၂၂ (ဘာ)

တိုင်းရင်းဘာသာစကားများ

4

4

2

မ ၆၂၃ (ဘာ)

အတ္ထဗေဒ

4

4

2

မ ၆၂၄ (ဘာ)

လူမှုဘာသာဗေဒနှင့် ရေးဟန်

4

4

2

 

Total

16

16

8

Total credit – 16pts

Total hrs - 24

 

Core Courses

မ ၆၂၁ (ဘာ) (၄)       ရှေးဟောင်းစာနှင့် ဘာသာစကားအမြင် (နှောင်းခေတ်)

မ ၆၂၂ (ဘာ) (၄)        တိုင်းရင်းဘာသာစကားများ

မ ၆၂၃ (ဘာ) (၄)       အတ္ထဗေဒ

မ ၆၂၄ (ဘာ) (၄)       လူမှုဘာသာဗေဒနှင့်ရေးဟန်

 

ရှေးဟောင်းစာနှင့် ဘာသာစကားအမြင် (နှောင်းခေတ်)

Module No. မ ၆၂၁(ဘာ)

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရှေးဟောင်းစာဖြစ်သော မြန်မာကျောက်စာ၊ ရှေးစာအရေးအသားနှင့် ဘာသာစကားအမြင်(နှောင်းခေတ်)တို့ကို လေ့လာရပါမည်။ မြန်မာကျောက်စာတွင် ပင်းယခေတ်၊ အင်းဝခေတ်ကျောက်စာများ (ရွေးချယ်ချက်) ကို လေ့လာရပါမည်။ လေ့လာရာ တွင် အရေးအသားပိုင်းဆိုင်ရာဖြစ်သော ရေးဟန်များနှင့် ချဉ်းကပ်၍ လည်းကောင်း၊ ရှေးစာအရေးအသားတွင် အုတ်ခွက်စာ၊ မင်စာ၊ ခေါင်းလောင်းစာ၊ ပေစာ၊ ပုရပိုက်စာ၊ ပေထုတ်ကြိုးစာများကို လေ့လာရပါမည်။ ဘာသာစကားအမြင်တွင် ဘာသာစကားပညာရှင်များ၏ ဘာသာစကားဆိုင်ရာ ကျမ်းများကို လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကို‌လေ့လာခြင်းဖြင့် မြန်မာကျောက်စာတွင် ပင်းယခေတ်၊ အင်းဝခေတ်ကျောက်စာများ၏ စကားပြေအရေးအသား တို့ကို နှိုင်းယှဉ်လေ့လာရန်၊ ထိုကျောက်စာများမှ စကားသုံးနှုန်းဟန်၊ ရေးဟန်များကို သိရှိစေရန်၊ ရှေးစာအရေးအသားဖြစ်သော အုတ်ခွက်စာ၊ မင်စာ၊ ခေါင်းလောင်းစာ၊ ပေစာ၊ ပုရပိုက်စာ၊ ပေထုတ်ကြိုးစာတို့၏ သဘောသဘာဝကို သိရှိစေရန်၊ ဘာသာစကားအမြင်ဆိုင်ရာ ကျမ်းများကို လေ့လာခြင်းဖြင့် အနက်ဖွင့်ဆိုချက်၊ အဓိပ္ပာယ်ဆိုင်ရာသဘောတရားများ၊ မြန်မာစာလုံးပေါင်း၊ ပြောင်းထုံး၊ သတ်ပုံ၊ မြန်မာသဒ္ဒါနည်းနာများ၊ အနက်နည်းနာများကို သိရှိစေရန်တို့ဖြစ်ပါသည်။

 

တိုင်းရင်းဘာသာစကားများ

Module No. မ ၆၂၂(ဘာ)

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် တိုင်းရင်းဘာသာစကားဖြစ်သော မွန်မင်စာနှင့် မွန်ကျောက်စာကို လေ့လာရမည်ဖြစ်ပါသည်။ မွန်မင်စာတွင် ပုဂံခေတ်ဗုဒ္ဓဝင်မင်စာများဖြစ်ပြီး မွန်ကျောက်စာတွင် ခေတ်လယ်မွန် ပဲခူးအဇပါလစေတီကျောက်စာ (က၊ ခ မျက်နှာ)ကို လေ့လာရပါမည်။ လေ့လာရာတွင် မင်စာ၏သဘောသဘာဝ၊ စာလုံးပေါင်း၊ ပြောင်းထုံး၊ စကားလုံးရင်းမြစ်နှင့် ရေးဟန်ကို ခွဲခြမ်းစိစစ်လေ့လာရပါမည်။ မွန်ကျောက်စာတွင် အကြောင်းအရာပိုင်းနှင့် အရေးအသားပိုင်းဟူ၍ စိစစ်လေ့လာပါမည်။ အရေးအသားပိုင်းတွင် ကျောက်စာ၏ဘာသာပြန်၊ စာလုံးပေါင်း၊ ပြောင်းထုံး၊ စကားလုံးရင်းမြစ်များနှင့် ဝါကျဖွဲ့ထုံး၊ သဒ္ဒါအသုံးအနှုန်း၊ အဖွဲ့ကောင်းများကို ထုတ်နုတ်၍ ခွဲခြမ်းစိတ်ဖြာ လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မွန်မင်စာ၏ သဘောသဘာဝကို သိရှိစေရန်၊ မွန်မင်စာ၏ စကားပြေရေးဟန်ကို သိရှိစေရန်၊ မွန်စာ အရေးအသားဖြစ်သော မွန်မင်စာနှင့် မွန်ကျောက်စာ၏စကားပြေရေးဟန်ကို နှိုင်းယှဉ်သိရှိစေရန်၊ မွန်မင်စာ၊ မွန်ကျောက်စာ နှစ်မျိုးကိုနှိုင်းယှဉ်၍ ဝေါဟာရ၊ စာလုံးပေါင်း၊ ပြောင်းထုံး၊ ဝါကျဖွဲ့ထုံး၊ သဒ္ဒါတို့ကိုသိရှိစေရန်၊ တိုင်းရင်းဘာသာစကားများသည် ဘာသာစကား ထိန်းသိမ်း စောင့်ရှောက်ရေးကိုလည်းကောင်း၊ စာပေယဉ်ကျေးမှု ပြန့်ပွားထွန်းကားရေးအတွက်လည်းကောင်း အထောက်အကူပြုနိုင်သော စာပေတစ်ရပ် ဖြစ်ကြောင်း သိရှိစေရန်ဖြစ်ပါသည်။

 

အတ္ထဗေဒ

Module No. မ ၆၂၃(ဘာ)

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ဆရာကြီးဒေါက်တာခင်အေး၏ အတ္ထဗေဒနိဒါန်းမှ ဘာသာဗေဒနယ်ပယ်များနှင့် အတ္ထဗေဒ၊ အနက်အဓိပ္ပာယ်နှင့် သ‌ေင်္ကတ၊ စကားလုံးရုပ်သွင်နှင့် အနက်အဓိပ္ပာယ်၊ အနက်အဓိပ္ပာယ်နှင့် ဆက်နွယ်မှုများ၊ အနက်အဓိပ္ပာယ်နှင့် ဥပစာများကို လေ့လာနိုင်မည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဘာသာစကားပြောဆိုသည့်အကြောင်းအရာသည် အနက်အဓိပ္ပာယ်ဖြစ်၍ ဖော်ပြသောစကားသံ သည် သ‌ေင်္ကတဖြစ်ကြောင်း သိစေပါသည်။ လူနှင့်တိရစ္ဆာန်၊ တိရစ္ဆာန်ချင်းဆက်သွယ်ရာ၌ သ‌ေင်္ကတများရှိသည်ကို သဘောပေါက်   စေရန်ဖြစ်သည်။ စကားလုံးတစ်လုံးတွင် ရုပ်သွင်နှင့် အနက်အဓိပ္ပာယ်ဟူ၍ မျက်နှာစာ နှစ်ဖက်ရှိကြောင်း သိမြင်စေပါသည်။ စကားလုံးတို့၏ အနက်အဓိပ္ပာယ် သာမက ဆက်သွယ်မှုကိုဖော်ပြသောသင်ရိုးဖြစ်၍ ကြောင်းတူသံကွဲ၊ သံတူကြောင်းကွဲများကို မြန်မာဘာသာစကား၌ သိမြင်စေရန်နှင့် စကားလုံးတစ်လုံးတွင် အနက်အဓိပ္ပာယ်တစ်ခုထက်ပို၍ရှိရသည့်အကြောင်းများတွင် ဥပစာတင်စားမှုသည် အကြောင်းတစ်ရပ်ဖြစ်ကြောင်း သိစေမည့် သင်ရိုးဖြစ်ပါသည်။

 

လူမှုဘာသာဗေဒနှင့်ရေးဟန်

Module No. မ ၆၂၄ (ဘာ)

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် လူမှုဘာသာဗေဒပညာရပ်နှင့်  ရေးဟန်ပညာကို လေ့လာရမည်။ လူမှုဘာသာဗေဒပညာရပ်ကို လေ့လာရာတွင် လူမှုဘာသာဗေဒ၏သဘော၊ ဘာသာစကားပြောင်းလဲမှု၏ သဘောသဘာဝများ၊ စကားလုပ်ဆောင်ချက်များ၊ စကားတာဝန်များ စသည်ဖြင့် ဘာသာစကားနှင့် လူ့အဖွဲ့အစည်းကြား အပြန်အလှန်ဆက်စပ်နေမှုများကို ခြုံငုံမိအောင် လေ့လာရမည်ဖြစ်သည်။ ရေးဟန်ပညာကို လေ့လာရာတွင် ရေးဟန်ပညာ၏ သဘောသဘာဝများကို လေ့လာပြီး စာပေလက်ရာများဖြင့် ချိန်ထိုးလေ့လာရန် ဖြစ်သည်။

 

Learning Outcomes

          လူမှုဘာသာဗေဒပညာရပ်၏သဘောကို သိရှိပြီး လူမှုအသိုင်းအဝိုင်းအတွင်း ဆက်ဆံရေး၊ ဆက်သွယ်ရေး ပိုမိုချောမွေ့အဆင်ပြေ နိုင်မည်။ ရေးဟန်ပညာဖြင့် စာပေလက်ရာများကို ချိန်ထိုးဆန်းစစ်သုံးသပ်နိုင်မည်။

10 First Year (MA) (Lict)

မဟာဝိဇ္ဇာပထမနှစ် (မြန်မာစာ) (စာပေ)  

ပထမနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

မ ၆၁၁ (စာ)

ရသစကားပြေ

4

4

2

မ ၆၁၂ (စာ)

သုတစကားပြေ

4

4

2

မ ၆၁၃ (စာ)

ကဗျာ

4

4

2

မ ၆၁၄ (စာ)

ကျောက်စာစာပေ

4

4

2

 

Total

16

16

8

Total credit – 16pts

Total hrs - 24

 

Core Courses

မ ၆၁၁ (စာ) (၄)        ရသစကားပြေ

မ ၆၁၂ (စာ) (၄)        သုတစကားပြေ

မ ၆၁၃ (စာ) (၄)        ကဗျာ

မ ၆၁၄ (စာ) (၄)        ကျောက်စာစာပေ

         

ရသစကားပြေ

Module No. မ ၆၁၁ (စာ)

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရသစကားပြေဖြစ်သော ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်နှင့် နန်းတွင်းဇာတ်တော်ကြီးများဟူ၍ ကဏ္ဍလေးရပ် ပါဝင်ပါသည်။ ဝတ္ထုတိုတွင် ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် (၁၉၄၈-၁၉၆၂) ဝတ္ထုတို(ရွေးချယ်ချက်)များ၊ ဝတ္ထုရှည်တွင် ကိုလိုနီခေတ်၊ လွတ်လပ်ရေး ခေတ်(၁၉၄၈-၁၉၆၂) ဝတ္ထုရှည်(ရွေးချယ်ချက်)များကိုလည်းကောင်း၊ ပြဇာတ်တွင် ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ် ပြဇာတ်ကို  လည်းကောင်း၊ နန်းတွင်းဇာတ်တော်ကြီးများတွင် ကုန်းဘောင်ခေတ် နန်းတွင်းဇာတ်တော်ကြီး(၂)ပုဒ်ကိုလည်းကောင်း လေ့လာရပါမည်။ ဝတ္ထုတိုနှင့် ဝတ္ထုရှည်ကိုလေ့လာရာတွင် ဝတ္ထုပါအကြောင်းအရာများကို ဝတ္ထုတိုသဘောသဘာဝ၊ ဝတ္ထုတိုသဘောတရား၊ ဝတ္ထုတိုအတတ်ပညာ၊ ဝတ္ထုရှည်၏သဘောသဘာဝ၊ ဝတ္ထုရှည်သဘောတရား၊ ဝတ္ထုရှည်အတတ်ပညာတို့နှင့်လည်းကောင်း၊ ပြဇာတ်လေ့လာရာတွင် ပြဇာတ်၏ သဘောသဘာဝ၊ ပြဇာတ်အတတ်ပညာများနှင့် ချိန်ထိုး၍လည်းကောင်း ချဉ်းကပ်လေ့လာရပါမည်။ နန်းတွင်းဇာတ်တော်ကြီးကို လေ့လာရာတွင် နန်းတွင်းဇာတ်တော်ကြီးများ၏ ဖန်တီးမှုအတတ်ပညာနှင့် ချဉ်းကပ်လေ့လာရမည် ဖြစ်ပါ သည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဝတ္ထုတို၊ ဝတ္ထုရှည်၏သဘောသဘာဝ၊ ဝတ္ထုတိုနှင့် ဝတ္ထုရှည်တို့၏ ကွာခြားမှုအတတ် ပညာတို့ကို သိရှိစေရန်၊ ဝတ္ထုတို၊ ဝတ္ထုရှည်များကို အကြောင်းအရာနှင့်လိုက်ဖက်စွာ မည်သည့်အတတ် ပညာဖြင့် ဖန်တီးပုံဖော်ထားသည်ကို သိရှိစေရန်၊ ပြဇာတ်၏သဘောသဘာဝ၊ ပြဇာတ်များကို အကြောင်းအရာနှင့်လိုက်ဖက်စွာ မည်သို့သောအတတ်ပညာများဖြင့် ဖန်တီးရေးဖွဲ့သည်ကို သိရှိစေရန်၊ နန်းတွင်းဇာတ်တော်ကြီးများတွင် နန်းတွင်း ဇာတ်တော်ကြီးများ၏သဘောသဘာဝ၊ အကြောင်းအရာနှင့်  လိုက်ဖက်အောင် မည်သို့ ဖန်တီးရေးဖွဲ့သည်ကို သိရှိစေရန်၊ ဝတ္ထုနှင့် နန်းတွင်းဇာတ်တို့၏ ရေးဖွဲ့ဖန်တီးမှုအတတ်ပညာ တူညီမှု၊ ကွဲပြားခြားနားမှုများကို သိရှိစေရန်၊ နန်းတွင်းဇာတ်တော်ကြီးများသည် မြန်မာမှုအသွယ်သွယ်ကို ထိန်းသိမ်းစေနိုင်သည့် စာပေတစ်ရပ်ဖြစ်ပုံကို သိရှိစေရန်၊ ထိုရသစာပေ များမှတစ်ဆင့် ရရှိလာသည့် ဘဝအသိအမြင်များကို လူ့ဘောင်လောကပတ်ဝန်းကျင်တွင် ပြန်လည် အသုံးချတတ်စေရန်တို့ ဖြစ်ပါသည်။

 

သုတစကားပြေ

Module No. မ ၆၁၂ (စာ)

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် သုတစကားပြေတွင်ပါဝင်သော စာပေယဉ်ကျေးမှုဆိုင်ရာကျမ်းကြီးများကို လေ့လာရမည်ဖြစ်ပါသည်။ စာပေ ယဉ်ကျေးမှုကျမ်းများတွင် လောကဗျူဟာအင်ရုံစာတမ်း၊ ကဝိလက္ခဏဒီပနီ၊ ရွှေဘုံနိဒါန်း၊ လက်ဝဲနော်ရထာလျှောက်ထုံး၊ ရွှေနန်းသုံးဝေါဟာရ အဘိဓာန်၊ သမန္တစက္ခုဒီပနီတို့ကို လေ့လာရပါမည်။ လေ့လာရာတွင် စာပေယဉ်ကျေးမှုကျမ်းများမှ အကြောင်းအရာကိုလည်းကောင်း၊ အရေးအသားပိုင်းတွင် ရေးဟန်များကိုလည်းကောင်း စိစစ်လေ့လာရပါမည်။ အကြောင်းအရာပိုင်းတွင် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံ၊ မြန်မာ့ထီးမူနန်းရာ၊ နန်းဓလေ့၊ မြန်မာမှုအသွယ်သွယ် စသည်ဖြင့် စိစစ်လေ့လာ၍လည်းကောင်း၊ အရေးအသားပိုင်းတွင် စကား အသုံးအနှုန်းများ၊ စကားပြေအရေးအသားများကို ချဉ်းကပ်လေ့လာရမည် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် မြန်မာစာပေမှ ယဉ်ကျေးမှုကျမ်းကြီးများကို သိရှိစေရန်၊ ထိုကျမ်းများမှ မြန်မာ့ထီးမူနန်းရာ၊ နန်းဓလေ့များကို သိရှိစေရန်၊ မြန်မာ့ထီးသုံးနန်းသုံး ဝေါဟာရများ အသုံးအနှုန်းများကို သိရှိစေရန်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို လေးစားမြတ်နိုး တန်ဖိုးထားတတ်စေရန်၊ ထိုကျမ်းများသည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ဆောင်နိုင်သော သက်သေပြယုဂ် များဖြစ်ကြောင်း သိရှိစေရန်တို့ဖြစ်ပါသည်။

 

ကဗျာ

Module No. မ ၆၁၃ (စာ)

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ကဗျာကဏ္ဍကို လေ့လာရမည်ဖြစ်ပါသည်။ ရှေးကဗျာများဖြစ်သော ပျို့ကဗျာတွင် အင်းဝခေတ်ပျို့(၄)ပုဒ်ကို လည်းကောင်း၊ မော်ကွန်းစာပေတွင် အင်းဝခေတ်ပေါ် မော်ကွန်း(၃)ပုဒ်ကိုလည်းကောင်း၊ တောလားကဗျာတွင် အင်းဝခေတ်ပေါ် တောလား(၂)ပုဒ်ကိုလည်းကောင်း၊ ဧချင်းစာပေတွင် တောင်ငူခေတ် ဧချင်း(၄)ပုဒ်နှင့် ကုန်းဘောင်ခေတ်ပေါ် ရကန်၊ သာချင်း၊ ဟောစာ များကိုလည်းကောင်း လေ့လာရပါမည်။ စာပေအဖွဲ့ပုံသဏ္ဌာန်အမျိုးအစား ကွဲပြားသွားသကဲ့သို့ စာပေအမျိုးအစားအလိုက် အကြောင်းအရာ သဘောကိုလည်းကောင်း၊ အရေးအဖွဲ့ပိုင်းတွင် ကဗျာဖန်တီးရေးဖွဲ့မှု အတတ်ပညာများဖြင့် ခွဲခြမ်းစိတ်ဖြာ လေ့လာ ရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ပျို့စာပေ၏ သဘောသဘာဝကို သိရှိစေရန်၊ ပျို့ကဗျာပါ အကြောင်းအရာများအလိုက် စာဆိုတို့၏ အရေးအဖွဲ့ဖြင့် မည်သို့ပေါ်လွင်စွာရေးဖွဲ့ထားသည်ကို သိရှိစေရန်၊ ပျို့ကဗျာများမှတစ်ဆင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ သိမှတ်ဖွယ် ရာများကို သိရှိစေရန်၊ ပျို့စာပေသည် ယဉ်ကျေးလိမ္မာအောင် ဆုံးမပဲ့ပြင်နိုင်သည့်အပြင် မြန်မာမှုအလှများကို နှစ်သက်မြတ်နိုး တန်ဖိုးထားတတ်အောင် လမ်းပြနိုင်သော စာပေတစ်ရပ်ဖြစ်ကြောင်း သိရှိစေရန်၊ မော်ကွန်းကဗျာများ၏ သဘောသဘာဝကို သိရှိစေရန်၊ မော်ကွန်းကဗျာပါ   အကြောင်းအရာနှင့် အရေးအဖွဲ့တို့မှတစ်ဆင့် မျိုးချစ်စိတ်ဓာတ် ဇာတိမာန်များ ထက်သန်လာအောင် လှုံ့ဆော်နိုင်စွမ်းရှိပုံကို သိရှိစေရန်၊ တောလားကဗျာအကြောင်းအရာနှင့် အရေးအဖွဲ့မှတစ်ဆင့် မြန်မာ့ရေမြေ ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတတ်လာ စေရန်၊ ရကန်၊ သာချင်း၊ ဟောစာတို့မှ စာဆိုတို့၏ ပြောင်မြောက်သောအရေးအဖွဲ့ဂုဏ်ရည်တို့ကို သိရှိစေရန်၊ ကဗျာများမှရရှိသည့် ရသအသိအမြင်များမှတစ်ဆင့် မြန်မာ့လူ့ဘောင်လောကပတ်ဝန်းကျင်ကို လက်တွေ့အသုံးချ နေထိုင်တတ်လာစေရန်တို့ဖြစ်ပါသည်။

 

ကျောက်စာစာပေ

Module No. မ ၆၁၄ (စာ)

ပထမနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ် မြန်မာကျောက်စာများဟူ၍ ကဏ္ဍသုံးရပ် ပါဝင်ပါသည်။ ပုဂံကျောက်စာ များတွင် ခေတ်ဦး၊ ခေတ်လယ်၊ ခေတ်နှောင်း ကျောက်စာများကိုလည်းကောင်း၊ ပင်းယခေတ်ကျောက်စာတွင် ကျောက်စာ(၇)ချပ်ကို လည်းကောင်း၊ အင်းဝခေတ်ကျောက်စာတွင် ကျောက်စာ(၇)ချပ်ကိုလည်းကောင်း လေ့လာရပါမည်။ ထိုသို့လေ့လာရာတွင် အကြောင်းအရာပိုင်း၊ အရေးအသားပိုင်း ခေတ်အလိုက်နှိုင်းယှဉ်၍လည်းကောင်း၊ ခေတ်အလိုက် ခြုံငုံ၍လည်းကောင်း အကြောင်းအရာနှင့် အရေးအသားများကို ဝေဖန်ဆန်းစစ်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ် မြန်မာကျောက်စာများသည် အလှူမှတ်တမ်းများသာမက အကြောင်းအရာနယ်ပယ်ကျယ်ပြန့်လာပုံကို သိရှိစေရန်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ် ကျောက်စာများသည် တစ်ခေတ်မှ တစ်ခေတ် အရေးအသားတိုးတက်ပြောင်းလဲလာပုံကို သိရှိစေရန်၊ ထိုကျောက်စာများသည် ထိုခေတ်၏လူမှုရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ သာသနာရေး  သိမှတ်ဖွယ်ရာများသိရှိနိုင်ပုံကို သိရှိစေရန်၊ အရေးအသားပိုင်းတွင် စကားပြေရေးဟန်၊ စကားအသုံးအနှုန်း၊ ဝါကျ၊ သဒ္ဒါဆိုင်ရာများကို နှိုင်းယှဉ်သုံးသပ်နိုင်စေရန်၊ ကျောက်စာ၏ အခန်းကဏ္ဍသည် ဘာသာစကားဖွံ့ဖြိုးတိုးတက်စေရေးတွင် မည်မျှအရေးပါပုံကို သိရှိစေရန်၊ ဤကျောက်စာများကို လေ့လာခြင်းဖြင့် ရသအသိအမြင်မှတစ်ဆင့် မြန်မာတို့၏ စေတနာသဒ္ဓါတရား၊ ကုသိုလ်စိတ်၊ သူတစ်ပါးအပေါ် စေတနာထားနိုင်ပုံ၊ ကိုယ်ကျင့်တရား ကောင်းမွန်လာစေနိုင်ပုံတို့ကို လက်တွေ့ဘဝတွင် အသုံးချတတ် စေရန် ဖြစ်ပါသည်။

 


 

ဒုတိယနှစ်ဝက်ပညာသင်ကာလ

 

Module No

Name of Module

Credit Points

Hours per week

Lecture

Tutorial

မ ၆၂၁ (စာ)

ရသစကားပြေ

4

4

2

မ ၆၂၂ (စာ)

သုတစကားပြေ

4

4

2

မ ၆၂၃ (စာ)

ကဗျာ

4

4

2

မ ၆၂၄ (စာ)

စာပေရေးဟန်

4

4

2

 

Total

16

16

8

Total credit – 16pts

Total hrs - 24

 

Core Courses

မ ၆၂၁ (စာ) (၄)        ရသစကားပြေ

မ ၆၂၂ (စာ) (၄)         သုတစကားပြေ

မ ၆၂၃ (စာ) (၄)        ကဗျာ

မ ၆၂၄ (စာ) (၄)        စာပေရေးဟန်

 

ရသစကားပြေ

Module No. မ ၆၂၁ (စာ)

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ရသစကားပြေဖြစ်သော ဝတ္ထုတို၊ ဝတ္ထုရှည်၊ ခေတ်သစ်ပြဇာတ်နှင့် နန်းတွင်းဇာတ်တော်ကြီးများဟူ၍ ကဏ္ဍလေးရပ် ပါဝင်ပါသည်။ ဝတ္ထုတိုတွင် လွတ်လပ်ရေးခေတ် (၁၉၆၂-ယနေ့ထိ) ဝတ္ထုတို(ရွေးချယ်ချက်)များ၊ ဝတ္ထုရှည်တွင် လွတ်လပ်ရေးခေတ် (၁၉၆၂-ယနေ့ထိ) ဝတ္ထုရှည် (ရွေးချယ်ချက်) များကိုလည်းကောင်း၊ ခေတ်သစ်ပြဇာတ် (ရွေးချယ်ချက်) ကိုလည်းကောင်း၊ နန်းတွင်းဇာတ်တော်ကြီးများ တွင် ကုန်းဘောင်ခေတ် နန်းတွင်းဇာတ်တော်ကြီး(၂)ပုဒ်ကိုလည်းကောင်း လေ့လာရပါမည်။ ဝတ္ထုတိုနှင့် ဝတ္ထုရှည်ကိုလေ့လာရာတွင် ဝတ္ထုပါအကြောင်းအရာများကို ဝတ္ထုတိုသဘောသဘာဝ၊ ဝတ္ထုတိုသဘောတရား၊ ဝတ္ထုတိုအတတ်ပညာ၊ ဝတ္ထုရှည်၏သဘောသဘာဝ၊ ဝတ္ထုရှည်သဘောတရား၊ ဝတ္ထုရှည်အတတ်ပညာတို့နှင့်လည်းကောင်း၊ ခေတ်သစ်ပြဇာတ် လေ့လာရာတွင် ခေတ်သစ်ပြဇာတ်၏သဘောသဘာဝ၊ ပြဇာတ်အတတ်ပညာများနှင့် ချိန်ထိုး၍လည်းကောင်း ချဉ်းကပ်လေ့လာရပါမည်။ နန်းတွင်းဇာတ်တော်ကြီးကို လေ့လာရာတွင် နန်းတွင်း ဇာတ်တော်ကြီးများ၏ ဖန်တီးမှုအတတ်ပညာနှင့် ချဉ်းကပ်လေ့လာရမည် ဖြစ်ပါ သည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ဝတ္ထုတို၊ ဝတ္ထုရှည်၏သဘောသဘာဝ၊ ဝတ္ထုတိုနှင့် ဝတ္ထုရှည်တို့၏ ကွာခြားမှုအတတ်ပညာတို့ကို သိရှိစေရန်၊ ဝတ္ထုတို၊ ဝတ္ထုရှည်များကို အကြောင်းအရာနှင့်လိုက်ဖက်စွာ မည်သည့်အတတ်ပညာဖြင့် ဖန်တီးပုံဖော်ထားသည်ကို သိရှိစေရန်၊ ခေတ်သစ်ပြဇာတ်၏သဘောသဘာဝ၊ ခေတ်သစ်ပြဇာတ်များကို အကြောင်းအရာနှင့်လိုက်ဖက်စွာ မည်သို့သော အတတ်ပညာများဖြင့် ဖန်တီးရေးဖွဲ့သည်ကို သိရှိစေရန်၊ ခေတ်သစ်ပြဇာတ်များသည် မြန်မာစာပေတွင် မည်သည့်အတွက် နေရာယူနိုင်ခြင်းကို သတိပြုမိစေရန်၊ ခေတ်၏လိုအပ်ချက်အရ ပြဇာတ်စာပေသည် ဝါဒဖြန့်ချိရေးလက်နက် ဖြစ်သည့်အား‌လျော်စွာ ခေတ်၏လိုအပ်ချက်အရ ပြဇာတ်စာပေသည် တစ်ထောင့်တစ်နေရာမှ အရေးပါပုံကိုသိရှိစေရန်၊ နန်းတွင်းဇာတ်တော်ကြီးများတွင် အကြောင်းအရာနှင့် လိုက်ဖက်အောင် မည်သို့ဖန်တီး  ရေးဖွဲ့သည်ကို သိရှိစေရန်၊ ဝတ္ထုနှင့် နန်းတွင်းဇာတ်တို့၏ ရေးဖွဲ့ဖန်တီးမှုအတတ်ပညာ တူညီမှု၊ ကွဲပြားခြားနားမှု များကို သိရှိစေရန်၊ နန်းတွင်းဇာတ်တော်ကြီးများသည် မြန်မာမှုအသွယ်သွယ်ကို ထိန်းသိမ်းစေနိုင်သည့် စာပေတစ်ရပ်ဖြစ်ပုံကို သိရှိစေရန်၊ ထိုရသစာပေ  များမှတစ်ဆင့် ရရှိလာသည့် ဘဝအသိအမြင်များကို လူ့ဘောင်လောကပတ်ဝန်းကျင်တွင် ပြန်လည် အသုံးချတတ်စေရန်တို့ ဖြစ်ပါသည်။

 

သုတစကားပြေ

Module No. မ ၆၂၂ (စာ)

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် သုတစကားပြေဖြစ်သော စာပေသဘောတရား၊ စာပေဝေဖန်ရေးအမျိုးအစားများ၊ အဇတ္တ (အတွင်း)လေ့လာမှု၊ ဗဟိန္ဓ(အပြင်) လေ့လာမှုတို့ ပါဝင်ပါသည်။ စာပေသဘောတရားတွင် ကမ္ဘာ့စာပေသဘောတရားကိုလည်းကောင်း၊ စာပေဝေဖန်ရေးတွင် စာပေဝေဖန်ရေးအစဉ်အလာ၊ ဝေဖန်ရေးဆရာနှင့် ဝေဖန်ရေးစံများကိုလည်းကောင်း၊ စာပေဝေဖန်ရေး အမျိုးအစားများတွင် စည်းမျဉ်းချ ဝေဖန်ရေး၊ အဆက်အစပ်ပြုဝေဖန်ရေး၊ စိတ်ပိုင်းဘဝအခြေပြုဝေဖန်ရေး၊ ခံစားမှုအခြေပြုဝေဖန်ရေးများကို လည်းကောင်း၊ အဇတ္တ (အတွင်း)လေ့လာမှုတွင် စာပေဖွဲ့စည်းပုံနှင့် ရေးဟန်သဘောများကိုလည်းကောင်း၊ ဗဟိန္ဓ(အပြင်)လေ့လာမှုတွင် စာပေနှင့်စာဆို့ဘဝ၊ စာပေနှင့် လူ့အဖွဲ့အစည်း၊ စာပေနှင့်စိတ်၊ စာပေနှင့် အခြားအနုပညာများကိုလည်းကောင်း ဦးတည်လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

          ဤသင်ရိုးကိုလေ့လာခြင်းဖြင့် ရှေးခေတ်မှ မျက်မှောက်ခေတ် (မော်ဒန်ဝါဒ)အထိ ပေါ်ပေါက်ခဲ့သော ကမ္ဘာ့စာပေသဘောတရား များကို လေ့လာမှတ်သား သိရှိမည်။ မြန်မာစာပေ ဝေဖန်ရေးဆရာများနှင့် ၎င်းတို့၏ဝေဖန်ရေးနှုန်းစံများကို လေ့လာသိရှိရမည်။ စာပေ ဝေဖန်ရေးအမျိုးအစားများတွင် ဂန္ထဝင်ခေတ် စည်းမျဉ်းချဝေဖန်ရေးမှ မျက်မှောက်ခေတ် ဝေဖန်ရေးသစ်အထိ ကွဲပြားသော ဝေဖန်ရေး အမျိုးအစားများကို လေ့လာသိရှိရမည်။ စာပေလေ့လာမှုတွင် စာပေ၏ဖွဲ့စည်းပုံပိုင်းကို လေ့လာသော အတွင်းလေ့လာမှုနှင့် စာပေနှင့် ဆက်စပ်သည့် ပြင်ပအခန်းကဏ္ဍများကို ယှဉ်တွဲလေ့လာသော အပြင်လေ့လာမှုတို့ကို နားလည်သိရှိရမည်။

 

ကဗျာ

Module No. မ ၆၂၃ (စာ)

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် ကဗျာကဏ္ဍအဖြစ် မန္တလေးခေတ်က‌ဗျာများ၊ ကိုလိုနီခေတ်က‌ဗျာများ(၁၈၈၅-၁၉၄၇)၊ လွတ်လပ်ရေးခေတ် ကဗျာများ(၁၉၄၈-၁၉၆၁)နှင့် ခေတ်ကဗျာကဏ္ဍ(၁၉၇၀-၁၉၈၀)တို့ ပါဝင်ပါသည်။ မန္တလေးခေတ်ကဗျာတွင် ဦးပုည၊ အချုပ်တန်း ဆရာဖေ၏ တေးထပ်များကိုလည်းကောင်း၊ ကိုလိုနီခေတ်ကဗျာတွင် ပါတော်မူကဗျာများနှင့် ခေတ်စမ်းစာဆိုများ၏ ခေတ်စမ်းကဗျာများကို ရွေးချယ်၍ လည်းကောင်း၊ လွတ်လပ်ရေးခေတ်ကဗျာတွင် စာဆိုအချို့၏ကဗျာများကို ရွေးချယ်၍လည်းကောင်း၊ ခေတ်ကဗျာကဏ္ဍတွင် ဇာတ်လမ်းကဗျာ၊ ခေတ်ကဗျာဆရာအချို့၏ ကဗျာများကိုလည်းကောင်း လေ့လာရပါမည်။ လေ့လာရာတွင် ကဗျာပုံစံအမျိုးအစားအလိုက် ရွေးချယ်သော အကြောင်းအရာများနှင့် လိုက်ဖက်မှုရှိ မရှိ၊ ကဗျာစာဆို အသီးသီး၏ ကဗျာရေးဖွဲ့မှု အတတ်ပညာများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာရမည် ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကို လေ့လာခြင်းဖြင့် ကဗျာ့သမိုင်းကို သိရှိစေရန်၊ ခေတ်အလိုက်ပေါ်ထွန်းသောကဗျာကို တစ်စေ့တစ်စောင်း အကဲခတ်နိုင်ရန်၊ ထိုခေတ်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး စသည်ဖြင့် ကဗျာများမှ ဖော်ညွှန်းနိုင်သည်ကို သိရှိစေရန်၊ ခေတ်အလိုက် ပေါ်ထွန်းလာသောကဗျာများမှ စာဆိုတို့၏ ရေးဖွဲ့မှုအတတ်ပညာကို သိရှိစေရန်၊ ပါတော်မူခေတ်ကဗျာများနှင့် ကိုလိုနီခေတ်ကဗျာများသည် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးအတွက် မည်မျှအကျိုးပြုနိုင်သည်ကို သိရှိစေရန်၊ ခေတ်ကဗျာများသည် ရှေးရိုး  အကြောင်းအရာတို့မှ ခွဲထွက်လာပြီး အကြောင်းအရာနယ်ပယ်ကျယ်ပြန့်ကာ အတွေးကိုဦးစားပေး၍ ရေးဖွဲ့ပုံကို သိရှိစေရန်၊ ကဗျာများလာ ရသအသိအမြင်မှတစ်ဆင့် ဘဝအသိအမြင်သို့ ကူးပြောင်းကာ မည်သည့်နယ်ပယ်တွင်ဖြစ်စေ စာပေပေးသောအသိဖြင့် လက်တွေ့အသုံးချ တတ်စရန်တို့ဖြစ်ပါသည်။

 

စာပေရေးဟန်

Module No. မ ၆၂၄ (စာ)

ဒုတိယနှစ်ဝက်ပညာသင်ကာလ

Course Description

ဤသင်ရိုးတွင် စာပေရေးဟန်ကဏ္ဍကို လေ့လာရမည်ဖြစ်ပါသည်၊ ရေးဟန်တွင် ရေးဟန်၏သဘော၊ ရေးဟန်၏   သွင်ပြင် လက္ခဏာများ၊ ရေးဟန်ကွဲပြားပုံများ၊ စကားသုံးနှုန်းဟန်၊ ဝါကျဖွဲ့ဟန်၊ အဆင်တန်ဆာသုံးဟန်၊ နရီ၊ စည်းဝါး၊ လေသံနှင့် အဆက်အစပ်(စာပုဒ်အတွင်း စကားလုံး၊ ဝါကျတို့ ဆက်စပ်ပုံ၊ စာရေးသူ၊ စာ၊ စာဖတ်သူတို့ ဆက်စပ်ပုံ) တို့ကို လေ့လာရမည်ဖြစ်ပါသည်။

 

Learning Outcomes

ဤသင်ရိုးကိုလေ့လာခြင်းဖြင့် စာပေအဖွဲ့များမှ စာဆို၏သွင်ပြင်ဟုဆိုနိုင်သောရေးဟန်သဘောများကို သိရှိနိုင်မည်။ ရေးဟန် ကွဲပြားမှုများဖြစ်သည့် အနက်ပြစကား၊ ဥပစာစကား၊ ဓလေ့သုံးစကား စသည်ဖြင့် စကားသုံးနှုန်းဟန်များကိုလည်းကောင်း၊ ဝါကျတို၊ ဝါကျရှည်၊ အပြိုင်ဝါကျ စသည့် ဝါကျဖွဲ့ဟန်များကိုလည်းကောင်း၊ အဆင်တန်ဆာသုံးဟန်၊ နရီစည်းဝါးသုံးဟန်တို့ကိုလည်းကောင်း နားလည်တတ်ကျွမ်း  လာမည်။ စာတစ်ပုဒ်အတွင်း၌ စကားလုံး၊ ဝါကျ၊ အနက်အဓိပ္ပာယ်တို့အပြန်အလှန်ဆက်စပ်ပုံကိုလည်း သိရှိ နားလည်လာမည်။

[မဟာဝိဇ္ဇာဒုတိယနှစ် (မြန်မာစာ) - ကျမ်းပြုရန်]